ပီအက်စ်ဂျီကွင်းလယ်လူ ဝိုက်နယ်ဒမ်က လီဗာပူးအသင်းကို စွန့်ခွာခဲ့တာက မာဆေးဆိုဒ်ကလပ်ဟာ သူ့ကို ဆက်ထိန်းလိုတယ်လို့ မခံစားရတာကြောင့်လို့ ထုတ်ပြောလာပါတယ်။

၂၀၁၉ မှာ လီဗာပူးအသင်းနဲ့အတူ ချန်ပီယံလိဂ်ဖလား အောင်မြင်ခဲ့ပြီး ၂၀၂၀ မှာ ပရီးမီးယားလိဂ်ဖလား အောင်မြင်ခဲ့တဲ့ ဝိုက်နယ်ဒမ်ဟာ လီဗာပူးကနေ အလွတ်ဖြင့် ထွက်ခွာသွားခဲ့တာ ဖြစ်ပါတယ်။ အသက် ၃၀ အရွယ် ကွင်းလယ်လူဟာ ယာဂင်ကလော့ပ် ယုံကြည်အားကိုးရသူ ဖြစ်ခဲ့ပေမယ့် ဒီနွေမှာပဲ သူ့ကို လက်လွတ်ခဲ့ရကာ ကလပ်ဘက်က အစားထိုး ခေါ်ယူမှုတော့ ပြုလုပ်ခဲ့ခြင်း မရှိပါဘူး။

ဒီနွေမှာ လီဗာပူးအသင်းက ထရန့်၊ ဖာဘင်ညို၊ အယ်လီဆန်၊ ဗန်ဒိုက်၊ ရော်ဘတ်ဆန်၊ ဟန်ဒါဆန် အစရှိတဲ့ စီနီယာအသင်းသားတွေကို သက်တမ်းတိုးစာချုပ်တွေ ပေးနိုင်ခဲ့လို့ ဝိုက်နယ်ဒမ်နဲ့ ဘာလို့ စာချုပ်သစ်ကိစ္စ မေအောင်မြင်သလဲဆိုတာကို ပရိသတ်တွေဘက်က မေးခွန်းထုတ်နေမှုတွေ ရှိလာနေခဲ့တယ်။

ဝိုက်နယ်ဒမ်က ‘ ကိုယ်ရဲ့ ခံစားချက်နောက်ပဲ လိုက်ရမှာပဲလေ။ အသေးစိတ်ကိစ္စတွေ မပါဘဲ ပြီးခဲ့တဲ့လတွေတုန်းက ကျနော် လီဗာပူးအသင်းမှာ ဆက်နေဖို့ မျှော်လင့်ခဲ့ပါတယ်။ လီဗာပူးက ကျနော်ကို ဆက်ထိန်းလိုကြောင်း ခံစားချက်တွေ မပေးနိုင်ခဲ့ပါဘူး။ အဲ့ကြောင့်ပဲ ကျနေ်ာတို့ ရှေ့ဆက်ခဲ့ကြတာပါ ‘ လို့ ဆိုသွားခဲ့ပါတယ်။

ဝိုက်နယ်ဒမ်ဟာ သူ့ရဲ့ ငယ်ဘဝကတည်းက အားပေးခဲ့ရတဲ့ ဘာစီလိုနာထံ ပြောင်းမယ်လို့ သတင်းကြီးခဲ့ပေမယ့်လို့ အဆုံးသတ်မှာ ပဲရစ်ကလပ်ထံ ရောက်ရှိသွားခဲ့တယ်။ ဒီအပြောင်းအရွှေ့တွေရဲ့ နောက်ကွယ်မှာ လုပ်ခလစာ ကိစ္စလည်း ပါဝင်တယ်လို့ သတင်းထွက်ခဲ့ပေမယ့် ဝိုက်နယ်ဒမ်ကတော့ ဘာကာဘက်က နှောင့်နှေးနေခြင်းကြောင့် ပြင်သစ်ကို ရွေးချယ်ရခြင်းလို့ ဆိုပါတယ်။

‘ ဘာစီလိုနာက ဝင်ရောက် ကမ်းလှမ်းလာတယ်။ ကျနော် အရမ်းပျော်ပါတယ်။ ကလေးဘဝတည်းက ဒတ်ချ် အဓိက ကစားသမားတွေဟာ ဘာစီလိုနာမှာ ကစားခဲ့ကြတာလေ။ ဇီဒန်းက ကျနော်ရဲ့ စံပြ ကစားသမားဆိုပေမယ့်လို့ ဘာစီလိုနာထံ ပြောင်းနိုင်ဖို့က ကျနော်ရဲ့ အိပ်မက်ဖြစ်ခဲ့ပါတယ်။

