အသက် ၁၉ နှစ်အရွယ် ခံစစ်သမား ဟိုဗာက လီဗာပူးကနေ ပြောင်းရွှေ့ခဲ့ပြီးနောက် ဝုဗ်မှာ သူရနေတဲ့ ပွဲကစားခွင့်တွေအပေါ် ကျေနပ်တဲ့ သဘော ထုတ်ပြောလာပါတယ်။

ဟိုဗာဟာ ဝုဗ်မှာ ပွဲပေါင်း ၁၇ ပွဲ ကစားခွင့်ရခဲ့ပြီး ဒါဟာ လီဗာပူးအသင်းမှာ သူကစားခဲ့ရတာထက် ၁၃ ပွဲ ပိုများပါတယ်။ နယ်သာလန်သား ခံစစ်သမားက အရန်လူစာရင်းမှာလည်း ၂၄ ပွဲ ပါဝင်ခွင့်ရခဲ့သေးတာဖြစ်တယ်။ လီဗာပူးကနေ ပြောင်းရွှေ့ခဲ့ချိန်မှာ အဲ့သည်လောက် အခွင့်အရေး ဒီလောက်ထိ ရမယ်လို့ သူ မမျှော်လင့်ခဲ့ပါဘူး။

ဒီရာသီအတွက် သူ့ရဲ့ ပထမဆုံး ပရီးမီးယားလိဂ်ပွဲကိုတော့ လက်စတာနဲ့ ယှဉ်ပြိုုင်ကစားတဲ့ ဘောလုံးရာသီ အဖွင့်ပွဲမှာ ဟိုဗာ ကစားခွင့်ရခဲ့တာဖြစ်ပါတယ်။

ဟိုဗာက “ ဝုဗ်နဲ့ လက်မှတ်ထိုးလိုက်တုန်းက ဒီလိုတွေ အခွင့်အရေးရဖို့ ကျနော် မမျှော်လင့်ခဲ့ပါဘူး။ ကျနော်ဟာ အေးဂျက် ယူ-၁၇ မှာ ပွဲတွေကို ကစားခဲ့ရပြီး ခပ်မြန်မြန်ပဲ နောက်ထပ် အဆင့်တွေကို တိုးမြှင့်ရောက်ရှိခဲ့တယ်။ ဒါပေမယ့်လို့ အဲ့နောက်ပိုင်းမှာတော့ စီနီယာအဆင့်ကို ခပ်မြန်မြန် မတက်နိုင်တော့တာဟာ ခက်ခဲခဲ့ပါတယ်။ ” လို့ ဆိုပါတယ်။

လီဗာပူးအသင်းမှာ အသက် ၁၆ နှစ် အရွယ်နဲ့တင် ပွဲထွက်ကစားခဲ့တဲ့ ဟိုဗာက ကလပ်သမိုင်းမှာ အသက်အငယ်ဆုံး ကစားသမားတွေထဲက တစ်ဦးလည်းဖြစ်ပါတယ်။ အဲ့နောက်ပိုင်းမှာတော့ ဖလားပွဲ ၃ ပွဲမှာပဲ သူပါဝင်ခွင့်ရခဲ့တာဖြစ်တယ်။ လွန်ခဲ့တဲ့ လပေါင်း ၂၀ ခန့်ကပဲ သူဟာ ၂၀၁၈ မှာ အေးဂျက်ကို စွန့်လွှတ်ခဲ့သလိုပဲ လီဗာပူးကို စွန့်ခွာပြီး အသင်းသစ်ထံ ကူးပြောင်းခဲ့ပါတယ်။

ဟိုဗာက “ ကျနော်အတွက် သိပ်နှေးခဲ့ပါတယ်။ ကျနော်က စီနီယာအသင်းကို ရောက်လိုတာ မဟုတ်ဘဲ အေဂျက်မှာတုန်းက ယူ-၁၉ အသင်းထံ ခပ်မြန်မြန်လေး ရောက်လိုခဲ့တာပါ။ ဒါပေမယ့် မရောက်ခဲ့ရဘူး။ အေဂျက်က စာချုပ်သစ်ပေးတာကို အံ့သြမိပေမယ့် ကျနော် အသိအမှတ်ပြု ခံရသင့်သလောက် အဲ့မှာ မရခဲ့ဘူးလို့ ထင်ပါတယ်။

လီဗာပူးကို ရောက်ရှိပြီး ၆ လ အကြာမှာ ပွဲထွက်ကစားပေးမှုကို လုပ်ပေးခဲ့ရတာကြောင့် အေဂျက် ယူ-၁၉ အသင်းအတွက် ကစားပေးဖို့လည်း အဆင်သင့်ဖြစ်နေမှာပဲလို့ ထင်ခဲ့ပါတယ် ” ဆိုပြီး ပြောဆိုသွားပါတယ်။

