လီဗာပူးညာအစွန်လူ ထရန့်က လိဒ်ယူနိုက်တက်ကို ဂိုးပြတ် အနိုင်ရခဲ့တာကို ပျော်ရွှင်ပေမယ့်လို့ အသင်းဟာ ဂိုးတွေ ပိုရသင့်ပြီး အခွင့်အရေးတွေကို ပိုအသုံးချဖို့ လိုအပ်တယ်လို့ ဝန်ခံပါတယ်။

တိုက်စစ်သမားတွေဖြစ်တဲ့ ဆာလာနဲ့ မာနေးတို့ သွင်းဂိုးတွေ ရခဲ့တယ်ဆိုပေမယ့်လို့ မာနေး တစ်ဦးတည်းရတဲ့ အခွင့်အရေးဟာ လိဒ်ယူနိုက်တက် တစ်သင်းလုံးရတဲ့ အခွင့်အရေးထက်တောင် ပိုများနေခဲ့တာပါ။ လီဗာပူးဟာ ပထမပိုင်းမှာတင် ပွဲကို အပြီးသတ်ထားနိုင်မယ့် အခြေအနေတွေ ရှိခဲ့ပေမယ့် တိုက်စစ်သမားတွေ ဂိုးပေါက် လွဲချော်နေခဲ့တာဖြစ်ပါတယ်။

ထရန့်က ” လိဒ်ရဲ့ အိမ်ကွင်းကို လာကစားရတာက ခက်ခဲပါတယ်။ နေရာလွတ်တွေ ရှာဖွေဖို့ ခက်ခဲခဲ့ပေမယ့် ဒီတစ်ကြိမ်တော့ ကျနေ်ာတို့ လုပ်နိုင်ခဲ့တယ်။ တိုက်စစ်ကို ဖွင့်လှစ်ပြီး အခွင့်အရေး ဖန်တီးဖို့ ကိစ္စတွေကို ကျနေ်ာတို့ လုပ်နိုင်ခဲ့တယ်လို့ ထင်ပါတယ် ” ဆိုကာ လိဒ်နဲ့ပွဲမှ အသင်းရဲ့ ကစားဟန်နဲ့ ပတ်သက်လို့ မှတ်ချက်ပေးပါတယ်။

သူကပဲ ” ကျနေ်ာတို့ ပွဲကို ပိုပြီး သက်ရောက်မှုကောင်းကောင်း ကစားနိုင်ဖို့ လိုပါတယ်။ ပွဲကို အစောတည်းက အပြတ်ဖြတ်ထားနိုင်ရမှာဖြစ်ပါတယ်။ အထူးသဖြင့် ဂိုးတွေ အများကြီး ပိုသွင်းနိုင်ရမှာပါ။

ဒါပေမယ့်လို့ အယ်လန်ရုဒ်ကနေ ပြန်လာချိန်မှာ ၃-၀ ရတယ်ဆိုတာကလည်း ကောင်းပါတယ်။ ၃ ဂိုး၊ ၃ မှတ်နဲ့ clean sheet ရခဲ့တာဖြစ်ပါတယ်။ သူတို့က သူတို့လုပ်ရမှာကို သိတယ်။ သူတို့ တစ်ယောက်လျော့သွားလို့ ၁၀ ယောက်တည်းနဲ့ ကစားရတာတောင် တူညီတဲ့ နည်းလမ်းအတိုင်း ကစားနိုင်ဆဲဖြစ်ပါတယ်။

ခံစစ်မှာပဲနေပြီး အထိုင်ချကစားခဲ့တာမျိုး မဟုတ်ဘဲ တိုက်စစ်ကိုလည်း လိုက်ပါ ကစားပါသေးတယ်။ ကွင်းအတွင်း နေရာအနှံ့မှာ တိုက်ခိုက်လိုစိတ်တွေ ပြသခဲ့ပါသေးတယ် ” လို့ မှတ်ချက်ပေးခဲ့တာဖြစ်ပါတယ်။

လီဗာပူးဟာ ၄-ဝ၊ ၅-၀ လောက်ထိ ဂိုးပြတ်ခဲ့ပေမယ့် အခွင့်အရေးတွေကို အသုံးမချနိုင်ခဲ့ဘူး။ ဒီအပတ် ချန်ပီယံလိဂ်ပွဲစဉ်မှာတော့ စီးရီးအေ ဦးဆောင်ကလပ် တစ်သင်းဖြစ်တဲ့ အေစီမီလန်နဲ့ ယှဉ်ပြိုင်သွားရမှာပဲ ဖြစ်ပါတယ်။

