ခြေကျင်းဝတ် ခွဲစိတ်မှုအပြီး ကွင်းဘေးမှာ နေနေရတဲ့အချိန်တွေကြောင့် တိုးတက်မှု နှောင့်နှေးခဲ့ရတဲ့ ပြဿနာကို ကိုင်တွယ်ဖြေရှင်းတဲ့နေရာမှာ ဟာဗေး အယ်လီးယော့ အနေနဲ့ ဘယ်လိုမျိုး ထူးထူးချွန်ချွန် တုံ့ပြန်ခဲ့သလဲဆိုတဲ့အကြောင်းကို လက်ထောက်နည်းပြ ပပ်လင်ဒါးက ပြောပြခဲ့ပါတယ်။

ကွင်းလယ်လူဟာ စက်တင်ဘာ ၁၂ ရက်နေ့က လိဒ်ယူနိုက်တက်ကို ၃-၀ နဲ့ နိုင်ခဲ့တဲ့ ပွဲအတွင်း ဘယ်ခြေကျင်းဝတ် အဆစ်လွဲတဲ့ ဒဏ်ရာကို ခံစားခဲ့ရတဲ့နောက် ပြီးခဲ့တဲ့ အပတ်ကမှ ခွဲစိတ်မှု အောင်မြင်ခဲ့တာဖြစ်ပါတယ်။

အယ်လီးယော့ အနေနဲ့ ဘယ်တော့ ပွဲပြန်ကစားနိုင်မလဲ ဆိုတဲ့အပေါ် တိကျတဲ့ အချိန်အတိုင်းအတာ မရှိပေမယ့် ကလပ်ရဲ့ ဆေးအဖွဲနဲ့ ပြန်လည်ထူထောင်ရေး အစီအစဉ်တွေကို ပြီးမြောက်ခဲ့တဲ့နောက် ဒီရာသီအတွင်းမှာပဲ ထပ်မံပြီး ပွဲကစားခွင့်ရဖို့ မျှော်လင့်နေတာပါ။

လင်ဒါးက ပြောပြရာမှာ “ ဟာဗေးက ဟားဗေးပါပဲ။ လူငယ်လေးတစ်ယောက်ဖြစ်ပေမယ့် သူက ဒီပြဿနာကို ပြောင်ပြောင်မြောက်မြောက် ကိုင်တွယ် ဖြေရှင်းနိုင်တယ်လို့ ပြောရမယ်။

ကျွန်တော်တို့ရဲ့ အသင်းကစားသမားတွေကို ကြည့်ရင် အလားတူ ဒဏ်ရာရခဲ့တဲ့ ကစားသမားတွေ အများကြီး မရှိပါဘူး။ ဒါပေမယ့် အဲ့ဒီ့လို ကာလရှည် ဒဏ်ရာတွေတော့ ရှိခဲ့ကြပါတယ်။ ကျွန်တော်တို့အသင်းက တကယ်ကို စည်းစနစ်ကျတဲ့ မိသားစုတစ်ခုပါပဲ။ ဒဏ်ရာပြဿနာတွေကို သူတို့ ဘယ်လို တုံ့ပြန်ခဲ့လဲဆိုတာကို ခင်ဗျားတို့ မြင်နိုင်ပါတယ်။

ဟာဗေးရဲ့ ဒဏ်ရာကြောင့် နာဘီ ကိတ်တာဆိုရင် ကွင်းဘေးမှာ မျက်ရည်ကျခဲ့ရပြီး ကာတစ်ဂျုံးစ်ကလည်း စိတ်ထိခိုက်ခဲ့ရတယ်။ ဟာဗေးရဲ့ ဒဏ်ရာက ကျွန်တော်တို့ အားလုံးအတွက် အတော်လေး သက်ရောက်မှု ရှိပါတယ်။ ဘောလုံးအားကစား ရှုထောင့်တင်မက၊ လူငယ်တစ်ယောက်ရဲ့ ရှုထောင့်ကနေ ဆိုရင်လည်း အခိုက်အတန့်ကောင်းတွေ ရနေတဲ့ လူငယ်တစ်ယောက်၊ ပိုကောင်းတဲ့ ကွင်းလယ်လူတစ်ယောက်ကို ကျွန်တော်တို့ ဆုံးရှုံးခဲ့ရတာပါ။

