အေစီမီလန် အသင်းခေါင်းဆောင် ကာလာဘရီရယ်နဲ့ မန်နေဂျာ ပီအိုလီတို့ဟာ ချန်ပီယံလိဂ် ရံှူးပွဲအပြီး လီဗာပူးအသင်းရဲ့ မြန်ဆန်လွန်းမှုနဲ့အတူ ဥရောပသင်ခန်စားနဲ့ ပတ်သက်လို့ မှတ်ချက်ပေး ပြောဆိုပါတယ်။

အန်ဖီးကွင်းဟာ ပြင်းထန်တဲ့ အားပေးပုံတွေကြောင့် တစ်ကွင်းလုံး ညာသံတွေ ဟိန်းခဲ့ပြီး စိတ်လှုပ်ရှားစရာ ချန်ပီယံလိဂ်ည တစ်ညကို ပိုင်ဆိုင်ခဲ့တယ်။ အဆိုပါပွဲဟာ အေစီမီလန်အတွက် ချန်ပီယံလိဂ် တစ်ကျော့ပြန် ခရီးဖြစ်လာခဲ့ပြီး လီဗာပူးရဲ့ လွှမ်းမိုးကစားမှုအောက်မှာ အတော်လေး ခက်ခဲစွာ ရုန်းကန်ခဲ့ရတယ်။

ကာလာဘရီရယ်က “ လီဗာပူးက သိပ်ကို အားကောင်းစွာနဲ့ စတင်ခဲ့တာပါ။ သူတို့ ခြားနားလွန်းတဲ့ အရှိန်အဟုန်နဲ့အတူ အသားကျနေပြီး နေရာတိုင်းမှာ ကြောက်စရာကောင်းလှတဲ့ ကစားသမားတွေနဲ့အတူ ကမ္ဘာအကောင်းဆုံး အသင်းတွေထဲက တစ်သင်းဆိုတာ ပြသခဲ့ပါတယ်။

ဒီပွဲက ခက်ခဲတဲ့ ပွဲတစ်ပွဲဖြစ်ခဲ့ပြီး ပွဲအများကြီးကို တစ်ပွဲတည်း ယှဉ်ပြိုင်ခဲ့ရတာနဲ့တောင် တူညီပါတယ်။ ကျနေ်ာတို့ ကြောက်ရွံ့တယ်လို့ မခံစားရဘူး။ အခြေအနေတွေကို ထိန်းချုပ်ဖို့ ခက်ခဲစွာတော့ ရုန်းကုန်ခဲ့ရပါတယ်။

ပွဲကို အလှည့်အပြောင်းဖြစ်လာအောင် ကြိုးစားနိုင်ခဲ့ပေမယ့် အာရုံစူးစိုက်ဖို့ ပိုလိုအပ်ခဲ့တဲ့ အမှားတွေကနေ သွင်းဂိုး ၂ ဂိုးကို ထပ်ပြီး ခွင့်ပြုခဲ့ရပါတယ် ” လို့ အီတလီသတင်းဌာနကို ဖြေဆိုပေးခဲ့တာဖြစ်တယ်။

မန်နေဂျာပီအိုလီကလည်း “ ပွဲအစ ၂၅ မိနစ်လောက်မှာ လီဗာပူးက သိပ်ကောင်းတဲ့ အရည်အချင်း ပြင်းထန်စွာ ကစားမှုတွေ လုပ်ပြခဲ့ပါတယ်။ ဒုတိယပိုင်းမှာ သွင်းဂိုး ၂ ဂိုး ခွင့်ပြုလိုက်ရတာကို နောင်တရမိပေမယ့် ဒါပေမယ့် ချန်ပီယံလိဂ် အဆင့်အတန်းဖြစ်ပါတယ်။

ဒီလို ပြင်းထန်စွာ အားထုတ်မှုတွေ၊ အရည်အချင်းတွေနဲ့ ကစားပွဲတစ်ပွဲက ကျနေ်ာတို့ကို ပိုပြီး တိုးတက်လာစေပါလိမ့်မယ်။ လီဗာပူးထံကနေ ဒီလို ပြင်းထန်တဲ့ စတင်မှုကို ရင်ဆိုင်ရမယ်လို့ ကျနေ်ာတို့ ကြိုတင် မှန်းဆထားပေမယ့် ကျနေ်ာတို့ အသင်းက ရင်ဆိုင်ဖို့ ငြိမ်သက်လွန်းခဲ့ပါတယ်။

အန်ဖီးပတ်ဝန်းကျင်၊ ပွဲအနေအထား၊ သူတို့ရဲ့ အရည်အချင်းဆိုတဲ့ ပြိုင်ဘက်အသင်းရဲ့ ပြင်းထန်မှုတွေက ကျနေ်ာတို့ကို ကစားရ ခက်ခဲစေခဲ့ပါတယ် ” လို့ ဆိုသွားခဲ့တာဖြစ်ပါတယ်။

