လီဗာပူးအသင်းခေါင်းဆောင်ဟောင်း ရက်နက်က လိဒ်ယူနိုက်တက်ကို အဝေးကွင်းမှာ ၃-၀ ဖြင့် အနိုင်ရတဲ့ လီဗာပူးအသင်း ခြေစွမ်းကို အားရ ကျေနပ်နေပါတယ်။

လီဗာပူးက ဆာလာ၊ ဖာဘင်ညို၊ မာနေးတို့ရဲ့ သွင်းဂိုးတွေဖြင့် ပွဲကို ကောင်းမွန်စွာ အဆုံးသတ်နိုင်ခဲ့တာဖြစ်တယ်။ သို့ပေမယ့်လို့ ကလပ်ရဲ့ အဓိက ကစားသမားအဖြစ် တောက်ပလာနေတဲ့ အယ်လီးယော့ ဒဏ်ရာရသွားတာကတော့ အထိနာခဲ့ပါတယ်။

ရက်နက်ကပဲ လိဒ်ယူနိုက်တက်ဟာ တိုက်စစ်ဖွင့်ကစားလွန်းပြီး ဒါဟာ ကြီး ၆ ကြီး အသင်းတွေကို ရင်ဆိုင်ရာမှာ အထိနာစေမယ့် ကိစ္စဖြစ်တယ်လို့ မှတ်ချက်ပေးလိုက်တယ်။ လီဗာပူးလို အသင်းကို တိုက်စစ်ဖွင့်ကစားရင် ပေးဆပ်မှုတွေ ရှိသွားမယ်လို့လည်း သူက မြင်ပါတယ်။

ပရီးမီးယားလိဂ် အဖွင့်ပွဲ ၄ ပွဲမှာ ၁၀ မှတ်ရထားတဲ့ လီဗာပူးနဲ့ ပတ်သက်လို့ ရက်နက်က ‘ လီဗာပူးက အသင်းလိုက်ကော တစ်ဦးချင်းမှာပါ သိပ်ကောင်းတဲ့အသင်းပါ။ သူတို့က ထူးချွန်လွန်းလှပါတယ်။ လူကပ်ကစားတဲ့ အသင်းတစ်သင်းကို ရင်ဆိုင်ရာမှာ ထိပ်တန်းအဆင့် အရည်အသွေးတွေကို ပြသနိုင်ခဲ့တယ်။

ဒီနေ့ပွဲမှာ သီယာဂိုက သိပ်ကောင်းပါတယ်။ ပထမပိုင်း မိနစ် ၂၀ လောက်မှာ လီဗာပူး ကစားရခက်နေပေမယ့် ဒုတိယပိုင်းမှာတော့ သူတို့ ကစားတာ ထူးချွန်ပါတယ်။ အဲ့ထက်ပိုပြီး ကစားနိုင်ပါသေးတယ် လိဒ်က သူတို့ရဲ့ အဆင့်အတန်းမှာ ရှိမနေခဲ့ပါဘူး။ သူတို့ကို ကြည့်ရတာ ကောင်းပေမယ့် ရံဖန်ရံခါ အပြောင်းအလဲလုပ်ဖို့ လိုပါတယ်။

ဘီရယ်ဆာက ထူးချွန်တဲ့ အလုပ်တွေကို လုပ်ပြထားနိုင်ပေမယ့် အချို့အချိန်တွေမှာ သူတို့က အကောင်းဆုံး မလုပ်နိုင်ပါဘူး။ လိဒ်ယူနိုက်တက်လို ဖွင့်ကစားတဲ့ အတွင်းကို ကစားဖို့ဆိုတာ လီဗာပူးလို အသင်းအတွက်က လွယ်ကူလှပါတယ် ‘ လို့ မှတ်ချက်ပေးခဲ့တာဖြစ်ပါတယ်။

ကလောပ့်ရဲ့အသင်းဟာ ဒီအပတ်မှာ ချန်ပီယံလိဂ်ပွဲအဖြစ် အေစီမီလန်ကို အန်ဖီးကွင်းမှာ ဧည့်ခံရမှာဖြစ်ပြီး နောက်အပတ် ပရီးမီးယားလိဂ်ပွဲအဖြစ် ပဲလေစ့်ကို အိမ်ကွင်းမှာပဲ ဧည့်ခံရမှာဖြစ်ပါတယ်။

