ဂယ်ရီနဗီးက ဒီရာသီ ပရီးမီးယားလိဂ်ဖလားကို စိန်ခေါ်မယ့်အသင်းတွေထဲ လီဗာပူးကိုလည်း ထည့်သွင်းဖို့နဲ့ ဆာလာဟာ သွင်းဂိုးတွေရယူဖို့ ဆာလောင်နေသူဖြစ်ကြောင်း မှတ်ချက်စကားတွေ ပြောဆိုခဲ့ပါတယ်။

ယူနိုက်တက်ခံစစ်မှူးဟောင်းဟာ ဗြိတိန်ရဲ့ နာမည်ကျော် သတင်းဌာနဖြစ်တဲ့ စကိုင်းစပေါ့ အပါအဝင် ပရိုဂရမ် အတော်များများမှာ သုံးသပ်သူအဖြစ် အလုပ်လုပ်နေတာပါ။ သူကပဲ ပရီးမီးယားလိဂ် သွင်းဂိုး ၁၀၀ ပြည့်သွားတဲ့ ဆာလာရဲ့ ထူးချွန်းမှုတွေကို ချီးကျူးသွားခဲ့ပါတယ်။

နဗီးက “ ကျနေ်ာတို့က ရော်နယ်ဒိုဟာ ဂိုးတွေ သွင်းကိုသွင်းဖို့ဆိုတဲ့ စိတ်ထားရှိသူလို့ ပြောနေကြပေမယ့် အဲ့တာမျိုးကို ဆာလာကလည်း လုပ်ပြနေပါတယ်။ ဆာလာက ဂိုးသွင်းမယ်ဆိုတဲ့ ခံယူချက်ရှိသူပါ။ သူက ဂိုးရယူဖို့မှာ ဖာမင်နို၊ မာနေးတို့ထက် ပိုစိတ်ပိုင်းဖြတ်ထားသူဖြစ်တယ်။ သူက သိပ်ကို ထူးချွန်လွန်းပါတယ် ” လို့ မှတ်ချက်ပေးခဲ့တယ်။

ဆာလာဟာ ဒီရာသီ ပရီးမီးယားလိဂ် ၄ ပွဲမှာ ကိုယ်တိုင် ၃ ဂိုး သွင်းယူပြီး ဂိုးထောက်ပံ့မှု ၂ ကြိမ် လုပ်ထားနိုင်ပြီဖြစ်ပါတယ်။ ဒါကြောင့် ဒီရာသီ ရွှေဖိနပ်ဆုကို စိန်ခေါ်ဖို့ ဆာလာကလည်း အဓိကကျသူတစ်ဦး ဖြစ်လာဦးမှာပါ။

လီဗာပူးရဲ့ ဖလားစိန်ခေါ်နိုင်မှုနဲ့ ပတ်သက်ပြီးတော့လည်း နဗီးက “သိပ်ကိုကောင်းတဲ့ ပရီးမီးယားလိဂ်ပါပဲ။ နောက်လာမယ့် လအနည်းငယ်အတွင်း ဘာတွေဖြစ်လာမလဲဆိုတာကို ကျွန်တော် တကယ် မျှော်လင့်နေပြီ။ ပြိုင်ပွဲအနေအထားက တိုးတက်လာဖို့ပဲ ရှိပါတယ်။

လူတိုင်းက အစောပိုင်းကာလ ချန်ပီယံခန့်မှန်းမှုမှာ ယူနိုက်တက်၊ ချယ်ဆီး၊ စီးတီး တို့ကိုပဲ ထည့်ပြောကြတယ်။ ဒါပေမယ့် လီဗာပူးကို ထည့်မတွက်လို့ မရပါဘူး။ သူတို့က တကယ်ကို ချန်ပီယံဆု စိန်ခေါ်မယ့်သူတွေပါ ” လို့ပြောဆိုခဲ့တာပဲ ဖြစ်ပါတယ်။

ရာသီစမှာတော့ ဂယ်ရီနဗီးဟာ ပရီးမီးယားလိဂ်ချန်ပီယံအဖြစ် မန်စီးတီးဖြစ်မယ်လို့ ခန့်မှန်းခဲ့ပြီး မန်စီးတီး၊ ချယ်ဆီး၊ ယူနိုက်တက်၊ လီဗာပူးတို့ အစဉ်လိုက် ရပ်တည်မယ်လို့ ပြောဆိုထားပါသေးတယ်။

