ဘိုင်ယန်မြူးနစ် ဥက္ကဌဟောင်း ရူမန်နီဂီက အနာဂတ်မှာ ဟာလန်းက လီဗာပူးအသင်းထံ ပြောင်းရွှေ့နိုင်မယ် မမြင်ပါဘူးလို့ သူ့အမြင်ကို ထုတ်ပြောလာပါတယ်။

ဒီနှစ်တွေမှာ ဟာလန်းဟာ ဥရောပရဲ့ အလားအလာ အရှိဆုံး တိုက်စစ်သမားတွေထဲက တစ်ဦးအဖြစ် ထွန်းတောက်လာတာပါ။ သူ့ကို ခေါ်ယူဖို့ ကလပ်တွေ အများအပြား စိတ်ဝင်စားနေပြီး တကယ်တမ်း ခေါ်ယူနိုင်မယ့် ကလပ်ကတော့ လက်ချိုးရေတွက်လို့ ရနေတာဖြစ်ပါတယ်။

မနှစ်ကရာသီ ဘွန်ဒက်လီဂါပွဲ ၂၈ ပွဲမှာ သွင်းဂိုး ၂၇ ဂိုး သွင်းယူထားတဲ့ တိုက်စစ်သမားကို ခေါ်ယူခွင့်အတွက် ကလပ် ၅ သင်းက စိတ်ဝင်စားနေတာဖြစ်တယ်။ အဲ့အသင်းတွေထဲမှာ လီဗာပူးကလည်း ပါဝင်နေတာဖြစ်ပြီး ဟာလန်းကို ခေါ်ယူလိုရင်တော့ ဒေါ့မွန်ဘက်က လက်သင့်ခံလောက်တဲ့ ပြောင်းရွှေ့ကြေးကို ပေးသွားရမှာဖြစ်ပါတယ်။

ရူမန်နီဂီကတော့ လီဗာပူးအသင်းဟာ ဟာလန်းကို ခေါ်ယူနိုင်လောက်တဲ့ ငွေကြေးမျိုး အသုံးချနိုင်ဖွယ် မမြင်ဘူးလို့ ဆိုပါတယ်။ Sport Witness နဲ့ အင်တာဗျူးမှာပဲ ဘိုင်ယန် ဥက္ကဌဟောင်းက လီဗာပူးနဲ့ ဟာလန်းကြား အပြောင်းအရွှေ့ သတင်းနဲ့ ပတ်သက်လို့ သူ့အမြင်ကို ဖြေဆိုပေးခဲ့တာဖြစ်ပါတယ်။

ရူမန်နီဂီက ” လီဝမ်ဒေါစကီးက ကမ္ဘာအကောင်းဆုံး အထောင်တိုက်စစ်မှူးဖြစ်ပါတယ်။ ဟာလန်းကတော့ လီဝမ်နောက်က ဒုတိယအကောင်းဆုံး တိုက်စစ်မှူးပါ။ ၂၀၂၃ ခုနှစ်နောက်ပိုင်းမှာလည်း ဘိုင်ယန်ဘက်က လီဝမ်ဒေါစကီးကို ဆက်ထိန်းနိုင်ဖို့ စိတ်ဝင်စားမယ်လို့ ကျနော် ထင်တယ်။

သူတို့ ဟာလန်းနဲ့ အစားထိုးဖို့ ကြိုးစားမယ်ဆိုရင်လည်း ရင်းနှီးမြုပ်နှံမှုကြီး လုပ်ရမှာဖြစ်ပါတယ်။ ဟာလန်းက လီဗာပူးကို ရောက်သွားမယ်လို့ တော့ မထင်ပါဘူး။ လီဗာပူးပိုင်ရှင်တွေက သူတို့အသင်းကို ကောင်းကောင်းစီမံထားနိုင်တာကို ကျနော် နားလည်ပါတယ်။ ဒါပေမယ့်လို့ သူတို့က ပိုက်ဆံသေတ္တာကို ဘယ်လိုဖွင့်ရမယ်ဆိုတာတော့ သိတဲ့သူတွေ မဟုတ်ပါဘူး ” လို့ ဆိုခဲ့တာဖြစ်ပါတယ်။

လီဗာပူးအသင်းဟာ ဆာလာ၊ မာနေး၊ ဖာမင်နိုတို့နောက်မှာ နောက်ထပ် မျိုးဆက်သစ် တိုက်စစ်သမား တစ်ဦးကို ခေါ်ယူနိုင်ဖို့ ကြိုးစားနေဆဲဖြစ်ပါတယ်။ လီဗာပူး ရှာဖွေနေတဲ့ တိုက်စစ်သမားက အသက် ၂၁-၂၄ နှစ်ကြား ကစားသမားဖြစ်ပြီး အခုချိန်ထိတော့ ပရိသတ်တွေ ကျေနပ်လောက်မယ့် ပစ်မှတ်မျိုးကို အသင်းဘက်က စည်းရုံးလာတာမျိုး မမြင်ရသေးပါဘူး။

