လီဗာပူးကွင်းလယ်လူဟောင်း မက်မန်နာမန်းက ကလပ်ရဲ့ နာမည်ကျော် ကြယ်ပွင့်တစ်ဦးဖြစ်တဲ့ ကာတစ်ဂျုံးနဲ့ ပတ်သက်လို့ ထောက်ခံ ပြောဆိုမှုတွေ လုပ်သွားခဲ့ပါတယ်။

ထရန့်နောက်ပိုင်း အကောင်းဆုံး အကယ်ဒမီထွက် ကစားသမားဟာ သူ့ရဲ့ အခွင့်အရေးတွေကို အရမယူနိုင်ဘဲ အယ်လီးယော့ထံ ပွဲကစားခွင့်တွေ လွဲပြောင်းပေးထားရပါတယ်။ ဒါပေမယ့်လို့ မက်မန်နာမန်းက အသက် ၂၀ အရွယ် ကွင်းလယ်လူအပေါ် ယုံကြည်မှုတွေ ရှိနေပြီး ပိုမို တိုးတက်အောင် ကစားဖို့တိုက်တွန်းခဲ့သလို သူ့ကို ပွဲထွက်ခွင့်ပေးဖို့လည်း ကလပ်ကို တောင်းဆိုလိုက်ပါတယ်။

မက်မန်နာမန်းက ” အခြားသော ကစားသမားတွေလိုပဲ ကာတစ်ဂျုံးကလည်း ပွဲကစားခွင့်တွေရဖို့ လိုပါတယ်။ ထရန့်က ရပ်တန့်ခြင်း မရှိသလို သူ့ရဲ့ လမ်းကြောင်းက ၁၆ နှစ် ၁၇ နှစ်သားကနေစပြီး ယူ-၁၈၊ ယူ-၂၃ နဲ့ စီနီယာအဆင့်ကို တောက်လျှောက်ပဲ တိုးမြှင့် တက်လှမ်းသွားခဲ့တာဖြစ်တယ်။

ကာတစ်ကလည်း တူညီစွာပဲ လုပ်ထားနိုင်တယ်။ ယူ-၁၈ မှာဆို သူက စူပါစတားတစ်ယောက်ပဲ။ ယူ-၂၃ မှာလည်း ဂိုးသွင်းအများဆုံး ကစားသမားနဲ့ အကောင်းဆုံး ကစားသမားဖြစ်ခဲ့တယ်။ ယူ-၂၃ မှာ သိပ်ကောင်းလွန်းနေခဲ့တာကြောင့် သူက စီနီယာအသင်းထံ တိုးမြှင့် ရောက်ရှိလာခဲ့တယ်။

သူ ဆက်လုပ်နိုင်ဖို့ လိုပါတယ်။ ဆက်ပြီး တိုးတက်လာဖို့ သူ့ရဲ့ ပွဲတွေမှာ တိုးတက်မှုတွေ ပြသဖို့ လိုပါတယ်။ တိုက်စစ်ကို ပိုမို လိုက်ပါတဲ့ ပုံစံဖြင့် သူကစားနိုင်ဖို့ လိုပါတယ်။ ကျနော်ကတော့ သူ့ကို အဲ့နေရာအတွက် မြင်ပါတယ်။ သူက ပြိုင်ဘက်တွေကို ခပ်လွယ်လွယ် ရင်ဆိုင်နိုင်စွမ်းရှိပြီး သူထံကနေ ပိုပြီး မြင်လိုပါတယ်။

ဒါပေမယ့် သူ ဆက်ပြီး တိုးတက်လာဖို့ လိုပါတယ်။ ဘာလို့လည်းဆိုတော့ သူက ဆာလာ၊ မာနေး၊ ဟန်ဒါဆန်၊ ဖာဘင်ညို၊ သီယာဂိုတို့လို ထိပ်တန်း ကစားသမားတွေနဲ့ တွဲကစားရမှာပါ။ အဲ့လို တွဲကစားနိုင်ဖို့ သူက လုံလောက်အောင် ကောင်းရဲ့လားဆိုရင် သိပ်ကောင်းတာပေါ့ဗျာ ” လို့ မှတ်ချက်ပေးလိုက်တာဖြစ်ပါတယ်။

ကာတစ်ဂျုံးဟာ လူငယ်အဆင့်မှာ တောက်လျှောက် ထင်ပေါ်ခဲ့သလို မနှစ်ကရာသီမှာလည်း ပွဲကစားခွင့်တွေ အတော်လေး ရလာခဲ့တာပါ။ သူဟာ ဒီရာသီမှာတော့ ရာသီကြိုမှာ ထိခိုက်မှု ဖြစ်ခဲ့ခြင်းကြောင့် ပရီးမီးယားလိဂ် အဖွင့်ပွဲ ၃ ပွဲမှာ ပါဝင်ကစားခွင့် မရသေးတာပဲဖြစ်ပါတယ်။

