ခံစစ်မှူး ဗန်ဒိုက်ကို စူပါမန်းလို့ အသင်းဖော်တွေက တင်စားကြပေမယ့် ကာလရှည် ဒဏ်ရာကနေ ပြန်လာတဲ့ နယ်သာလန်သားကြီးကို ဆက်တိုက် ပွဲကစားခွင့် မပေးဘဲ အလှည့်ကျ ကစားစေတာက အသင်းအတွက် သိပ်ကိုအရေးကြီးတယ်လို့ ဂျိမ်းစ်မီနာက ပြောဆိုပါတယ်။

အသက် ၃၀ အရွယ် ခံစစ်မှူးဟာ ကြားရက်၊ အေစီမီလန်နဲ့ ချန်ပီယံလိဂ်ပွဲမှာ အနားပေးခံခဲ့ရပေမယ့် စနေနေ့ ခရစ္စတယ်ပဲလေ့စ်ကို ၃-၀ နဲ့ နိုင်ခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲမှာတော့ ဒီရာသီ ၎င်းရဲ့ ၅ ကြိမ်မြောက် မိနစ် ၉၀ အပြည့် ပြန်လည် ကစားခဲ့ရပါတယ်။ ဗန်ဒိုက်ဟာ မနှစ်က အောက်တိုဘာ ၁၇ မှာ အဲဗာတန် ပွဲအတွင်း ဂျော်ဒန်ပစ်ဖို့ဒ်နဲ့ ခိုက်မိခဲ့တဲ့နောက် ဒူးအရွတ် ခွဲစိတ်မှု ခံယူဖို့ လိုအပ်ခဲ့တာပါ။

“ဗန်ဒိုက်က စူပါလူသားလို့ ကျွန်တော်တို့ အားလုံး ထင်ပါတယ်။ သူက အမှတ် ၁၀၀ ပေးရင် ၉၉ လောက် ရတဲ့သူပါ။ ကာလရှည် အနားယူခဲ့ရတဲ့ ဒဏ်ရာကနေ ပြန်လာပြီးနောက်ပိုင်း သူလုပ်ခဲ့သလို ကောင်းကောင်းလုပ်ပြဖို့ဆိုတာ မလွယ်ပါဘူး။ ခင်ဗျားတို့သိတဲ့အတိုင်း သူက ၂၁ နှစ်ကလေးမှ မဟုတ်တာ။

ဒါပေမယ့် ဒဏ်ရာကနေ သူပြန်လာပြီးကတည်းက သူလုပ်ဆောင်ခဲ့တဲ့ အရာတွေက အံ့အားသင့်စရာကောင်းတယ်။ ဒါက သူဟာ ဘယ်လောက်ကောင်းတဲ့ ကစားသမားလဲဆိုတာ၊ သူ့ရဲ့ စိတ်ဓာတ်က ဘယ်လောက်ခိုင်မာလဲဆိုတာ ပြသနေတာပါ။

ဒါပေမယ့် အသင်းကနေ ချန်လှပ်ထားခံရတာကို သူဒေါသဖြစ်တယ်ဆိုရင်တောင် သူ့ကိုယ်သူ ဂရုစိုက်ဖို့ လိုပါတယ်။ ကိုယ့်ကိုယ်ကို ဂရုစိုက်ဖို့ အကောင်းဆုံးက အလှည့်ကျနဲ့ ကစားဖို့ပါပဲ”လို့ မီနာက ဆိုပါတယ်။

ဗန်ဒိုက်ဟာ မာတစ်နဲ့အတူ ပရီးမီးယားလိဂ် ပထမဆုံးလေးပွဲကို ပွဲထွက်ကစားခဲ့ပေမယ့် လီဗာပူးနည်းပြ ယာဂန်ကလော့ပ်က ပဲလေ့စ်နဲ့ပွဲမှာ သူ့ရဲ့ ဗဟိုခံစစ်တွဲဖက်အဖြစ် နွေရာသီ ကစားသမားသစ် ကိုနာတေးကို အသုံးပြုဖို့ ရွေးချယ်ခဲ့တာပါ။

