လီဗာပူးတိုက်စစ်သမား ဆာလာရဲ့ သွင်းဂိုး ၁၀၀ ပြည့်မယ့် ဂိုးအတွက် ဂိုးထောက်ပံ့မှုကို ထရန့် လုပ်ပေးနိုင်ခဲ့တာကြောင့် ညာအစွန်ကစားသမားဟာ ပရီးမီးယားလိဂ် အထင်ကရ ကစားသမားဟောင်း ဂယ်ရီနဗီးရဲ့ စံချိန်ကို လိုက်မှီသွားခဲ့ပါပြီလို့ မာဆေးဆိုဒ် အခြေစိုက် Echo သတင်းဌာနက ဖော်ပြသါားပါတယ်။

ထရန့်ဟာ ရာသီသစ်အတွက် သူ့ရဲ့ ဒုတိယမြောက် ဂိုးထောက်ပံ့မှုကို လုပ်နိုင်ခဲ့တာဖြစ်သလို အဆင့်မြင့်တန်း ပြိုင်ပွဲမှာတော့ ဂိုးထောက်ပံ့မှု ၃၅ ကြိမ်ထိ လုပ်နိုင်ခဲ့ပါပြီ။ ဒါဟာ အင်္ဂလန်ညာအစွန်လူဟောင်း ဂယ်ရီနဗီးထက် ပွဲပေါင်း ၂၆၇ ပွဲ လျော့ကစားပြီးမှာ တူညီတဲ့ စံချိန်တစ်ခုကို ရရှိခဲ့ခြင်းဖြစ်ပါတယ်။

သူဟာ ဖာဘရီဂတ်စ်၊ ဝိန်းရွန်းနီနဲ့ ရိုင်ယန်ဂစ်တို့နောက်ပိုင်း အဆိုပါ အရေအတွက်ကို အသက်အငယ်ဆုံး ရောက်လာခဲ့သူဖြစ်ပါတယ်။

ဂယ်ရီနဗီးဟာ ဂိုးထောက်ပံ့မှု ၃၅ ကြိမ် လုပ်နိုင်ဖို့ကို ပရီးမီးယားလိဂ်ပွဲ ပွဲ ၄၀၀ ခန့် ကစားခဲ့ရတယ်။ အသက် ၂၂ နှစ်အရွယ် ထရန့်ကတော့ ၁၃၃ ပွဲမှာတင် ၃၅ ကြိမ် လုပ်နိုင်ခဲ့တာဖြစ်ပါတယ်။ နဗီးဟာ သူ့ကစားသမားဘဝ တစ်ရာသီအတွင်း ဂိုးထောက်ပံ့မှု အမြင့်ဆုံးအဖြစ် ၄ ကြိမ် လုပ်နိုင်ခဲ့ပါတယ်။

ထရန့်ဟာ လိဂ်သမိုင်းတစ်လျှောက် ဂိုးထောက်ပံ့မှု အများဆုံး ခံစစ်သမားစာရင်းမှာလည်း နံပါတ် ၈ နေရာကို ရယူလာနိုင်ခဲ့တယ်။ အဆိုပါစာရင်းရဲ့ ထိပ်ဆုံးမှာတော့ ဝါရင့် အစွန်-တောင်ပံလူ အက်ရှလေယန်းက ၆၉ ကြိမ်ဖြစ် ရပ်တည်နေပြီး ဒုတိယနေရာမှာတော့ အစွန်သမားစစ်စစ်ဖြစ်တဲ့ လေသန်ဘိန်းစ်က ၅၃ ကြိမ်ဖြစ် ရပ်တည်နေပါတယ်။ ထရန့်ရဲ့ အသင်းဖော် ရော်ဘတ်ဆန်ကလည်း အဆိုပါစာရင်းရဲ့ နံပါတ် ၅ နေရာမှာ ဂိုးထောက်ပံ့မှု ၃၉ ကြိမ်ဖြင့် ရပ်တည်နေတာဖြစ်ပါတယ်။

လိဂ်သမိုင်းတစ်လျှောက် ဂိုးထောက်ပံ့မှု အများဆုံး ကစားသမားစာရင်းမှာတော့ ထရန့်ဟာ ထိပ်ဆုံး ၂၀ ဦး စာရင်းတောင် မဝင်သေးပါဘူး။ သို့ပေမယ့် ကွင်းလယ်လူ ဂျိမ်းမီလ်နာက ၈၅ ကြိမ်ဖြင့် လိဂ်သမိုင်းမှာ ဂိုးထောက်ပံ့မှု အများဆုံးစာရင်းရဲ့ နံပါတ် ၈ နေရာမှာ ရပ်တည်နေတယ်။ လီဗာပူးအသင်းခေါင်းဆောင်ဟောင်း စတီဗင်ဂျရတ်က ၉၂ ကြိမ်နဲ့ နံပါတ် ၇ နေရာမှာ ရှိနေတာဖြစ်ပါတယ်။

ယာဂင်ကလော့ပ်ကတော့ ထရန့်ဟာ အစွန်နေရာမှာ ကမ္ဘာအကောင်းဆုံး ကစားသမားအဖြစ် ချီးကျူးထားပြီး သူဟာ အဆိုပါနေရာကနေ အများကြီး တိုးတက်လာဦးမယ်လို့ မှတ်ချက်ပေးထားပါသေးတယ်။