ZAWGYI

ေအစီမီလန္ အသင္းေခါင္းေဆာင္ ကာလာဘရီရယ္နဲ႔ မန္ေနဂ်ာ ပီအိုလီတို႔ဟာ ခ်န္ပီယံလိဂ္ ရံွဴးပြဲအျပီး လီဗာပူးအသင္းရဲ႕ ျမန္ဆန္လြန္းမႈနဲ႔အတူ ဥေရာပသင္ခန္စားနဲ႔ ပတ္သက္လို႔ မွတ္ခ်က္ေပး ေျပာဆိုပါတယ္။

အန္ဖီးကြင္းဟာ ျပင္းထန္တဲ့ အားေပးပံုေတြေၾကာင့္ တစ္ကြင္းလံုး ညာသံေတြ ဟိန္းခဲ့ျပီး စိတ္လႈပ္ရွားစရာ ခ်န္ပီယံလိဂ္ည တစ္ညကို ပိုင္ဆိုင္ခဲ့တယ္။ အဆိုပါပြဲဟာ ေအစီမီလန္အတြက္ ခ်န္ပီယံလိဂ္ တစ္ေက်ာ့ျပန္ ခရီးျဖစ္လာခဲ့ျပီး လီဗာပူးရဲ႕ လႊမ္းမိုးကစားမႈေအာက္မွာ အေတာ္ေလး ခက္ခဲစြာ ရုန္းကန္ခဲ့ရတယ္။

ကာလာဘရီရယ္က “ လီဗာပူးက သိပ္ကို အားေကာင္းစြာနဲ႔ စတင္ခဲ့တာပါ။ သူတို႔ ျခားနားလြန္းတဲ့ အရွိန္အဟုန္နဲ႔အတူ အသားက်ေနျပီး ေနရာတိုင္းမွာ ေၾကာက္စရာေကာင္းလွတဲ့ ကစားသမားေတြနဲ႔အတူ ကမၻာအေကာင္းဆံုး အသင္းေတြထဲက တစ္သင္းဆိုတာ ျပသခဲ့ပါတယ္။

ဒီပြဲက ခက္ခဲတဲ့ ပြဲတစ္ပြဲျဖစ္ခဲ့ျပီး ပြဲအမ်ားၾကီးကို တစ္ပြဲတည္း ယွဥ္ျပိဳင္ခဲ့ရတာနဲ႔ေတာင္ တူညီပါတယ္။ က်ေန္ာတို႔ ေၾကာက္ရြံ႔တယ္လို႔ မခံစားရဘူး။ အေျခအေနေတြကို ထိန္းခ်ဳပ္ဖို႔ ခက္ခဲစြာေတာ့ ရုန္းကုန္ခဲ့ရပါတယ္။

ပြဲကို အလွည့္အေျပာင္းျဖစ္လာေအာင္ ၾကိဳးစားႏုိင္ခဲ့ေပမယ့္ အာရံုစူးစိုက္ဖို႔ ပိုလိုအပ္ခဲ့တဲ့ အမွားေတြကေန သြင္းဂိုး ၂ ဂိုးကို ထပ္ျပီး ခြင့္ျပဳခဲ့ရပါတယ္ ” လို႔ အီတလီသတင္းဌာနကို ေျဖဆိုေပးခဲ့တာျဖစ္တယ္။

မန္ေနဂ်ာပီအိုလီကလည္း “ ပြဲအစ ၂၅ မိနစ္ေလာက္မွာ လီဗာပူးက သိပ္ေကာင္းတဲ့ အရည္အခ်င္း ျပင္းထန္စြာ ကစားမႈေတြ လုပ္ျပခဲ့ပါတယ္။ ဒုတိယပိုင္းမွာ သြင္းဂိုး ၂ ဂိုး ခြင့္ျပဳလိုက္ရတာကို ေနာင္တရမိေပမယ့္ ဒါေပမယ့္ ခ်န္ပီယံလိဂ္ အဆင့္အတန္းျဖစ္ပါတယ္။

ဒီလို ျပင္းထန္စြာ အားထုတ္မႈေတြ၊ အရည္အခ်င္းေတြနဲ႔ ကစားပြဲတစ္ပြဲက က်ေန္ာတို႔ကို ပိုျပီး တိုးတက္လာေစပါလိမ့္မယ္။ လီဗာပူးထံကေန ဒီလို ျပင္းထန္တဲ့ စတင္မႈကို ရင္ဆိုင္ရမယ္လို႔ က်ေန္ာတို႔ ၾကိဳတင္ မွန္းဆထားေပမယ့္ က်ေန္ာတို႔ အသင္းက ရင္ဆိုင္ဖို႔ ျငိမ္သက္လြန္းခဲ့ပါတယ္။

အန္ဖီးပတ္ဝန္းက်င္၊ ပြဲအေနအထား၊ သူတို႔ရဲ႕ အရည္အခ်င္းဆိုတ့ဲ ျပိဳင္ဘက္အသင္းရဲ႕ ျပင္းထန္မႈေတြက က်ေန္ာတို႔ကို ကစားရ ခက္ခဲေစခဲ့ပါတယ္ ” လို႔ ဆိုသြားခဲ့တာျဖစ္ပါတယ္။