ကြားရက်မှာတော့ လီဗာပူးအသင်းဟာ ပရီးမီးယားလိဂ်ကလပ် နော့ဝစ်ချ်အသင်းနဲ့ ကာရာဘောင်းဖလား ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။

ဒီပွဲမှာ မန်နေဂျာကလော့ပ်က အဓိကလူစာရင်းကို အနားပေးမယ်လို့ ယူဆထားရတယ်။ ဒီရာသီမှာ မတူညီခြင်းကတော့ အရင်နှစ်တွေကလို ယူ-၂၃ အသင်းမှ လူငယ်တွေကို အဓိက ထုတ်သုံးလာဖို့ မရှိဘဲ ပွဲထွက်ခွင့် နည်းပါးနေတဲ့ စီနီယာအသင်းမှ အရန်ကစားသမားတွေကို ပွဲထုတ်လာဖွယ် ရှိနေပါတယ်။

လီဗာပူးသတင်းထောက် ဂျိမ်းပီယော့ဇ်က “ ကလယ်ဟာ၊ ဂိုးမက်စ်၊ ဖီးလစ်၊ ချိန်ဘာလိန်၊ ဂျုံး၊ မီနာမီနိုနဲ့ အိုရီဂီတို့အားလုံး ပွဲထွက်လူစာရင်းက ပါဝင်လာမယ် မျှော်လင့်ပါတယ်။ ကိန်ဂေါ်ဒန်ကိုလည်း ထုတ်သုံးလာနိုင်ပါတယ် ” လို့ The Athletic ကနေ ပြောဆိုသွားခဲ့တယ်။

ကလယ်ဟာ၊ ဖီးလစ်နဲ့ မီနာမီနိုတို့ဟာ ဒီရာသီမှာ ပွဲကစားခွင့်တွေ မရသေးတာကြောင့် ဒီပွဲမှာ ထုတ်သုံးလာခြင်းက သူတို့ရဲ့ ပွဲထွက်လူစာရင်း စိန်ခေါ်မှုအတွက် အရေးကြီးမှာဖြစ်တယ်။ ဂေါ်ဒန်ကတော့ ယူ-၂၃ အသင်းမှာ အဓိက ပွဲကစားခွင့်ရနေတာဖြစ်ပြီး ဂိုးမက်စ်၊ ချိန်ဘာလိန်၊ အိုရီဂီတို့က နော့ဝစ်ချ်ပွဲကို အဓိက ဦးဆောင်မှာဖြစ်ပါတယ်။

ညာအစွန်လူ ထရန့်ကို ဒီလိုပွဲမှာ ထုတ်သုံးမှာ မဟုတ်သလို နီကိုးကလည်း ဒဏ်ရာရနေတာကြောင့် ဘရတ်ဒလေကို ညာအစွန်မှာ ထည့်ကစားဖွယ်ရှိတယ်။ ဘယ်ခြမ်းမှာတော့ အိုဝင်ဘက် ပါဝင်လာဖို့ ရှိပါတယ်။

ကလယ်ဟာ၊ ဘရတ်ဒလေ၊ ဂိုးမက်စ်၊ နက်ဖီးလစ်၊ အိုဝင်ဘက်၊ ကိတ်တာ၊ ဂျုံး၊ ချိန်ဘာလိန်၊ မီနာမီနို၊ အိုရီဂီ၊ ဂေါ်ဒန်တို့ကို ပွဲထုတ်မယ်လို့ ခန့်မှန်းရပါတယ်။

ကိတ်တာနဲ့ ပတ်သက်လို့ လီဗာပူး ကွင်းလယ်လူဟောင်း ကိုလီမိုးက “ ကိတ်တာက ပထမ နှစ်ပွဲမှာ အရမ်းကြီး ကောင်းနေတာ မဟုတ်ပေမယ့် မနှစ်ကထက် ပိုကောင်းလာပါတယ်။ ယာဂင်က ဒီရာသီ လီဗာပူးပွဲတွေမှာ သူ့ကို ပွဲတော်တော်များများ ပေးကစားမယ်ဆိုရင် သူ့ထံက အကျိုးအမြတ် ရပါလိမ့်မယ်။ ” လို့ မှတ်ချက်ပေးထားတာဖြစ်ပါတယ်။

ZAWGYI

ၾကားရက္မွာေတာ့ လီဗာပူးအသင္းဟာ ပရီးမီးယားလိဂ္ကလပ္ ေနာ့ဝစ္ခ်္အသင္းနဲ႔ ကာရာေဘာင္းဖလား ယွဥ္ျပိဳင္ရမွာျဖစ္ပါတယ္။