ဒါကို ဟာဗေးက ကောင်းကောင်း ကိုင်တွယ်နိုင်ခဲ့တယ်။ ကျွန်တော်တို့ရဲ့ ဆေးအဖွဲ့ဌာနနဲ့အတူ ကျွန်တော်တို့မှာ တကယ်ကို ခိုင်မာတဲ့ တည်ဆောက်မှု ရှိပြီးသားပါ။ အဲ့ဒီ့လူအားလုံးနဲ့အတူ ကျွန်တော်တို့က ဒီလို အစောပိုင်း အဆင့်တွေမှာ တတ်နိုင်သလောက် သူ့ကို အများကြီး ပံ့ပိုးပေးဖို့ ကြိုးစားနေပါတယ်။

ကာလရှည်ဒဏ်ရာမှာက တနေ့ချင်းစီက အောင်မြင်မှုပဲ။ ကိစ္စသေးသေးလေးတွေကနေ တဆင့်ပြီးတဆင့် တိုးတက်ကောင်းမွန်လာဖို့ သူက ဒီအပေါ်မှာ အာရုံစိုက်ထားတာပါ ” လို့ နောဝစ်ချ်နဲ့ ပွဲကြိုသတင်းစာရှင်းလင်းပွဲမှာ လင်ဒါက ပြောပြခဲ့တာ ဖြစ်ပါတယ်။

ZAWGYI

ေျခက်င္းဝတ္ ခြဲစိတ္မႈအၿပီး ကြင္းေဘးမွာ ေနေနရတဲ့အခ်ိန္ေတြေၾကာင့္ တိုးတက္မႈ ေႏွာင့္ေႏွးခဲ့ရတဲ့ ျပႆနာကို ကိုင္တြယ္ေျဖရွင္းတဲ့ေနရာမွာ ဟာေဗး အယ္လီးေယာ့ အေနနဲ႔ ဘယ္လိုမ်ိဳး ထူးထူးခြၽန္ခြၽန္ တုံ႔ျပန္ခဲ့သလဲဆိုတဲ့အေၾကာင္းကို လက္ေထာက္နည္းျပ ပပ္လင္ဒါးက ေျပာျပခဲ့ပါတယ္။

ကြင္းလယ္လူဟာ စက္တင္ဘာ ၁၂ ရက္ေန႔က လိဒ္ယူႏိုက္တက္ကို ၃-၀ နဲ႔ ႏိုင္ခဲ့တဲ့ ပြဲအတြင္း ဘယ္ေျခက်င္းဝတ္ အဆစ္လြဲတဲ့ ဒဏ္ရာကို ခံစားခဲ့ရတဲ့ေနာက္ ၿပီးခဲ့တဲ့ အပတ္ကမွ ခြဲစိတ္မႈ ေအာင္ျမင္ခဲ့တာျဖစ္ပါတယ္။

အယ္လီးေယာ့ အေနနဲ႔ ဘယ္ေတာ့ ပြဲျပန္ကစားႏိုင္မလဲ ဆိုတဲ့အေပၚ တိက်တဲ့ အခ်ိန္အတိုင္းအတာ မရွိေပမယ့္ ကလပ္ရဲ႕ ေဆးအဖြဲနဲ႔ ျပန္လည္ထူေထာင္ေရး အစီအစဥ္ေတြကို ၿပီးေျမာက္ခဲ့တဲ့ေနာက္ ဒီရာသီအတြင္းမွာပဲ ထပ္မံၿပီး ပြဲကစားခြင့္ရဖို႔ ေမွ်ာ္လင့္ေနတာပါ။