ဘာကာထံ ပူးပေါင်းမှုလုပ်ဖို့ ကျနော် စဉ်းစားခဲ့ပါတယ်။ ဒါပေမယ့် ညိနှိုင်းမှုတွေ သိပ်ကြာနေချိန်မှာပဲ ပဲရစ်က ဝင်ရောက် ကမ်းလှမ်းလာခဲ့တယ်။ အရင် ၆ နှစ်ကလိုပဲ ပီအက်စ်ဂျီက ကျနော်ကို ခေါ်ယူလိုကြောင်းတွေ ပြသခဲ့တယ်။ ဒီတစ်ကြိမ်မှာတော့ ပြင်သစ်ကလပ်ကို ပြောင်းဖို့ အချိန်ကျပြီလို့ တွေးမိခဲ့ပါတယ် ‘ လို့ ဝိုက်နယ်ဒမ်က ပြောဆိုခဲ့တာဖြစ်တယ်။

ဝိုက်နယ်ဒမ်ဟာ ဒီရာသီမှာ ပိုချက်တီနိုရဲ့ အသင်းအတွက် ၅ ပွဲ ပွဲထွက်ပေးထားပြီဖြစ်တယ်။ ပီအက်စ်ဂျီဟာ ချန်ပီယံလိဂ် အုပ်စုတွင်း ပထမပွဲအဖြစ် ကလပ် ဘရုဂျ်နဲ့ ယှဉ်ပြိုင်ရမှာဖြစ်သလို အုပ်စုတွင်းမှာတော့ မန်စီးတီးနဲ့လည်း တွဲဘက်ကျထားတာ ဖြစ်ပါတယ်။

ZAWGYI

ပီအက္စ္ဂ်ီကြင္းလယ္လူ ဝိုက္နယ္ဒမ္က လီဗာပူးအသင္းကို စြန္႔ခြာခဲ့တာက မာေဆးဆိုဒ္ကလပ္ဟာ သူ႔ကို ဆက္ထိန္းလိုတယ္လို႔ မခံစားရတာေၾကာင့္လို႔ ထုတ္ေျပာလာပါတယ္။

၂၀၁၉ မွာ လီဗာပူးအသင္းနဲ႔အတူ ခ်န္ပီယံလိဂ္ဖလား ေအာင္ျမင္ခဲ့ျပီး ၂၀၂၀ မွာ ပရီးမီးယားလိဂ္ဖလား ေအာင္ျမင္ခဲ့တဲ့ ဝိုက္နယ္ဒမ္ဟာ လီဗာပူးကေန အလြတ္ျဖင့္ ထြက္ခြာသြားခဲ့တာ ျဖစ္ပါတယ္။ အသက္ ၃၀ အရြယ္ ကြင္းလယ္လူဟာ ယာဂင္ကေလာ့ပ္ ယံုၾကည္အားကိုးရသူ ျဖစ္ခဲ့ေပမယ့္ ဒီေႏြမွာပဲ သူ႔ကို လက္လြတ္ခဲ့ရကာ ကလပ္ဘက္က အစားထိုး ေခၚယူမႈေတာ့ ျပဳလုပ္ခဲ့ျခင္း မရွိပါဘူး။

ဒီေႏြမွာ လီဗာပူးအသင္းက ထရန္႔၊ ဖာဘင္ညိဳ၊ အယ္လီဆန္၊ ဗန္ဒိုက္၊ ေရာ္ဘတ္ဆန္၊ ဟန္ဒါဆန္ အစရွိတဲ့ စီနီယာအသင္းသားေတြကို သက္တမ္းတိုးစာခ်ဳပ္ေတြ ေပးႏုိင္ခဲ့လို႔ ဝိုက္နယ္ဒမ္နဲ႔ ဘာလို႔ စာခ်ဳပ္သစ္ကိစၥ မေေအာင္ျမင္သလဲဆိုတာကို ပရိသတ္ေတြဘက္က ေမးခြန္းထုတ္ေနမႈေတြ ရွိလာေနခဲ့တယ္။

