ပဲလေ့စ်ကို အိမ်ကွင်းမှာ နိုင်တဲ့ပွဲဟာ အခက်ခဲဆုံး တိုက်ယူရတဲ့ ၃-၀ နိုင်ပွဲ တစ်ခု လို့ မန်နေဂျာ ယာဂင်ကလော့ပ်က ညွှန်းဆိုလိုက်ပါတယ်။

လီဗာပူးဟာ ဂိုးရလဒ်မှာ သိပ်ကို ပြတ်သားခဲ့ပေမယ့် ကွင်းတွင်း စွမ်းဆောင်ရမှုမှာတော့ ထူးခြားစွာ သာလွန်ခဲ့ခြင်း မရှိဘဲ အတော်လေး ကြိုးစား ယှဉ်ပြိုင်ခဲ့ရတယ်။ အိမ်ကွင်း ပရိသတ်တွေရဲ့ အားပေးမှုအောက်မှာ မိနစ် ၉၀ အာရုံစူးစိုက်မှု အပြည့်ထားခြင်းကြောင့် လီဗာပူးက ထိုက်တန်တဲ့ နိုင်ပွဲတစ်ပွဲကို ရခဲ့ခြင်း ဖြစ်ပါတယ်။

” ဒီပွဲကတော့ ၃-၀ နိုင်တဲ့ပွဲတွေထဲ အခက်ခဲဆုံး ကစားရတဲ့ ပွဲ တစ်ပွဲပါ။ ကျနေ်ာတို့ အစွမ်းကုန်ကို အားထုတ်ရတယ်။ ခက်ခဲတယ် ဆိုပေမယ့် ပွဲကလည်း မျှပါတယ်။ ကာယပိုင်း ယှဉ်ရတာတွေကလည်း ခက်ခဲတယ်။ ကျနော်တို့ အသင့် ဖြစ်နေအောင် လုပ်ရတယ်။

ကျနေ်ာတို့ရဲ့ အစွန်သမားတွေကို သူတို့ အတော်လေး ဒုက္ခပေးခဲ့ပါတယ်။ ပွဲချိန်ကြာလာလေ အစွန်သမားတွေဘက် ဘောလုံး ပတ်ထုတ်တာတွေကို သူတို့ ပိုလုပ်လာလေပါပဲ။ ကျနေ်ာတို့ ပြေးလွှားကစားခဲ့ရတယ်။

ဗုဒ္ဓဟူး – စနေ ပွဲကစားရတာက တကယ်ကို ခက်ခဲပါတယ်။ ကျနော်တို့ အလန်းစား ဂိုးတွေ သွင်းယူနိုင်ခဲ့တယ်၊ တည်ကန်ဘောတွေကိုလည်း အသုံးချနိုင်ခဲ့တယ်။ ဒါက ဒီလိုပွဲတွေမှာ သိပ်ကောင်းတဲ့ ကိစ္စတွေပါ။ ကိုယ့်အသင်း သိပ်ကြီး ကောင်းမနေတောင် ဒီလိုပွဲတွေက နိုင်ကို နိုင်မှ ဖြစ်မှာ။

ကျနေ်ာတို့ ဒီနေ့ လန်ထွက်နေအောင် မကောင်းခဲ့ဘူး။ မှန်ကန်တဲ့ ခြေစွမ်းပြသနိုင်ဖို့ ညှစ်ထုတ် ကြိုးစားခဲ့ရတယ်။ ဒါကို ကျောန် သဘောကျတယ်။ တချိန် ဒီလိုပွဲတွေကို ပြန်ကြည့်ရင် တကယ်ကို ပျော်စရာပါ။ နောက်ပြီး အရေးလည်း ကြီးတဲ့ ပွဲပါ။ ” လို့ ကလောပ့်က ဆိုပါတယ်။

ဒီနွေမှာ ပေါင် ၃၆ သန်းဖြင့် ခေါ်ယူထားတဲ့ ခံစစ်မှူး ကိုနတေးဟာ သူ့ရဲ့ ပထမဆုံးသော လီဗာပူးကစားသမားဘဝ ပွဲထွက်ခွင့်ကိုလည်း ရခဲ့ပါတယ်။ ကလော့ပ်ကတော့ လူငယ် ခံစစ်သမားရဲ့ ခြေစွမ်းကို အလားအလာတွေ အများကြီးရှိတယ်လို့ သုံးသပ်သွားခဲ့တယ်။

ကိုနတေးနဲ့ ပတ်သတ်ပြီး – ” သူက မယုံနိုင်လောက်အောင် ပင်ကို အရည်အသွေးနဲ့ ထူးချွန်တယ် ဆိုတာ တွေ့ကြမှာပါ။ အလားအလာကတော့ တကယ့် အကောင်းစားပဲ။ သူက ဘောလုံးယှဉ်လုတာတွေကို သက်သက်သာသာပဲ လုပ်သွားတယ်။ ငယ်လည်းငယ်တယ်၊ ပွဲကို ကောင်းကောင်း ကစားသွားတယ်။ သူ့အတွက် ပထမဆုံး အိမ်ကွင်းပွဲလည်း ဖြစ်တယ်။ သိပ်ကောင်းတာပေါ့ဗျာ။ ” လို့ ကလော့ပ်က ပြောဆိုခဲ့ပါတယ်။