လင္ဒါးက ေျပာျပရာမွာ “ ဟာေဗးက ဟားေဗးပါပဲ။ လူငယ္ေလးတစ္ေယာက္ျဖစ္ေပမယ့္ သူက ဒီျပႆနာကို ေျပာင္ေျပာင္ေျမာက္ေျမာက္ ကိုင္တြယ္ ေျဖရွင္းႏိုင္တယ္လို႔ ေျပာရမယ္။

ကြၽန္ေတာ္တို႔ရဲ႕ အသင္းကစားသမားေတြကို ၾကည့္ရင္ အလားတူ ဒဏ္ရာရခဲ့တဲ့ ကစားသမားေတြ အမ်ားႀကီး မရွိပါဘူး။ ဒါေပမယ့္ အဲ့ဒီ့လို ကာလရွည္ ဒဏ္ရာေတြေတာ့ ရွိခဲ့ၾကပါတယ္။ ကြၽန္ေတာ္တို႔အသင္းက တကယ္ကို စည္းစနစ္က်တဲ့ မိသားစုတစ္ခုပါပဲ။ ဒဏ္ရာျပႆနာေတြကို သူတို႔ ဘယ္လို တုံ႔ျပန္ခဲ့လဲဆိုတာကို ခင္ဗ်ားတို႔ ျမင္ႏိုင္ပါတယ္။

ဟာေဗးရဲ႕ ဒဏ္ရာေၾကာင့္ နာဘီ ကိတ္တာဆိုရင္ ကြင္းေဘးမွာ မ်က္ရည္က်ခဲ့ရၿပီး ကာတစ္ဂ်ဳံးစ္ကလည္း စိတ္ထိခိုက္ခဲ့ရတယ္။ ဟာေဗးရဲ႕ ဒဏ္ရာက ကြၽန္ေတာ္တို႔ အားလုံးအတြက္ အေတာ္ေလး သက္ေရာက္မႈ ရွိပါတယ္။ ေဘာလုံးအားကစား ရႈေထာင့္တင္မက၊ လူငယ္တစ္ေယာက္ရဲ႕ ရႈေထာင့္ကေန ဆိုရင္လည္း အခိုက္အတန္႔ေကာင္းေတြ ရေနတဲ့ လူငယ္တစ္ေယာက္၊ ပိုေကာင္းတဲ့ ကြင္းလယ္လူတစ္ေယာက္ကို ကြၽန္ေတာ္တို႔ ဆုံးရႈံးခဲ့ရတာပါ။

ဒါကို ဟာေဗးက ေကာင္းေကာင္း ကိုင္တြယ္ႏိုင္ခဲ့တယ္။ ကြၽန္ေတာ္တို႔ရဲ႕ ေဆးအဖြဲ႕ဌာနနဲ႔အတူ ကြၽန္ေတာ္တို႔မွာ တကယ္ကို ခိုင္မာတဲ့ တည္ေဆာက္မႈ ရွိၿပီးသားပါ။ အဲ့ဒီ့လူအားလုံးနဲ႔အတူ ကြၽန္ေတာ္တို႔က ဒီလို အေစာပိုင္း အဆင့္ေတြမွာ တတ္ႏိုင္သေလာက္ သူ႔ကို အမ်ားႀကီး ပံ့ပိုးေပးဖို႔ ႀကိဳးစားေနပါတယ္။

ကာလရွည္ဒဏ္ရာမွာက တေန႔ခ်င္းစီက ေအာင္ျမင္မႈပဲ။ ကိစၥေသးေသးေလးေတြကေန တဆင့္ၿပီးတဆင့္ တိုးတက္ေကာင္းမြန္လာဖို႔ သူက ဒီအေပၚမွာ အာ႐ုံစိုက္ထားတာပါ ” လို႔ ေနာဝစ္ခ်္နဲ႔ ပြဲႀကိဳသတင္းစာရွင္းလင္းပြဲမွာ လင္ဒါက ေျပာျပခဲ့တာ ျဖစ္ပါတယ္။