ဝိုက္နယ္ဒမ္က ‘ ကိုယ္ရဲ႕ ခံစားခ်က္ေနာက္ပဲ လိုက္ရမွာပဲေလ။ အေသးစိတ္ကိစၥေတြ မပါဘဲ ျပီးခဲ့တဲ့လေတြတုန္းက က်ေနာ္ လီဗာပူးအသင္းမွာ ဆက္ေနဖို႔ ေမွ်ာ္လင့္ခဲ့ပါတယ္။ လီဗာပူးက က်ေနာ္ကို ဆက္ထိန္းလိုေၾကာင္း ခံစားခ်က္ေတြ မေပးႏုိင္ခဲ့ပါဘူး။ အဲ့ေၾကာင့္ပဲ က်ေန္ာတို႔ ေရွ႔ဆက္ခဲ့ၾကတာပါ ‘ လို႔ ဆိုသြားခဲ့ပါတယ္။

ဝိုက္နယ္ဒမ္ဟာ သူ႔ရဲ႕ ငယ္ဘဝကတည္းက အားေပးခဲ့ရတဲ့ ဘာစီလိုနာထံ ေျပာင္းမယ္လို႔ သတင္းၾကီးခဲ့ေပမယ့္လို႔ အဆံုးသတ္မွာ ပဲရစ္ကလပ္ထံ ေရာက္ရွိသြားခဲ့တယ္။ ဒီအေျပာင္းအေရႊ႔ေတြရဲ႕ ေနာက္ကြယ္မွာ လုပ္ခလစာ ကိစၥလည္း ပါဝင္တယ္လို႔ သတင္းထြက္ခဲ့ေပမယ့္ ဝိုက္နယ္ဒမ္ကေတာ့ ဘာကာဘက္က ေႏွာင့္ေႏွးေနျခင္းေၾကာင့္ ျပင္သစ္ကို ေရြးခ်ယ္ရျခင္းလို႔ ဆိုပါတယ္။

‘ ဘာစီလိုနာက ဝင္ေရာက္ ကမ္းလွမ္းလာတယ္။ က်ေနာ္ အရမ္းေပ်ာ္ပါတယ္။ ကေလးဘဝတည္းက ဒတ္ခ်္ အဓိက ကစားသမားေတြဟာ ဘာစီလိုနာမွာ ကစားခဲ့ၾကတာေလ။ ဇီဒန္းက က်ေနာ္ရဲ႕ စံျပ ကစားသမားဆိုေပမယ့္လို႔ ဘာစီလိုနာထံ ေျပာင္းႏုိင္ဖို႔က က်ေနာ္ရဲ႕ အိပ္မက္ျဖစ္ခဲ့ပါတယ္။

ဘာကာထံ ပူးေပါင္းမႈလုပ္ဖို႔ က်ေနာ္ စဥ္းစားခဲ့ပါတယ္။ ဒါေပမယ့္ ညိႏိႈင္းမႈေတြ သိပ္ၾကာေနခ်ိန္မွာပဲ ပဲရစ္က ဝင္ေရာက္ ကမ္းလွမ္းလာခဲ့တယ္။ အရင္ ၆ ႏွစ္ကလိုပဲ ပီအက္စ္ဂ်ီက က်ေနာ္ကို ေခၚယူလိုေၾကာင္းေတြ ျပသခဲ့တယ္။ ဒီတစ္ၾကိမ္မွာေတာ့ ျပင္သစ္ကလပ္ကို ေျပာင္းဖို႔ အခ်ိန္က်ျပီလို႔ ေတြးမိခဲ့ပါတယ္ ‘ လို႔ ဝိုက္နယ္ဒမ္က ေျပာဆိုခဲ့တာျဖစ္တယ္။

ဝိုက္နယ္ဒမ္ဟာ ဒီရာသီမွာ ပိုခ်က္တီႏိုရဲ႕ အသင္းအတြက္ ၅ ပြဲ ပြဲထြက္ေပးထားျပီျဖစ္တယ္။ ပီအက္စ္ဂ်ီဟာ ခ်န္ပီယံလိဂ္ အုပ္စုတြင္း ပထမပြဲအျဖစ္ ကလပ္ ဘရုဂ်္နဲ႔ ယွဥ္ျပိဳင္ရမွာျဖစ္သလို အုပ္စုတြင္းမွာေတာ့ မန္စီးတီးနဲ႔လည္း တြဲဘက္က်ထားတာ ျဖစ္ပါတယ္။