လီဗာပူးလက်ထောက်နည်းပြ ပပ်လင်ဒါးက ကာရာဘောင်း ပွဲကြိုမှာ အသင်းရဲ့ ဒဏ်ရာရ ကစားသမားတွေရဲ့ အခြေအနေကို ထုတ်ပြောလာခဲ့ပြီဖြစ်ပါတယ်။

လင်ဒါးက “ သီယာဂို အခြေအနေက ပွဲအပြီး မန်နေဂျာကြီး ပြောသွားသလို ခြေသလုံး ကြွက်သား ဒဏ်ရာဖြစ်ပါတယ်။ သူဘယ်လောက်ကြာ နားရမယ်ဆိုတာတော့ မပြောနိုင်သေးပါဘူး။ ဒါပေမယ့် နော့ဝစ်ချ်ပွဲအတွက် အဆင်သင့် မဖြစ်သေးဘူး။ ပိတ်ရက် ပရီးမီးယားလိဂ်ပွဲအတွက်လည်း အဆင်သင့် မဖြစ်သေးပါဘူး။

စကန်ရလဒ်ကို စောင့်နေပြီး ပွဲတွေ ကစားရဖို့ ရှိနေတာကြောင့် သူ့ရဲ့ ဒဏ်ရာက စိတ်ပျက်စရာပါပဲ။ သူက ကျနေ်ာတို့အတွက် စစ်မှန်တဲ့ ပလေးမိတ်ကာတစ်ယောက် ဖြစ်ပါတယ်။ သူမပါနိုင်မှာက စိတ်ပျက်စရာပါ။ တစ်ပတ်အတွင်းမှာ လွှမ်းမိုးမှုကြီးတဲ့ ကွင်းလယ်လူ နှစ်ဦးကို ဆုံးရံှုးလိုက်ရတာက သတင်းဆိုးပဲ ဖြစ်ပါတယ် ” လို့ ပြောဆိုခဲ့တယ်။

ဒီအပတ်မှာ ဖာမင်နို အသင်းနဲ့အတူ လေ့ကျင့်ရေး ပြန်ဆင်းမှာဖြစ်ပေမယ့် နော့ဝစ်ချ်နဲ့ပွဲမှာ ပါနိုင်မှာ မဟုတ်ပါဘူး။ ထရန့်၊ နီကိုးတို့ကလည်း ပါနိုင်မှာ မဟုတ်ဘူးလို့ သိရတယ်။

“ ထရန့်ကနေ စပြောရအောင်၊ ပဲလေစ့်ပွဲ မစခင်မှာ သူက ဆရာဝန်နဲ့ စကားပြောခဲ့ရတယ်။ ဖျားနေပေမယ့် သူလည်း ပွဲကစားလိုခဲ့ပါတယ်။ ဒါပေမယ့် အနားယူရဖို့ ဖြစ်လာတယ်။ ထရန့်နဲ့ကော မီလ်နာနဲ့ပါ စကားပြောခဲ့ပြီး ချက်ခြင်းပဲ မီလ်နာကို ပွဲ အစီအစဉ်တွေ ရှင်းပြရတော့တာပါပဲ။ မီလ်နာက ညာခြမ်းမှာ လွှမ်းမိုး ကားနိုင်ခဲ့ပါတယ်။ ထရန့်ရဲ့ ပြဿနာအတွက် အတွေ့အကြုံပိုင်းနဲ့ ကျနေ်ာတို့ ဖြေရှင်းလိုခဲ့ပြီး လိုတာထက် ပိုရခဲ့ပါတယ်။

ထရန့်မှာ ဘာလက္ခဏာမှ မပြပါဘူး။ ကိုဗစ် မဟုတ်ပါဘူး။ ကျနေ်ာတို့ စစ်ဆေးမှုတွေ လုပ်ခဲ့ပြီး နော့ဝစ်ချ်ပွဲမှာ ပါဝင်ဖို့ကတော့ စောလွန်းနေပါတယ်။

ဘောဘီကတော့ အသင်းနဲ့ လေ့ကျင့်ရေးမှာ ပါဝင်တော့မှာပါ ဒါပေမယ့် အဆင်သင့် မဖြစ်သေးပါဘူး။ သူ့ရဲ့ တိုးတက်မှုက ကောင်းပါတယ်။ နောက်ပြီး နီကိုးကလည်း တိုးတက်လာပါပြီ။ မနက်ဖြန်ပွဲကတော့ သူ့အတွက် စောလွန်းနေပါတယ် ” လို့ ဆိုခဲ့တာဖြစ်တယ်။

နော့ဝစ်ချ်နဲ့ပွဲမှာ အယ်လီဆန် ဖမ်းမှာ မဟုတ်ဘဲ ကလယ်ဟာဖမ်းမယ်ဆိုတာကိုလည်း လင်ဒါးကပဲ အတည်ပြုသွားခဲ့ပါတယ်။