ZAWGYI

လီဗာပူးကြင္းလယ္လူေဟာင္း မက္မန္နာမန္းက ကလပ္ရဲ႕ နာမည္ေက်ာ္ ၾကယ္ပြင့္တစ္ဦးျဖစ္တဲ့ ကာတစ္ဂ်ံဳးနဲ႔ ပတ္သက္လို႔ ေထာက္ခံ ေျပာဆိုမႈေတြ လုပ္သြားခဲ့ပါတယ္။

ထရန္႔ေနာက္ပိုင္း အေကာင္းဆံုး အကယ္ဒမီထြက္ ကစားသမားဟာ သူ႔ရဲ႕ အခြင့္အေရးေတြကို အရမယူႏုိင္ဘဲ အယ္လီးေယာ့ထံ ပြဲကစားခြင့္ေတြ လြဲေျပာင္းေပးထားရပါတယ္။ ဒါေပမယ့္လို႔ မက္မန္နာမန္းက အသက္ ၂၀ အရြယ္ ကြင္းလယ္လူအေပၚ ယံုၾကည္မႈေတြ ရွိေနျပီး ပိုမို တိုးတက္ေအာင္ ကစားဖို႔တိုက္တြန္းခဲ့သလို သူ႔ကို ပြဲထြက္ခြင့္ေပးဖို႔လည္း ကလပ္ကို ေတာင္းဆိုလိုက္ပါတယ္။

မက္မန္နာမန္းက ” အျခားေသာ ကစားသမားေတြလိုပဲ ကာတစ္ဂ်ံဳးကလည္း ပြဲကစားခြင့္ေတြရဖို႔ လိုပါတယ္။ ထရန္႔က ရပ္တန္႔ျခင္း မရွိသလို သူ႔ရဲ႕ လမ္းေၾကာင္းက ၁၆ ႏွစ္ ၁၇ ႏွစ္သားကေနစျပီး ယူ-၁၈၊ ယူ-၂၃ နဲ႔ စီနီယာအဆင့္ကို ေတာက္ေလွ်ာက္ပဲ တိုးျမွင့္ တက္လွမ္းသြားခဲ့တာျဖစ္တယ္။

ကာတစ္ကလည္း တူညီစြာပဲ လုပ္ထားႏုိင္တယ္။ ယူ-၁၈ မွာဆို သူက စူပါစတားတစ္ေယာက္ပဲ။ ယူ-၂၃ မွာလည္း ဂိုးသြင္းအမ်ားဆံုး ကစားသမားနဲ႔ အေကာင္းဆံုး ကစားသမားျဖစ္ခဲ့တယ္။ ယူ-၂၃ မွာ သိပ္ေကာင္းလြန္းေနခဲ့တာေၾကာင့္ သူက စီနီယာအသင္းထံ တိုးျမွင့္ ေရာက္ရွိလာခဲ့တယ္။

သူ ဆက္လုပ္ႏုိင္ဖို႔ လိုပါတယ္။ ဆက္ျပီး တိုးတက္လာဖို႔ သူ႔ရဲ႕ ပြဲေတြမွာ တိုးတက္မႈေတြ ျပသဖို႔ လိုပါတယ္။ တိုက္စစ္ကို ပိုမို လိုက္ပါတဲ့ ပံုစံျဖင့္ သူကစားႏုိင္ဖို႔ လိုပါတယ္။ က်ေနာ္ကေတာ့ သူ႔ကို အဲ့ေနရာအတြက္ ျမင္ပါတယ္။ သူက ျပိဳင္ဘက္ေတြကို ခပ္လြယ္လြယ္ ရင္ဆိုင္ႏုိင္စြမ္းရွိျပီး သူထံကေန ပိုျပီး ျမင္လိုပါတယ္။

ဒါေပမယ့္ သူ ဆက္ျပီး တိုးတက္လာဖို႔ လိုပါတယ္။ ဘာလို႔လည္းဆိုေတာ့ သူက ဆာလာ၊ မာေနး၊ ဟန္ဒါဆန္၊ ဖာဘင္ညိဳ၊ သီယာဂိုတို႔လို ထိပ္တန္း ကစားသမားေတြနဲ႔ တြဲကစားရမွာပါ။ အဲ့လို တြဲကစားႏိုင္ဖို႔ သူက လံုေလာက္ေအာင္ ေကာင္းရဲ႕လားဆိုရင္ သိပ္ေကာင္းတာေပါ့ဗ်ာ ” လို႔ မွတ္ခ်က္ေပးလိုက္တာျဖစ္ပါတယ္။

ကာတစ္ဂ်ံဳးဟာ လူငယ္အဆင့္မွာ ေတာက္ေလွ်ာက္ ထင္ေပၚခဲ့သလို မႏွစ္ကရာသီမွာလည္း ပြဲကစားခြင့္ေတြ အေတာ္ေလး ရလာခဲ့တာပါ။ သူဟာ ဒီရာသီမွာေတာ့ ရာသီၾကိဳမွာ ထိခိုက္မႈ ျဖစ္ခဲ့ျခင္းေၾကာင့္ ပရီးမီးယားလိဂ္ အဖြင့္ပြဲ ၃ ပြဲမွာ ပါဝင္ကစားခြင့္ မရေသးတာပဲျဖစ္ပါတယ္။