လီဗာပူးမန်နေဂျာ ယာဂင်ကလော့ပ်ဟာ သူ့ရဲ့ တိုက်စစ်သမား မီနာမီနိုနဲ့ ပတ်သက်လို့ ချီးကျူးမှုတွေကို လုပ်ခွင့်ရခဲ့ပြီဖြစ်ပါတယ်။

မီနာမီနိုဟာ လီဗာပူး လေ့ကျင့်ရေးမှာ အတော်လေး ခြေစွာတဲ့ တိုက်စစ်သမားဖြစ်ပါတယ်။ ဒီရာသီ လီဗာပူးနည်းပြတွေကိုရဲ့ အထင်ကြီးမှုတွေကိုပါ ရရှိထားပေမယ့် ကစားကွင်းထဲမှာ သူ့ရဲ့ လုပ်နိုင်စွမ်းကို ပြသနိုင်ခြင်း အားနည်းနေခဲ့တယ်။ နော့ဝစ်ချ်နဲ့ ကာရာဘောင်းပွဲမှာတော့ သွင်းဂိုး ၂ ဂိုး ရယူခဲ့တဲ့ မီနာမီနိုက သူ့ရဲ့ လုပ်နိုင်စွမ်းတွေကို ပရိသတ်တွေကို မြင်စေခဲ့ပါတယ်။

ယာဂင်က ” ဘောလုံးသမားတွေက ပွဲကစားလိုပါတယ်။ ဒါက ရှင်းပါတယ်။ တာကီက လက်ရွေးစင်အသင်းမှာ ဒဏ်ရာရခဲ့တယ်။ ရာနှုန်းပြည့် မကြံ့ခိုင်ပေမယ့်လို့ သီတင်းပတ် ၆၀ လောက် ဒဏ်ရာနဲ့ နားနေရမယ့် အနေအထား မဟုတ်ပါဘူး။

ဒဏ်ရာကနေ ပြန်သက်သာလာပြီးနောက်ပိုင်း ပထမဆုံးအကြိမ် ပွဲကစားရတာဖြစ်ပေမယ့် ကောင်းမွန်တဲ့ အခိုက်အတန့်တွေကို ပိုင်ဆိုင်ခဲ့ပါတယ်။ လေ့ကျင့်ရေးမှာ သိပ်ကောင်းတဲ့သူက ထိုက်တန်တဲ့ သွင်းဂိုး ၂ ဂိုးကိုလည်း ရခဲ့ပါတယ်။

ပထမဂိုးက သူဆုံးဖြတ်ချက် မြန်မြန်နဲ့ ပါးပါးနပ်နပ် သွင်းယူသွားခဲ့တာပါ။ ဒုတိယဂိုးကို ကျနော် မမြင်လိုက်ပေမယ့် သူ ဧရိယာထဲကို ဘောလုံးဆွဲပြေးပြီး အဆုံးသတ်သွားတာပါ။ ရာသီကြိုမှာ သူသိပ်ကောင်းပါတယ်။ အဲ့နောက် လက်ရွေးစင်တာဝန် ထမ်းဆောင်ရင်း ဒဏ်ရာရသွားခဲ့တယ်။ ဒါပေမယ့်လို့ အခုတော့ သူပြန်လာပါပြီ။ ” လို့ ကျေနပ်စွာ မှတ်ချက်ပေးခဲ့တယ်။

ပွဲနဲ့ ပတ်သက်လို့ ယာဂင်ကပဲ ” ကျနေ်ာတို့ အစကောင်းခဲ့ပါတယ်။ တကယ်ကို တိုက်ခိုက်လိုစိတ်တွေနဲ့ ကစားခဲ့တယ်။ ဒီအသင်းက အကြာကြီး လေ့ကျင့်ခဲ့တာ မဟုတ်တာကြောင့် ဆုံးဖြတ်ချက် အမှားတွေလည်းရှိခဲ့ပါတယ်။ ခံစစ်နောက်ဆုံးလိုင်းနဲ့ ဂိုးသမားက ကျနေ်ာတို့အတွက် ကာကွယ်မှုတွေ လုပ်ပေးနေရတာက အဲ့အမှားတွေကြောင့်ပါပဲ။