ZAWGYI

လီဗာပူးတိုက္စစ္သမား ဆာလာရဲ႕ သြင္းဂိုး ၁၀၀ ျပည့္မယ့္ ဂိုးအတြက္ ဂိုးေထာက္ပံ့မႈကို ထရန္႔ လုပ္ေပးႏုိင္ခဲ့တာေၾကာင့္ ညာအစြန္ကစားသမားဟာ ပရီးမီးယားလိဂ္ အထင္ကရ ကစားသမားေဟာင္း ဂယ္ရီနဗီးရဲ႕ စံခ်ိန္ကို လိုက္မွီသြားခဲ့ပါျပီလို႔ မာေဆးဆိုဒ္ အေျခစိုက္ Echo သတင္းဌာနက ေဖာ္ျပသါားပါတယ္။

ထရန္႔ဟာ ရာသီသစ္အတြက္ သူ႔ရဲ႕ ဒုတိယေျမာက္ ဂိုးေထာက္ပံ့မႈကို လုပ္ႏုိင္ခဲ့တာျဖစ္သလို အဆင့္ျမင့္တန္း ျပိဳင္ပြဲမွာေတာ့ ဂိုးေထာက္ပံ့မႈ ၃၅ ၾကိမ္ထိ လုပ္ႏုိင္ခဲ့ပါျပီ။ ဒါဟာ အဂၤလန္ညာအစြန္လူေဟာင္း ဂယ္ရီနဗီးထက္ ပြဲေပါင္း ၂၆၇ ပြဲ ေလ်ာ့ကစားျပီးမွာ တူညီတဲ့ စံခ်ိန္တစ္ခုကို ရရွိခဲ့ျခင္းျဖစ္ပါတယ္။

သူဟာ ဖာဘရီဂတ္စ္၊ ဝိန္း႐ြန္းနီနဲ႔ ႐ိုင္ယန္ဂစ္တို႔ေနာက္ပိုင္း အဆိုပါ အေရအတြက္ကို အသက္အငယ္ဆုံး ေရာက္လာခဲ့သူျဖစ္ပါတယ္။

ဂယ္ရီနဗီးဟာ ဂိုးေထာက္ပံ့မႈ ၃၅ ၾကိမ္ လုပ္ႏုိင္ဖို႔ကို ပရီးမီးယားလိဂ္ပြဲ ပြဲ ၄၀၀ ခန္႔ ကစားခဲ့ရတယ္။ အသက္ ၂၂ ႏွစ္အရြယ္ ထရန္႔ကေတာ့ ၁၃၃ ပြဲမွာတင္ ၃၅ ၾကိမ္ လုပ္ႏုိင္ခဲ့တာျဖစ္ပါတယ္။ နဗီးဟာ သူ႔ကစားသမားဘဝ တစ္ရာသီအတြင္း ဂိုးေထာက္ပံ့မႈ အျမင့္ဆံုးအျဖစ္ ၄ ၾကိမ္ လုပ္ႏုိင္ခဲ့ပါတယ္။

ထရန္႔ဟာ လိဂ္သမိုင္းတစ္ေလွ်ာက္ ဂိုးေထာက္ပံ့မႈ အမ်ားဆံုး ခံစစ္သမားစာရင္းမွာလည္း နံပါတ္ ၈ ေနရာကို ရယူလာႏုိင္ခဲ့တယ္။ အဆိုပါစာရင္းရဲ႕ ထိပ္ဆံုးမွာေတာ့ ဝါရင့္ အစြန္-ေတာင္ပံလူ အက္ရွေလယန္းက ၆၉ ၾကိမ္ျဖစ္ ရပ္တည္ေနျပီး ဒုတိယေနရာမွာေတာ့ အစြန္သမားစစ္စစ္ျဖစ္တဲ့ ေလသန္ဘိန္းစ္က ၅၃ ၾကိမ္ျဖစ္ ရပ္တည္ေနပါတယ္။ ထရန္႔ရဲ႕ အသင္းေဖာ္ ေရာ္ဘတ္ဆန္ကလည္း အဆိုပါစာရင္းရဲ႕ နံပါတ္ ၅ ေနရာမွာ ဂိုးေထာက္ပံ့မႈ ၃၉ ၾကိမ္ျဖင့္ ရပ္တည္ေနတာျဖစ္ပါတယ္။

လိဂ္သမိုင္းတစ္ေလွ်ာက္ ဂိုးေထာက္ပံ့မႈ အမ်ားဆံုး ကစားသမားစာရင္းမွာေတာ့ ထရန္႔ဟာ ထိပ္ဆံုး ၂၀ ဦး စာရင္းေတာင္ မဝင္ေသးပါဘူး။ သို႔ေပမယ့္ ကြင္းလယ္လူ ဂ်ိမ္းမီလ္နာက ၈၅ ၾကိမ္ျဖင့္ လိဂ္သမိုင္းမွာ ဂိုးေထာက္ပံ့မႈ အမ်ားဆံုးစာရင္းရဲ႕ နံပါတ္ ၈ ေနရာမွာ ရပ္တည္ေနတယ္။ လီဗာပူးအသင္းေခါင္းေဆာင္ေဟာင္း စတီဗင္ဂ်ရတ္က ၉၂ ၾကိမ္နဲ႔ နံပါတ္ ၇ ေနရာမွာ ရွိေနတာျဖစ္ပါတယ္။

ယာဂင္ကေလာ့ပ္ကေတာ့ ထရန္႔ဟာ အစြန္ေနရာမွာ ကမၻာအေကာင္းဆံုး ကစားသမားအျဖစ္ ခ်ီးက်ဴးထားျပီး သူဟာ အဆိုပါေနရာကေန အမ်ားၾကီး တိုးတက္လာဦးမယ္လို႔ မွတ္ခ်က္ေပးထားပါေသးတယ္။