ZAWGYI

လီဗာပူးညာအစြန္လူ ထရန္႔က လိဒ္ယူႏုိက္တက္ကို ဂိုးျပတ္ အႏုိင္ရခဲ့တာကို ေပ်ာ္ရႊင္ေပမယ့္လို႔ အသင္းဟာ ဂိုးေတြ ပိုရသင့္ျပီး အခြင့္အေရးေတြကို ပိုအသံုးခ်ဖို႔ လိုအပ္တယ္လို႔ ဝန္ခံပါတယ္။

တိုက္စစ္သမားေတြျဖစ္တဲ့ ဆာလာနဲ႔ မာေနးတို႔ သြင္းဂိုးေတြ ရခဲ့တယ္ဆိုေပမယ့္လို႔ မာေနး တစ္ဦးတည္းရတဲ့ အခြင့္အေရးဟာ လိဒ္ယူႏုိက္တက္ တစ္သင္းလံုးရတဲ့ အခြင့္အေရးထက္ေတာင္ ပိုမ်ားေနခဲ့တာပါ။ လီဗာပူးဟာ ပထမပိုင္းမွာတင္ ပြဲကို အျပီးသတ္ထားႏုိင္မယ့္ အေျခအေနေတြ ရွိခဲ့ေပမယ့္ တိုက္စစ္သမားေတြ ဂိုးေပါက္ လြဲေခ်ာ္ေနခဲ့တာျဖစ္ပါတယ္။

ထရန္႔က ” လိဒ္ရဲ႕ အိမ္ကြင္းကို လာကစားရတာက ခက္ခဲပါတယ္။ ေနရာလြတ္ေတြ ရွာေဖြဖို႔ ခက္ခဲခဲ့ေပမယ့္ ဒီတစ္ၾကိမ္ေတာ့ က်ေန္ာတို႔ လုပ္ႏုိင္ခဲ့တယ္။ တိုက္စစ္ကို ဖြင့္လွစ္ျပီး အခြင့္အေရး ဖန္တီးဖို႔ ကိစၥေတြကို က်ေန္ာတို႔ လုပ္ႏုိင္ခ့ဲတယ္လို႔ ထင္ပါတယ္ ” ဆိုကာ လိဒ္နဲ႔ပြဲမွ အသင္းရဲ႕ ကစားဟန္နဲ႔ ပတ္သက္လို႔ မွတ္ခ်က္ေပးပါတယ္။

သူကပဲ ” က်ေန္ာတို႔ ပြဲကို ပိုျပီး သက္ေရာက္မႈေကာင္းေကာင္း ကစားႏုိင္ဖို႔ လိုပါတယ္။ ပြဲကို အေစာတည္းက အျပတ္ျဖတ္ထားႏုိင္ရမွာျဖစ္ပါတယ္။ အထူးသျဖင့္ ဂိုးေတြ အမ်ားၾကီး ပိုသြင္းႏုိင္ရမွာပါ။

ဒါေပမယ့္လို႔ အယ္လန္ရုဒ္ကေန ျပန္လာခ်ိန္မွာ ၃-၀ ရတယ္ဆိုတာကလည္း ေကာင္းပါတယ္။ ၃ ဂိုး၊ ၃ မွတ္နဲ႔ clean sheet ရခဲ့တာျဖစ္ပါတယ္။ သူတို႔က သူတို႔လုပ္ရမွာကို သိတယ္။ သူတို႔ တစ္ေယာက္ေလ်ာ့သြားလို႔ ၁၀ ေယာက္တည္းနဲ႔ ကစားရတာေတာင္ တူညီတဲ့ နည္းလမ္းအတိုင္း ကစားႏုိင္ဆဲျဖစ္ပါတယ္။

ခံစစ္မွာပဲေနျပီး အထိုင္ခ်ကစားခဲ့တာမ်ိဳး မဟုတ္ဘဲ တိုက္စစ္ကိုလည္း လိုက္ပါ ကစားပါေသးတယ္။ ကြင္းအတြင္း ေနရာအႏွံ႔မွာ တိုက္ခိုက္လိုစိတ္ေတြ ျပသခဲ့ပါေသးတယ္ ” လို႔ မွတ္ခ်က္ေပးခဲ့တာျဖစ္ပါတယ္။

လီဗာပူးဟာ ၄-၀၊ ၅-၀ ေလာက္ထိ ဂိုးျပတ္ခဲ့ေပမယ့္ အခြင့္အေရးေတြကို အသံုးမခ်ႏုိင္ခဲ့ဘူး။ ဒီအပတ္ ခ်န္ပီယံလိဂ္ပြဲစဥ္မွာေတာ့ စီးရီးေအ ဦးေဆာင္ကလပ္ တစ္သင္းျဖစ္တဲ့ ေအစီမီလန္နဲ႔ ယွဥ္ျပိဳင္သြားရမွာပဲ ျဖစ္ပါတယ္။