ZAWGYI

ဘိုင္ယန္ျမဴးနစ္ ဥကၠဌေဟာင္း ရူမန္နီဂီက အနာဂတ္မွာ ဟာလန္းက လီဗာပူးအသင္းထံ ေျပာင္းေရႊ႔ႏုိင္မယ္ မျမင္ပါဘူးလို႔ သူ႔အျမင္ကို ထုတ္ေျပာလာပါတယ္။

ဒီႏွစ္ေတြမွာ ဟာလန္းဟာ ဥေရာပရဲ႕ အလားအလာ အရွိဆံုး တိုက္စစ္သမားေတြထဲက တစ္ဦးအျဖစ္ ထြန္းေတာက္လာတာပါ။ သူ႔ကို ေခၚယူဖို႔ ကလပ္ေတြ အမ်ားအျပား စိတ္ဝင္စားေနျပီး တကယ္တမ္း ေခၚယူႏုိင္မယ့္ ကလပ္ကေတာ့ လက္ခ်ိဳးေရတြက္လို႔ ရေနတာျဖစ္ပါတယ္။

မႏွစ္ကရာသီ ဘြန္ဒက္လီဂါပြဲ ၂၈ ပြဲမွာ သြင္းဂိုး ၂၇ ဂိုး သြင္းယူထားတဲ့ တိုက္စစ္သမားကို ေခၚယူခြင့္အတြက္ ကလပ္ ၅ သင္းက စိတ္ဝင္စားေနတာျဖစ္တယ္။ အဲ့အသင္းေတြထဲမွာ လီဗာပူးကလည္း ပါဝင္ေနတာျဖစ္ျပီး ဟာလန္းကို ေခၚယူလိုရင္ေတာ့ ေဒါ့မြန္ဘက္က လက္သင့္ခံေလာက္တဲ့ ေျပာင္းေရႊ႔ေၾကးကို ေပးသြားရမွာျဖစ္ပါတယ္။

ရူမန္နီဂီကေတာ့ လီဗာပူးအသင္းဟာ ဟာလန္းကို ေခၚယူႏုိင္ေလာက္တဲ့ ေငြေၾကးမ်ိဳး အသံုးခ်ႏုိင္ဖြယ္ မျမင္ဘူးလို႔ ဆိုပါတယ္။ Sport Witness နဲ႔ အင္တာဗ်ဴးမွာပဲ ဘိုင္ယန္ ဥကၠဌေဟာင္းက လီဗာပူးနဲ႔ ဟာလန္းၾကား အေျပာင္းအေရႊ႔ သတင္းနဲ႔ ပတ္သက္လို႔ သူ႔အျမင္ကို ေျဖဆိုေပးခဲ့တာျဖစ္ပါတယ္။

ရူမန္နီဂီက ” လီဝမ္ေဒါစကီးက ကမၻာအေကာင္းဆံုး အေထာင္တိုက္စစ္မွဴးျဖစ္ပါတယ္။ ဟာလန္းကေတာ့ လီဝမ္ေနာက္က ဒုတိယအေကာင္းဆံုး တိုက္စစ္မွဴးပါ။ ၂၀၂၃ ခုႏွစ္ေနာက္ပိုင္းမွာလည္း ဘိုင္ယန္ဘက္က လီဝမ္ေဒါစကီးကို ဆက္ထိန္းႏုိင္ဖို႔ စိတ္ဝင္စားမယ္လို႔ က်ေနာ္ ထင္တယ္။

သူတို႔ ဟာလန္းနဲ႔ အစားထိုးဖို႔ ၾကိဳးစားမယ္ဆိုရင္လည္း ရင္းႏွီးျမဳပ္ႏွံမႈၾကီး လုပ္ရမွာျဖစ္ပါတယ္။ ဟာလန္းက လီဗာပူးကို ေရာက္သြားမယ္လို႔ ေတာ့ မထင္ပါဘူး။ လီဗာပူးပိုင္ရွင္ေတြက သူတို႔အသင္းကို ေကာင္းေကာင္းစီမံထားႏုိင္တာကို က်ေနာ္ နားလည္ပါတယ္။ ဒါေပမယ့္လို႔ သူတို႔က ပိုက္ဆံေသတၱာကို ဘယ္လိုဖြင့္ရမယ္ဆိုတာေတာ့ သိတဲ့သူေတြ မဟုတ္ပါဘူး ” လို႔ ဆိုခဲ့တာျဖစ္ပါတယ္။

လီဗာပူးအသင္းဟာ ဆာလာ၊ မာေနး၊ ဖာမင္ႏိုတို႔ေနာက္မွာ ေနာက္ထပ္ မ်ိဳးဆက္သစ္ တိုက္စစ္သမား တစ္ဦးကို ေခၚယူႏုိင္ဖို႔ ၾကိဳးစားေနဆဲျဖစ္ပါတယ္။ လီဗာပူး ရွာေဖြေနတဲ့ တိုက္စစ္သမားက အသက္ ၂၁-၂၄ ႏွစ္ၾကား ကစားသမားျဖစ္ျပီး အခုခ်ိန္ထိေတာ့ ပရိသတ္ေတြ ေက်နပ္ေလာက္မယ့္ ပစ္မွတ္မ်ိဳးကို အသင္းဘက္က စည္းရံုးလာတာမ်ိဳး မျမင္ရေသးပါဘူး။