ZAWGYI

လီဗာပူးလက္ေထာက္နည္းျပ ပပ္လင္ဒါးက ကာရာေဘာင္း ပြဲၾကိဳမွာ အသင္းရဲ႕ ဒဏ္ရာရ ကစားသမားေတြရဲ႕ အေျခအေနကို ထုတ္ေျပာလာခ့ဲျပီျဖစ္ပါတယ္။

လင္ဒါးက “ သီယာဂို အေျခအေနက ပြဲအျပီး မန္ေနဂ်ာၾကီး ေျပာသြားသလို ေျခသလံုး ၾကြက္သား ဒဏ္ရာျဖစ္ပါတယ္။ သူဘယ္ေလာက္ၾကာ နားရမယ္ဆိုတာေတာ့ မေျပာႏုိင္ေသးပါဘူး။ ဒါေပမယ့္ ေနာ့ဝစ္ခ်္ပြဲအတြက္ အဆင္သင့္ မျဖစ္ေသးဘူး။ ပိတ္ရက္ ပရီးမီးယားလိဂ္ပြဲအတြက္လည္း အဆင္သင့္ မျဖစ္ေသးပါဘူး။

စကန္ရလဒ္ကို ေစာင့္ေနျပီး ပြဲေတြ ကစားရဖို႔ ရွိေနတာေၾကာင့္ သူ႔ရဲ႕ ဒဏ္ရာက စိတ္ပ်က္စရာပါပဲ။ သူက က်ေန္ာတို႔အတြက္ စစ္မွန္တဲ့ ပေလးမိတ္ကာတစ္ေယာက္ ျဖစ္ပါတယ္။ သူမပါႏုိင္မွာက စိတ္ပ်က္စရာပါ။ တစ္ပတ္အတြင္းမွာ လႊမ္းမိုးမႈၾကီးတဲ့ ကြင္းလယ္လူ ႏွစ္ဦးကို ဆံုးရံွဳးလိုက္ရတာက သတင္းဆိုးပဲ ျဖစ္ပါတယ္ ” လို႔ ေျပာဆိုခဲ့တယ္။

ဒီအပတ္မွာ ဖာမင္ႏို အသင္းနဲ႔အတူ ေလ့က်င့္ေရး ျပန္ဆင္းမွာျဖစ္ေပမယ့္ ေနာ့ဝစ္ခ်္နဲ႔ပြဲမွာ ပါႏုိင္မွာ မဟုတ္ပါဘူး။ ထရန္႔၊ နီကိုးတို႔ကလည္း ပါႏုိင္မွာ မဟုတ္ဘူးလို႔ သိရတယ္။

“ ထရန္႔ကေန စေျပာရေအာင္၊ ပဲေလစ့္ပြဲ မစခင္မွာ သူက ဆရာဝန္နဲ႔ စကားေျပာခဲ့ရတယ္။ ဖ်ားေနေပမယ့္ သူလည္း ပြဲကစားလိုခဲ့ပါတယ္။ ဒါေပမယ့္ အနားယူရဖို႔ ျဖစ္လာတယ္။ ထရန္႔နဲ႔ေကာ မီလ္နာနဲ႔ပါ စကားေျပာခဲ့ျပီး ခ်က္ျခင္းပဲ မီလ္နာကို ပြဲ အစီအစဥ္ေတြ ရွင္းျပရေတာ့တာပါပဲ။ မီလ္နာက ညာျခမ္းမွာ လႊမ္းမိုး ကားႏုိင္ခဲ့ပါတယ္။ ထရန္႔ရဲ႕ ျပႆနာအတြက္ အေတြ႔အၾကံဳပိုင္းနဲ႔ က်ေန္ာတို႔ ေျဖရွင္းလိုခဲ့ျပီး လိုတာထက္ ပိုရခဲ့ပါတယ္။

ထရန္႔မွာ ဘာလကၡဏာမွ မျပပါဘူး။ ကိုဗစ္ မဟုတ္ပါဘူး။ က်ေန္ာတို႔ စစ္ေဆးမႈေတြ လုပ္ခဲ့ျပီး ေနာ့ဝစ္ခ်္ပြဲမွာ ပါဝင္ဖို႔ကေတာ့ ေစာလြန္းေနပါတယ္။

ေဘာဘီကေတာ့ အသင္းနဲ႔ ေလ့က်င့္ေရးမွာ ပါဝင္ေတာ့မွာပါ ဒါေပမယ့္ အဆင္သင့္ မျဖစ္ေသးပါဘူး။ သူ႔ရဲ႕ တိုးတက္မႈက ေကာင္းပါတယ္။ ေနာက္ျပီး နီကိုးကလည္း တိုးတက္လာပါျပီ။ မနက္ျဖန္ပြဲကေတာ့ သူ႔အတြက္ ေစာလြန္းေနပါတယ္ ” လို႔ ဆိုခဲ့တာျဖစ္တယ္။

ေနာ့ဝစ္ခ်္နဲ႔ပြဲမွာ အယ္လီဆန္ ဖမ္းမွာ မဟုတ္ဘဲ ကလယ္ဟာဖမ္းမယ္ဆိုတာကိုလည္း လင္ဒါးကပဲ အတည္ျပဳသြားခဲ့ပါတယ္။