ZAWGYI

အသက္ ၁၉ ႏွစ္အရြယ္ ခံစစ္သမား ဟိုဗာက လီဗာပူးကေန ေျပာင္းေရႊ႔ခဲ့ျပီးေနာက္ ဝုဗ္မွာ သူရေနတဲ့ ပြဲကစားခြင့္ေတြအေပၚ ေက်နပ္တဲ့ သေဘာ ထုတ္ေျပာလာပါတယ္။

ဟိုဗာဟာ ဝုဗ္မွာ ပြဲေပါင္း ၁၇ ပြဲ ကစားခြင့္ရခဲ့ျပီး ဒါဟာ လီဗာပူးအသင္းမွာ သူကစားခဲ့ရတာထက္ ၁၃ ပြဲ ပိုမ်ားပါတယ္။ နယ္သာလန္သား ခံစစ္သမားက အရန္လူစာရင္းမွာလည္း ၂၄ ပြဲ ပါဝင္ခြင့္ရခဲ့ေသးတာျဖစ္တယ္။ လီဗာပူးကေန ေျပာင္းေရႊ႔ခဲ့ခ်ိန္မွာ အဲ့သည္ေလာက္ အခြင့္အေရး ဒီေလာက္ထိ ရမယ္လို႔ သူ မေမွ်ာ္လင့္ခဲ့ပါဘူး။

ဒီရာသီအတြက္ သူ႔ရဲ႕ ပထမဆံုး ပရီးမီးယားလိဂ္ပြဲကိုေတာ့ လက္စတာနဲ႔ ယွဥ္ျပိဳဳင္ကစားတဲ့ ေဘာလံုးရာသီ အဖြင့္ပြဲမွာ ဟိုဗာ ကစားခြင့္ရခဲ့တာျဖစ္ပါတယ္။

ဟိုဗာက “ ဝုဗ္နဲ႔ လက္မွတ္ထိုးလိုက္တုန္းက ဒီလိုေတြ အခြင့္အေရးရဖို႔ က်ေနာ္ မေမွ်ာ္လင့္ခဲ့ပါဘူး။ က်ေနာ္ဟာ ေအးဂ်က္ ယူ-၁၇ မွာ ပြဲေတြကို ကစားခဲ့ရျပီး ခပ္ျမန္ျမန္ပဲ ေနာက္ထပ္ အဆင့္ေတြကို တိုးျမွင့္ေရာက္ရွိခဲ့တယ္။ ဒါေပမယ့္လို႔ အဲ့ေနာက္ပိုင္းမွာေတာ့ စီနီယာအဆင့္ကို ခပ္ျမန္ျမန္ မတက္ႏုိင္ေတာ့တာဟာ ခက္ခဲခဲ့ပါတယ္။ ” လို႔ ဆိုပါတယ္။

လီဗာပူးအသင္းမွာ အသက္ ၁၆ ႏွစ္ အရြယ္နဲ႔တင္ ပြဲထြက္ကစားခဲ့တဲ့ ဟိုဗာက ကလပ္သမိုင္းမွာ အသက္အငယ္ဆံုး ကစားသမားေတြထဲက တစ္ဦးလည္းျဖစ္ပါတယ္။ အဲ့ေနာက္ပိုင္းမွာေတာ့ ဖလားပြဲ ၃ ပြဲမွာပဲ သူပါဝင္ခြင့္ရခဲ့တာျဖစ္တယ္။ လြန္ခဲ့တဲ့ လေပါင္း ၂၀ ခန္႔ကပဲ သူဟာ ၂၀၁၈ မွာ ေအးဂ်က္ကို စြန္႔လႊတ္ခဲ့သလိုပဲ လီဗာပူးကို စြန္႔ခြာျပီး အသင္းသစ္ထံ ကူးေျပာင္းခဲ့ပါတယ္။

ဟိုဗာက “ က်ေနာ္အတြက္ သိပ္ေႏွးခဲ့ပါတယ္။ က်ေနာ္က စီနီယာအသင္းကို ေရာက္လိုတာ မဟုတ္ဘဲ ေအဂ်က္မွာတုန္းက ယူ-၁၉ အသင္းထံ ခပ္ျမန္ျမန္ေလး ေရာက္လိုခဲ့တာပါ။ ဒါေပမယ့္ မေရာက္ခဲ့ရဘူး။ ေအဂ်က္က စာခ်ဳပ္သစ္ေပးတာကို အံ့ၾသမိေပမယ့္ က်ေနာ္ အသိအမွတ္ျပဳ ခံရသင့္သေလာက္ အဲ့မွာ မရခဲ့ဘူးလို႔ ထင္ပါတယ္။

လီဗာပူးကို ေရာက္ရွိျပီး ၆ လ အၾကာမွာ ပြဲထြက္ကစားေပးမႈကို လုပ္ေပးခဲ့ရတာေၾကာင့္ ေအဂ်က္ ယူ-၁၉ အသင္းအတြက္ ကစားေပးဖို႔လည္း အဆင္သင့္ျဖစ္ေနမွာပဲလို႔ ထင္ခဲ့ပါတယ္ ” ဆိုျပီး ေျပာဆိုသြားပါတယ္။