ပြီးခဲ့တဲ့အပတ်က ဗန်ဒိုက်ကို အနားပေးခဲ့ချိန်မှာ အင်္ဂလန်သား ဂျိုးဂိုမက်က သူ့ရဲ့ ဒူးဒဏ်ရာကနေ ၁၀လကြာ နားခဲ့ရပြီးနောက် ကာလရှည်ကြာ စောင့်နေခဲ့ရတဲ့ ပွဲကစားခွင့်ကို ပြန်လည်ရရှိခဲ့ပါတယ်။

“ကလပ်က ဗဟိုနောက်ခံလူတွေကို ကြည့်လိုက်ရင် သူတို့အားလုံးက အံ့အားသင့်စရာ ကောင်းပါတယ်။ လေ့ကျင့်ရေးမှာ သူတို့ကို ကြည့်ရတာ မယုံနိုင်စရာပဲ။ အလှည့်ကျ ကစားခွင့်က သိပ်ကို အရေးကြီးတယ်လို့ ကျွန်တော်ထင်တယ်။

ဒဏ်ရာပြဿနာတွေနဲ့ ကစားသမားတွေ ပုံမှန်မဟုတ်တဲ့ နေရာမှာ ကစားခဲ့ရတွေကြောင့် မနှစ်က ကျွန်တော်တို့ ရခဲ့တဲ့ အဆင့်တွေက ကံမကောင်းခဲ့ဘူး။ ဒီလိုအရာတွေမဖြစ်ရအောင် အလှည့်ကျ ကစားတာက အကူအညီ ဖြစ်စေမယ်လို့ ထင်ပါတယ်”လို့ မီနာက မှတ်ချက်ပေးခဲ့တာ ဖြစ်ပါတယ်။

ZAWGYI

ခံစစ္မွဴး ဗန္ဒိုက္ကို စူပါမန္းလို႔ အသင္းေဖာ္ေတြက တင္စားၾကေပမယ့္ ကာလရွည္ ဒဏ္ရာကေန ျပန္လာတဲ့ နယ္သာလန္သားၾကီးကို ဆက္တိုက္ ပြဲကစားခြင့္ မေပးဘဲ အလွည့္က် ကစားေစတာက အသင္းအတြက္ သိပ္ကိုအေရးႀကီးတယ္လို႔ ဂ်ိမ္းစ္မီနာက ေျပာဆိုပါတယ္။

အသက္ ၃၀ အ႐ြယ္ ခံစစ္မွဴးဟာ ၾကားရက္၊ ေအစီမီလန္နဲ႔ ခ်န္ပီယံလိဂ္ပြဲမွာ အနားေပးခံခဲ့ရေပမယ့္ စေနေန႔ ခရစၥတယ္ပဲေလ့စ္ကို ၃-၀ နဲ႔ ႏိုင္ခဲ့တဲ့ ပရီးမီးယားလိဂ္ပြဲမွာေတာ့ ဒီရာသီ ၎ရဲ႕ ၅ ႀကိမ္ေျမာက္ မိနစ္ ၉၀ အျပည့္ ျပန္လည္ ကစားခဲ့ရပါတယ္။ ဗန္ဒိုက္ဟာ မႏွစ္က ေအာက္တိုဘာ ၁၇ မွာ အဲဗာတန္ ပြဲအတြင္း ေဂ်ာ္ဒန္ပစ္ဖို႔ဒ္နဲ႔ ခိုက္မိခဲ့တဲ့ေနာက္ ဒူးအ႐ြတ္ ခြဲစိတ္မႈ ခံယူဖို႔ လိုအပ္ခဲ့တာပါ။

“ဗန္ဒိုက္က စူပါလူသားလို႔ ကြၽန္ေတာ္တို႔ အားလုံး ထင္ပါတယ္။ သူက အမွတ္ ၁၀၀ ေပးရင္ ၉၉ ေလာက္ ရတဲ့သူပါ။ ကာလရွည္ အနားယူခဲ့ရတဲ့ ဒဏ္ရာကေန ျပန္လာၿပီးေနာက္ပိုင္း သူလုပ္ခဲ့သလို ေကာင္းေကာင္းလုပ္ျပဖို႔ဆိုတာ မလြယ္ပါဘူး။ ခင္ဗ်ားတို႔သိတဲ့အတိုင္း သူက ၂၁ ႏွစ္ကေလးမွ မဟုတ္တာ။