ZAWGYI

လီဗာပူးအသင္းေခါင္းေဆာင္ေဟာင္း ရက္နက္က လိဒ္ယူႏုိက္တက္ကို အေဝးကြင္းမွာ ၃-၀ ျဖင့္ အႏုိင္ရတဲ့ လီဗာပူးအသင္း ေျခစြမ္းကို အားရ ေက်နပ္ေနပါတယ္။

လီဗာပူးက ဆာလာ၊ ဖာဘင္ညိဳ၊ မာေနးတို႔ရဲ႕ သြင္းဂိုးေတြျဖင့္ ပြဲကို ေကာင္းမြန္စြာ အဆံုးသတ္ႏုိင္ခဲ့တာျဖစ္တယ္။ သို႔ေပမယ့္လို႔ ကလပ္ရဲ႕ အဓိက ကစားသမားအျဖစ္ ေတာက္ပလာေနတဲ့ အယ္လီးေယာ့ ဒဏ္ရာရသြားတာကေတာ့ အထိနာခဲ့ပါတယ္။

ရက္နက္ကပဲ လိဒ္ယူႏုိက္တက္ဟာ တိုက္စစ္ဖြင့္ကစားလြန္းျပီး ဒါဟာ ၾကီး ၆ ၾကီး အသင္းေတြကို ရင္ဆိုင္ရာမွာ အထိနာေစမယ့္ ကိစၥျဖစ္တယ္လို႔ မွတ္ခ်က္ေပးလိုက္တယ္။ လီဗာပူးလို အသင္းကို တိုက္စစ္ဖြင့္ကစားရင္ ေပးဆပ္မႈေတြ ရွိသြားမယ္လို႔လည္း သူက ျမင္ပါတယ္။

ပရီးမီးယားလိဂ္ အဖြင့္ပြဲ ၄ ပြဲမွာ ၁၀ မွတ္ရထားတဲ့ လီဗာပူးနဲ႔ ပတ္သက္လို႔ ရက္နက္က ‘ လီဗာပူးက အသင္းလိုက္ေကာ တစ္ဦးခ်င္းမွာပါ သိပ္ေကာင္းတဲ့အသင္းပါ။ သူတို႔က ထူးခၽြန္လြန္းလွပါတယ္။ လူကပ္ကစားတဲ့ အသင္းတစ္သင္းကို ရင္ဆိုင္ရာမွာ ထိပ္တန္းအဆင့္ အရည္အေသြးေတြကို ျပသႏုိင္ခဲ့တယ္။

ဒီေန႔ပြဲမွာ သီယာဂိုက သိပ္ေကာင္းပါတယ္။ ပထမပိုင္း မိနစ္ ၂၀ ေလာက္မွာ လီဗာပူး ကစားရခက္ေနေပမယ့္ ဒုတိယပိုင္းမွာေတာ့ သူတို႔ ကစားတာ ထူးခၽြန္ပါတယ္။ အဲ့ထက္ပိုျပီး ကစားႏုိင္ပါေသးတယ္ လိဒ္က သူတို႔ရဲ႕ အဆင့္အတန္းမွာ ရွိမေနခဲ့ပါဘူး။ သူတို႔ကို ၾကည့္ရတာ ေကာင္းေပမယ့္ ရံဖန္ရံခါ အေျပာင္းအလဲလုပ္ဖို႔ လိုပါတယ္။

ဘီရယ္ဆာက ထူးခၽြန္တဲ့ အလုပ္ေတြကို လုပ္ျပထားႏုိင္ေပမယ့္ အခ်ိဳ႔အခ်ိန္ေတြမွာ သူတို႔က အေကာင္းဆံုး မလုပ္ႏုိင္ပါဘူး။ လိဒ္ယူႏုိက္တက္လို ဖြင့္ကစားတဲ့ အတြင္းကို ကစားဖို႔ဆိုတာ လီဗာပူးလို အသင္းအတြက္က လြယ္ကူလွပါတယ္ ‘ လို႔ မွတ္ခ်က္ေပးခဲ့တာျဖစ္ပါတယ္။

ကေလာပ့္ရဲ႕အသင္းဟာ ဒီအပတ္မွာ ခ်န္ပီယံလိဂ္ပြဲအျဖစ္ ေအစီမီလန္ကို အန္ဖီးကြင္းမွာ ဧည့္ခံရမွာျဖစ္ျပီး ေနာက္အပတ္ ပရီးမီးယားလိဂ္ပြဲအျဖစ္ ပဲေလစ့္ကို အိမ္ကြင္းမွာပဲ ဧည့္ခံရမွာျဖစ္ပါတယ္။