ZAWGYI

ပဲေလ့စ္ကို အိမ္ကြင္းမွာ နုိင္တဲ့ပြဲဟာ အခက္ခဲဆံုး တိုက္ယူရတဲ့ ၃-၀ နိုင္ပြဲ တစ္ခု လို႔ မန္ေနဂ်ာ ယာဂင္ကေလာ့ပ္က ညႊန္းဆိုလိုက္ပါတယ္။

လီဗာပူးဟာ ဂိုးရလဒ္မွာ သိပ္ကို ျပတ္သားခဲ့ေပမယ့္ ကြင္းတြင္း စြမ္းေဆာင္ရမႈမွာေတာ့ ထူးျခားစြာ သာလြန္ခဲ့ျခင္း မရွိဘဲ အေတာ္ေလး ၾကိဳးစား ယွဥ္ျပိဳင္ခဲ့ရတယ္။ အိမ္ကြင္း ပရိသတ္ေတြရဲ႕ အားေပးမႈေအာက္မွာ မိနစ္ ၉၀ အာရံုစူးစိုက္မႈ အျပည့္ထားျခင္းေၾကာင့္ လီဗာပူးက ထိုက္တန္တဲ့ ႏုိင္ပြဲတစ္ပြဲကို ရခဲ့ျခင္း ျဖစ္ပါတယ္။

” ဒီပြဲကေတာ့ ၃-၀ နိုင္တဲ့ပြဲေတြထဲ အခက္ခဲဆံုး ကစားရတဲ့ ပြဲ တစ္ပြဲပါ။ က်ေန္ာတို႔ အစြမ္းကုန္ကို အားထုတ္ရတယ္။ ခက္ခဲတယ္ ဆိုေပမယ့္ ပြဲကလည္း မွ်ပါတယ္။ ကာယပိုင္း ယွဥ္ရတာေတြကလည္း ခက္ခဲတယ္။ က်ေနာ္တုိ႔ အသင့္ ျဖစ္ေနေအာင္ လုပ္ရတယ္။

က်ေန္ာတို႔ရဲ႕ အစြန္သမားေတြကို သူတို႔ အေတာ္ေလး ဒုကၡေပးခဲ့ပါတယ္။ ပြဲခ်ိန္ၾကာလာေလ အစြန္သမားေတြဘက္ ေဘာလံုး ပတ္ထုတ္တာေတြကို သူတို႔ ပိုလုပ္လာေလပါပဲ။ က်ေန္ာတို႔ ေျပးလႊားကစားခဲ့ရတယ္။

ဗုဒၶဟူး – စေန ပြဲကစားရတာက တကယ္ကို ခက္ခဲပါတယ္။ က်ေနာ္တို႔ အလန္းစား ဂိုးေတြ သြင္းယူနိုင္ခဲ့တယ္၊ တည္ကန္ေဘာေတြကိုလည္း အသံုးခ်နိုင္ခဲ့တယ္။ ဒါက ဒီလိုပြဲေတြမွာ သိပ္ေကာင္းတဲ့ ကိစၥေတြပါ။ ကိုယ့္အသင္း သိပ္ၾကီး ေကာငး္မေနေတာင္ ဒီလိုပြဲေတြက နုိင္ကို နိုင္မွ ျဖစ္မွာ။

က်ေန္ာတို႔ ဒီေန႔ လန္ထြက္ေနေအာင္ မေကာင္းခဲ့ဘူး။ မွန္ကန္တဲ့ ေျခစြမ္းျပသနိုင္ဖို႔ ညွစ္ထုတ္ ၾကိဳးစားခဲ့ရတယ္။ ဒါကို က်ောန္ သေဘာက်တယ္။ တခ်ိန္ ဒီလိုပြဲေတြကို ျပန္ၾကည့္ရင္ တကယ္ကို ေပ်ာ္စရာပါ။ ေနာက္ျပီး အေရးလည္း ၾကီးတဲ့ ပြဲပါ။ ” လို႕ ကေလာပ့္က ဆိုပါတယ္။

ဒီေႏြမွာ ေပါင္ ၃၆ သန္းျဖင့္ ေခၚယူထားတဲ့ ခံစစ္မွဴး ကိုနေတးဟာ သူ႔ရဲ႕ ပထမဆံုးေသာ လီဗာပူးကစားသမားဘဝ ပြဲထြက္ခြင့္ကိုလည္း ရခဲ့ပါတယ္။ ကေလာ့ပ္ကေတာ့ လူငယ္ ခံစစ္သမားရဲ႕ ေျခစြမ္းကို အလားအလာေတြ အမ်ားၾကီးရွိတယ္လို႔ သံုးသပ္သြားခဲ့တယ္။

ကိုနေတးနဲ႕ ပတ္သတ္ျပီး – ” သူက မယံုနုိင္ေလာက္ေအာင္ ပင္ကို အရည္အေသြးနဲ႕ ထူးခၽြန္တယ္ ဆိုတာ ေတြ႔ၾကမွာပါ။ အလားအလာကေတာ့ တကယ့္ အေကာင္းစားပဲ။ သူက ေဘာလံုးယွဥ္လုတာေတြကို သက္သက္သာသာပဲ လုပ္သြားတယ္။ ငယ္လည္းငယ္တယ္၊ ပြဲကို ေကာင္းေကာင္း ကစားသြားတယ္။ သူ႔အတြက္ ပထမဆံုး အိမ္ကြင္းပြဲလည္း ျဖစ္တယ္။ သိပ္ေကာင္းတာေပါ့ဗ်ာ။ ” လို႕ ကေလာ့ပ္က ေျပာဆိုခဲ့ပါတယ္။