ဒါေပမယ့္ ဒဏ္ရာကေန သူျပန္လာၿပီးကတည္းက သူလုပ္ေဆာင္ခဲ့တဲ့ အရာေတြက အံ့အားသင့္စရာေကာင္းတယ္။ ဒါက သူဟာ ဘယ္ေလာက္ေကာင္းတဲ့ ကစားသမားလဲဆိုတာ၊ သူ႔ရဲ႕ စိတ္ဓာတ္က ဘယ္ေလာက္ခိုင္မာလဲဆိုတာ ျပသေနတာပါ။

ဒါေပမယ့္ အသင္းကေန ခ်န္လွပ္ထားခံရတာကို သူေဒါသျဖစ္တယ္ဆိုရင္ေတာင္ သူ႔ကိုယ္သူ ဂ႐ုစိုက္ဖို႔ လိုပါတယ္။ ကိုယ့္ကိုယ္ကို ဂ႐ုစိုက္ဖို႔ အေကာင္းဆံုးက အလွည့္က်နဲ႔ ကစားဖို႔ပါပဲ”လို႔ မီနာက ဆိုပါတယ္။

ဗန္ဒိုက္ဟာ မာတစ္နဲ႔အတူ ပရီးမီးယားလိဂ္ ပထမဆုံးေလးပြဲကို ပြဲထြက္ကစားခဲ့ေပမယ့္ လီဗာပူးနည္းျပ ယာဂန္ကေလာ့ပ္က ပဲေလ့စ္နဲ႔ပြဲမွာ သူ႔ရဲ႕ ဗဟိုခံစစ္တြဲဖက္အျဖစ္ ေႏြရာသီ ကစားသမားသစ္ ကိုနာေတးကို အသုံးျပဳဖို႔ ေ႐ြးခ်ယ္ခဲ့တာပါ။

ၿပီးခဲ့တဲ့အပတ္က ဗန္ဒိုက္ကို အနားေပးခဲ့ခ်ိန္မွာ အဂၤလန္သား ဂ်ိဳးဂိုမက္က သူ႔ရဲ႕ ဒူးဒဏ္ရာကေန ၁၀လၾကာ နားခဲ့ရၿပီးေနာက္ ကာလရွည္ၾကာ ေစာင့္ေနခဲ့ရတဲ့ ပြဲကစားခြင့္ကို ျပန္လည္ရရွိခဲ့ပါတယ္။

“ကလပ္က ဗဟိုေနာက္ခံလူေတြကို ၾကည့္လိုက္ရင္ သူတို႔အားလုံးက အံ့အားသင့္စရာ ေကာင္းပါတယ္။ ေလ့က်င့္ေရးမွာ သူတို႔ကို ၾကည့္ရတာ မယုံႏိုင္စရာပဲ။ အလွည့္က် ကစားခြင့္က သိပ္ကို အေရးႀကီးတယ္လို႔ ကြၽန္ေတာ္ထင္တယ္။

ဒဏ္ရာျပႆနာေတြနဲ႔ ကစားသမားေတြ ပုံမွန္မဟုတ္တဲ့ ေနရာမွာ ကစားခဲ့ရေတြေၾကာင့္ မႏွစ္က ကြၽန္ေတာ္တို႔ ရခဲ့တဲ့ အဆင့္ေတြက ကံမေကာင္းခဲ့ဘူး။ ဒီလိုအရာေတြမျဖစ္ရေအာင္ အလွည့္က် ကစားတာက အကူအညီ ျဖစ္ေစမယ္လို႔ ထင္ပါတယ္”လို႔ မီနာက မွတ္ခ်က္ေပးခဲ့တာ ျဖစ္ပါတယ္။