ဒီပြဲမွာ မန္ေနဂ်ာကေလာ့ပ္က အဓိကလူစာရင္းကို အနားေပးမယ္လို႔ ယူဆထားရတယ္။ ဒီရာသီမွာ မတူညီျခင္းကေတာ့ အရင္ႏွစ္ေတြကလို ယူ-၂၃ အသင္းမွ လူငယ္ေတြကို အဓိက ထုတ္သံုးလာဖို႔ မရွိဘဲ ပြဲထြက္ခြင့္ နည္းပါးေနတဲ့ စီနီယာအသင္းမွ အရန္ကစားသမားေတြကို ပြဲထုတ္လာဖြယ္ ရွိေနပါတယ္။

လီဗာပူးသတင္းေထာက္ ဂ်ိမ္းပီေယာ့ဇ္က “ ကလယ္ဟာ၊ ဂိုးမက္စ္၊ ဖီးလစ္၊ ခ်ိန္ဘာလိန္၊ ဂ်ံဳး၊ မီနာမီႏိုနဲ႔ အိုရီဂီတို႔အားလံုး ပြဲထြက္လူစာရင္းက ပါဝင္လာမယ္ ေမွ်ာ္လင့္ပါတယ္။ ကိန္ေဂၚဒန္ကိုလည္း ထုတ္သံုးလာႏုိင္ပါတယ္ ” လို႔ The Athletic ကေန ေျပာဆိုသြားခဲ့တယ္။

ကလယ္ဟာ၊ ဖီးလစ္နဲ႔ မီနာမီႏိုတို႔ဟာ ဒီရာသီမွာ ပြဲကစားခြင့္ေတြ မရေသးတာေၾကာင့္ ဒီပြဲမွာ ထုတ္သံုးလာျခင္းက သူတို႔ရဲ႕ ပြဲထြက္လူစာရင္း စိန္ေခၚမႈအတြက္ အေရးၾကီးမွာျဖစ္တယ္။ ေဂၚဒန္ကေတာ့ ယူ-၂၃ အသင္းမွာ အဓိက ပြဲကစားခြင့္ရေနတာျဖစ္ျပီး ဂိုးမက္စ္၊ ခ်ိန္ဘာလိန္၊ အိုရီဂီတို႔က ေနာ့ဝစ္ခ်္ပြဲကို အဓိက ဦးေဆာင္မွာျဖစ္ပါတယ္။

ညာအစြန္လူ ထရန္႔ကို ဒီလိုပြဲမွာ ထုတ္သံုးမွာ မဟုတ္သလို နီကိုးကလည္း ဒဏ္ရာရေနတာေၾကာင့္ ဘရတ္ဒေလကို ညာအစြန္မွာ ထည့္ကစားဖြယ္ရွိတယ္။ ဘယ္ျခမ္းမွာေတာ့ အိုဝင္ဘက္ ပါဝင္လာဖို႔ ရွိပါတယ္။

ကလယ္ဟာ၊ ဘရတ္ဒေလ၊ ဂိုးမက္စ္၊ နက္ဖီးလစ္၊ အိုဝင္ဘက္၊ ကိတ္တာ၊ ဂ်ံဳး၊ ခ်ိန္ဘာလိန္၊ မီနာမီႏို၊ အိုရီဂီ၊ ေဂၚဒန္တို႔ကို ပြဲထုတ္မယ္လို႔ ခန္႔မွန္းရပါတယ္။

ကိတ္တာနဲ႔ ပတ္သက္လို႔ လီဗာပူး ကြင္းလယ္လူေဟာင္း ကိုလီမိုးက “ ကိတ္တာက ပထမ ႏွစ္ပြဲမွာ အရမ္းၾကီး ေကာင္းေနတာ မဟုတ္ေပမယ့္ မႏွစ္ကထက္ ပိုေကာင္းလာပါတယ္။ ယာဂင္က ဒီရာသီ လီဗာပူးပြဲေတြမွာ သူ႔ကို ပြဲေတာ္ေတာ္မ်ားမ်ား ေပးကစားမယ္ဆိုရင္ သူ႔ထံက အက်ိဳးအျမတ္ ရပါလိမ့္မယ္။ ” လို႔ မွတ္ခ်က္ေပးထားတာျဖစ္ပါတယ္။