ဥရောပ အသင်းကြီးအများစုဟာ နွေအပြောင်းအရွှေ့မှာ ရေရှည်အတွက် လူငယ်ကစားသမားတွေကို ဦးစားပေးခေါ်လာနေပါတယ်။ ဒီနွေမှာ အပြောင်းအရွှေ့တွေအတွက် ရေပန်းစားလာနေတဲ့ လူငယ်ကစားသမားတွေကို ဖော်ပြသွားမှာပါတယ်။

ဒီလက်စ် (အေဂျက်၊ အသက် ၁၉ နှစ်)

ရောသီအပြောင်းအရွှေ့မှာ နာမည်အကြီးဆုံးဖြစ်ပြီး အသင်းကြီး အများအပြားက ချိတ်ဆက်ခြင်း ခံနေရသူဖြစ်တယ်။ ဘာစီလိုနာကို ရောက်မယ်လို့ နာမည်ကြီးနေပါတယ်။

ဟူဆန် အော်ရေး (လိုင်ယွန်၊ အသက် ၂၀ နှစ်)

လိုင်ယွန်ကွင်းလယ်လူဟာ ပြင်သစ် ယူ ၂၁ အသင်းသားဖြစ်ပြီး သူ့ရဲ့ ကွင်းလယ်ပိုင်း ခြေစွမ်းကောင်းမွန်မှုနဲ့ အလားအလာကောင်းတွေကြောင့် မန်စီးတီး၊ လီဗာပူးတို့က စိတ်ဝင်စားနေပါတယ်။

ဂျိုအို ဖီးလစ် (ဘင်ဖီကာ၊ အသက် ၁၉ နှစ်)

ရော်နယ်ဒို အငယ်စားလို ရေပန်းစားနေပြီး သူ့ကိုအလိုရှိတဲ့ အသင်းတိုင်းဟာ ဥရောပရဲ့ ထိပ်ထိပ်ကြဲတွေပါ။ ပြောင်းရွှေ့ကြေး ယူရို ၁၂၀ သန်းလို့ သိထားရပါတယ်။

လူကာဂျိုဗစ် (ဖရန့်ဖတ် ၊ အသက် ၂၁ နှစ်)

ရီးရဲမက်ဒရစ်အသင်းနဲ့ သတင်းတွေထွက်ထားပြီးမှာ လာလီဂါကလပ်က အပြောင်းအရွှေ့ ရုတ်သိမ်းသွားခဲ့ပြီး ပရီးမီးယားလိဂ်နဲ့ စီးရီးအေတို့ကို ပြောင်းလိုနေပါတယ်။ မန်စီးတီး၊ ချယ်ဆီးနဲ့ အင်တာတို့က စောင့်ကြည့်မှုတွေ လုပ်ထားခဲ့တယ်။

မီလန်ကိုဗစ် (ဖီအိုရင်တီးနား ၊ အသက် ၂၁ နှစ်)

ဖီအိုရင်တီးနားရဲ့ အဓိက ပွဲထွက်လူစာရင်းမှာ ပါဝင်ပြီး နောက်တန်းကို ဦးဆောင်သူဟာ မန်ယူနဲ့ သတင်းကြီးတွေ ထွက်ဖူးပါတယ်။ သူ့ကို စိတ်ဝင်စားနေတဲ့ အသင်းတွေထဲ တီကိုလည်း ပါဝင်လာပါတယ်။

အစ္စမေးလ် ဆားလ် (ရိန်းနက်စ်၊ အသက် ၂၁ နှစ်)

ဆီနီဂေါလက်ရွှေးစင်ဟာ အာဆင်နယ်၊ ရိုးမား၊ အေစီမီလန်တို့နဲ့ သတင်းထွက်နေသူပါ။ ဖန်တီးမှုတွေအတွက် အမြင်ရှိသူဖြစ်ပြီး ပြင်သစ်လိဂ်မှာ အတော်လေး တောက်ပလာနေပါတယ်။