၂၀၁၄ ခုနှစ်မှာ ယူနိုက်တက်အသင်းက တိုက်စစ်မှူး ရွန်နီကို စာချုပ်သစ်ကမ်းလှမ်းခဲ့တဲ့အတွက် ဂန္ထဝင်နည်းပြဟောင်း ဖာဂူဆန် မကျေမနပ် ဖြစ်ခဲ့တယ်လို့ ဒေးလီးမေးလ်သတင်းစာက ဖော်ပြထားပါတယ်။ ၂၀၁၄ ခုနှစ် နွေရာသီမှာ ချဲလ်ဆီး၊ အာဆင်နယ်၊ ရီးရဲလ်၊ ပီအက်စ်ဂျီတို့က ရွန်နီကို ခေါ်ယူဖို့ စိတ်ဝင်စားခဲ့ကြပြီး ချဲလ်ဆီးအသင်းက ရွန်နီကို ပေါင်သန်း ၅၀ နဲ့ ကမ်းလှမ်းခဲ့ပေမဲ့ ယူနိုက်တက်က ပယ်ချခဲ့ပါတယ်။

မန်ချက်စတာ ယူနိုက်တက် (၉၉) ဂန္တဝင် အသင်း နဲ့ ဘိုင်ယန်မြူးနစ် (၉၉) ဂန္တဝင် အသင်းတို့ ယှဉ်ပြိုင် ကစားကြရာ ယူနိုက်တက် အသင်းက ၅ ဂိုး ဂီုးမရှိနဲ့ အနိုင်ရရှိသွားပါတယ်။ ဘက်ခမ်းရဲ့ ဖြတ်တင်ဘောတွေ၊ Long Pass တွေက အက်ရှ်လေယန်းထက် ပိုမို သာလွန်နေဆဲ ဖြစ်သလို၊ ပေါလ်စခိုးလ်ကလည်း လက်ရှိ အသင်းက ကစားသမားတွေထက် တိုက်ပွဲဝင် စိတ်ဓာတ်ပိုမို ပြင်းပြနေဆဲဖြစ်ပါတယ်။

မန်ယူအသင်းဟာ ရီးရဲလ်ဘက်တစ်အသင်းရဲ့ ဘယ်နောက်ခံလူ ဂျူနီယာဖာပိုကို ခေါ်ယူဖို့ ဆွေးနွေးနေတယ်လို့ AS သတင်းဌာနက ဖော်ပြထားပါတယ်။ အသက်(၂၂)နှစ်အရွယ်ကစားသမားလေးကို ရီးရဲလ်မက်ဒရစ်ကလည်း ခေါ်ယူဖို့ စိတ်ဝင်စားနေပြီး ယူနိုက်တက်ဟာ ဖာပိုအတွက် ယူရိုသန်း (၃၀) ပေးချေသွားဖို့ အဆင်သင့်ဖြစ်နေတယ်လို့ သိရပါတယ်။

မန်ယူက ခေါ်ယူဖို့ စိတ်ဝင်စားနေတဲ့ ခံစစ်မှူး ဒီလစ်က သူဟာ ဘာစီလိုနာကို ရွေးရမလား၊ အခြားတစ်သင်းကို ရွေးရမလားဆိုတာ ဆုံးဖြတ်ချက်ပြုလုပ်ရခြင်း မရှိသေးဘူးလို့ ထုတ်ပြောလိုက်ပါတယ်။

ဒေါ့မွန်အသင်းရဲ့ စီအီးအိုဖြစ်တဲ့ ဟန်စ်ဂျိုအာချင်ဝက်ဇ်ကီ က ၄င်းတို့အသင်းအနေနဲ့ အင်္ဂလန်ကြယ်ပွင့်ဂျေဒန်ဆန်ချိုကို ရောင်းချသွားဖို့ အစီအစဉ်မရှိကြောင်း ရှင်းရှင်းလင်းလင်းပြောကြားလိုက်ပြီဖြစ်ပါတယ်။ ဆန်ချိုကို မန်ယူအပြင် လီဗာပူးလ်၊ ဘာစီလိုနာအစရှိတဲ့ အသင်းတွေရဲ့ စိတ်ဝင်စားနေပါတယ်။

မန်ချက်စတာယူနိုက်တက်အသင်းဟာ နယူးကာဆယ်အသင်းရဲ့ ကွင်းလယ်လူရှောင်လောင်းစတက်ဖ်ကိုခေါ်ယူဖို့ အခက်အခဲ တွေ့လာဖွယ်ရှိတယ်လို့ သတင်းဌာနတစ်ခုက ဖော်ပြသွားခဲ့ပါတယ်။ လက်ရှိအချိန်မှာ နည်းပြဘင်နီတက်ဇ်ရဲ့ အနာဂတ်က မရေမရာဖြစ်နေတဲ့အပြင် အသက်(၂၁)နှစ်အရွယ် ရှောင်လောင်းစတက်ဖ်အတွက် စာချုပ်ပါလျော်ကြေးမသတ်မှတ်ထားတဲ့ အချက်က နယူးကာဆယ်အနေနဲ့ ထွက်ခွာခွင့်ပြုမှပဲ အပြောင်းအရွှေ့ဖြစ်လာနိုင်တယ်လို့သိရပါတယ်။

ဒေါ့မွန်အသင်း အမှုဆောင်အရာရှိချုပ် Watzke က မန်ယူက အလိုရှိနေတဲ့ ၄င်းတို့အသင်း၏ တိုက်စစ်ကစားသမား ဆန်ချိုဟာ အပြောင်းအရွှေ့ဈေးကွက်တွင်ရှိနေတဲ့ ကစားသမားမဟုတ်ပဲ မည်သည့်အနေအထားမှာမဆို ထုတ်ရောင်းသွားမှာမဟုတ်ဘူးလို့ အာမခံခဲ့ပါတယ်။

မန်ယူအသင်းကတော့ အပြောင်းအရွှေ့ဈေးကွက်မှာ ခြေလှမ်းသွက်သွက်နဲ့ လှုပ်ရှားနေပါတယ်။ အခု ထွက်ပေါ်လာတဲ့ သတင်းတွေအရတော့ မန်ချက်စတာယူနိုက်တက်အသင်းဟာ လိုင်ယွန်အသင်းရဲ့ တိုက်စစ်ကစားသမား မူဆာဒမ်ဘီလီကို ပေါင် ၃၅ သန်းနဲ့ ကမ်းလှမ်းခဲ့တယ်လို့ သိရပါတယ်။