ZAWGYI

ဂယ္ရီနဗီးက ဒီရာသီ ပရီးမီးယားလိဂ္ဖလားကို စိန္ေခၚမယ့္အသင္းေတြထဲ လီဗာပူးကိုလည္း ထည့္သြင္းဖို႔နဲ႔ ဆာလာဟာ သြင္းဂိုးေတြရယူဖို႔ ဆာေလာင္ေနသူျဖစ္ေၾကာင္း မွတ္ခ်က္စကားေတြ ေျပာဆိုခဲ့ပါတယ္။

ယူႏုိက္တက္ခံစစ္မွဴးေဟာင္းဟာ ျဗိတိန္ရဲ႕ နာမည္ေက်ာ္ သတင္းဌာနျဖစ္တဲ့ စကိုင္းစေပါ့ အပါအဝင္ ပရိုဂရမ္ အေတာ္မ်ားမ်ားမွာ သံုးသပ္သူအျဖစ္ အလုပ္လုပ္ေနတာပါ။ သူကပဲ ပရီးမီးယားလိဂ္ သြင္းဂိုး ၁၀၀ ျပည့္သြားတဲ့ ဆာလာရဲ႕ ထူးခၽြန္းမႈေတြကို ခ်ီးက်ဴးသြားခဲ့ပါတယ္။

နဗီးက “ က်ေန္ာတို႔က ေရာ္နယ္ဒိုဟာ ဂိုးေတြ သြင္းကိုသြင္းဖို႔ဆိုတဲ့ စိတ္ထားရွိသူလို႔ ေျပာေနၾကေပမယ့္ အဲ့တာမ်ိဳးကို ဆာလာကလည္း လုပ္ျပေနပါတယ္။ ဆာလာက ဂိုးသြင္းမယ္ဆိုတဲ့ ခံယူခ်က္ရွိသူပါ။ သူက ဂိုးရယူဖို႔မွာ ဖာမင္ႏို၊ မာေနးတို႔ထက္ ပိုစိတ္ပိုင္းျဖတ္ထားသူျဖစ္တယ္။ သူက သိပ္ကို ထူးခၽြန္လြန္းပါတယ္ ” လို႔ မွတ္ခ်က္ေပးခဲ့တယ္။

ဆာလာဟာ ဒီရာသီ ပရီးမီးယားလိဂ္ ၄ ပြဲမွာ ကိုယ္တိုင္ ၃ ဂိုး သြင္းယူျပီး ဂိုးေထာက္ပံ့မႈ ၂ ၾကိမ္ လုပ္ထားႏုိင္ျပီျဖစ္ပါတယ္။ ဒါေၾကာင့္ ဒီရာသီ ေရႊဖိနပ္ဆုကို စိန္ေခၚဖို႔ ဆာလာကလည္း အဓိကက်သူတစ္ဦး ျဖစ္လာဦးမွာပါ။

လီဗာပူးရဲ႕ ဖလားစိန္ေခၚႏိုင္မႈနဲ႔ ပတ္သက္ၿပီးေတာ့လည္း နဗီးက “သိပ္ကိုေကာင္းတဲ့ ပရီးမီးယားလိဂ္ပါပဲ။ ေနာက္လာမယ့္ လအနည္းငယ္အတြင္း ဘာေတြျဖစ္လာမလဲဆိုတာကို ကြၽန္ေတာ္ တကယ္ ေမွ်ာ္လင့္ေနၿပီ။ ၿပိဳင္ပြဲအေနအထားက တိုးတက္လာဖို႔ပဲ ရွိပါတယ္။

လူတိုင္းက အေစာပိုင္းကာလ ခ်န္ပီယံခန္႔မွန္းမႈမွာ ယူႏိုက္တက္၊ ခ်ယ္ဆီး၊ စီးတီး တို႔ကိုပဲ ထည့္ေျပာၾကတယ္။ ဒါေပမယ့္ လီဗာပူးကို ထည့္မတြက္လို႔ မရပါဘူး။ သူတို႔က တကယ္ကို ခ်န္ပီယံဆု စိန္ေခၚမယ့္သူေတြပါ ” လို႔ေျပာဆိုခဲ့တာပဲ ျဖစ္ပါတယ္။

ရာသီစမွာေတာ့ ဂယ္ရီနဗီးဟာ ပရီးမီးယားလိဂ္ခ်န္ပီယံအျဖစ္ မန္စီးတီးျဖစ္မယ္လို႔ ခန္႔မွန္းခဲ့ျပီး မန္စီးတီး၊ ခ်ယ္ဆီး၊ ယူႏုိက္တက္၊ လီဗာပူးတို႔ အစဥ္လိုက္ ရပ္တည္မယ္လို႔ ေျပာဆိုထားပါေသးတယ္။