ဒါပေမယ့် ဒုတိယဂိုးနဲ့ တတိယဂိုးရအောင် ကျနေ်ာတို့ ကြိုးစားနိုင်ခဲ့တယ်။ ပွဲကို ထိန်းချုပ်နိုင်ခဲ့တယ်။ ကောင်လေးတွေ သိပ်ကို ကောင်းပါတယ်။ သုံးယောက်လုံး ရုပ်ပိုင်းဆိုင်ရာ သန်မာပြီး ကျနေ်ာတို့ကို အံ့သြသင့်စေတာကတော့ မိနစ် ၉၀ အပြည့် ကစားနိုင်ခဲ့တာပါ။ သူတို့အတွက် ကြီးကျယ်တဲ့ အခိုက်အတန့်ဖြစ်လို့ အခုလို ကစားနိုင်ခဲ့ကြတာကို ပျော်မိပါတယ်။ ” လို့ ဆိုသွားခဲ့တာဖြစ်ပါတယ်။

ZAWGYI

လီဗာပူးမန္ေနဂ်ာ ယာဂင္ကေလာ့ပ္ဟာ သူ႔ရဲ႕ တိုက္စစ္သမား မီနာမီႏိုနဲ႔ ပတ္သက္လို႔ ခ်ီးက်ဴးမႈေတြကို လုပ္ခြင့္ရခဲ့ျပီျဖစ္ပါတယ္။

မီနာမီႏိုဟာ လီဗာပူး ေလ့က်င့္ေရးမွာ အေတာ္ေလး ေျခစြာတဲ့ တိုက္စစ္သမားျဖစ္ပါတယ္။ ဒီရာသီ လီဗာပူးနည္းျပေတြကိုရဲ႕ အထင္ၾကီးမႈေတြကိုပါ ရရွိထားေပမယ့္ ကစားကြင္းထဲမွာ သူ႔ရဲ႕ လုပ္ႏုိင္စြမ္းကို ျပသႏုိင္ျခင္း အားနည္းေနခဲ့တယ္။ ေနာ့ဝစ္ခ်္နဲ႔ ကာရာေဘာင္းပြဲမွာေတာ့ သြင္းဂိုး ၂ ဂိုး ရယူခဲ့တဲ့ မီနာမီႏိုက သူ႔ရဲ႕ လုပ္ႏုိင္စြမ္းေတြကို ပရိသတ္ေတြကို ျမင္ေစခဲ့ပါတယ္။

ယာဂင္က ” ေဘာလံုးသမားေတြက ပြဲကစားလိုပါတယ္။ ဒါက ရွင္းပါတယ္။ တာကီက လက္ေရြးစင္အသင္းမွာ ဒဏ္ရာရခဲ့တယ္။ ရာႏႈန္းျပည့္ မၾကံ႕ခိုင္ေပမယ့္လို႔ သီတင္းပတ္ ၆၀ ေလာက္ ဒဏ္ရာနဲ႔ နားေနရမယ့္ အေနအထား မဟုတ္ပါဘူး။

ဒဏ္ရာကေန ျပန္သက္သာလာျပီးေနာက္ပိုင္း ပထမဆံုးအၾကိမ္ ပြဲကစားရတာျဖစ္ေပမယ့္ ေကာင္းမြန္တဲ့ အခိုက္အတန္႔ေတြကို ပိုင္ဆိုင္ခဲ့ပါတယ္။ ေလ့က်င့္ေရးမွာ သိပ္ေကာင္းတဲ့သူက ထိုက္တန္တဲ့ သြင္းဂိုး ၂ ဂိုးကိုလည္း ရခဲ့ပါတယ္။

ပထမဂိုးက သူဆံုးျဖတ္ခ်က္ ျမန္ျမန္နဲ႔ ပါးပါးနပ္နပ္ သြင္းယူသြားခဲ့တာပါ။ ဒုတိယဂိုးကို က်ေနာ္ မျမင္လိုက္ေပမယ့္ သူ ဧရိယာထဲကို ေဘာလံုးဆြဲေျပးျပီး အဆံုးသတ္သြားတာပါ။ ရာသီၾကိဳမွာ သူသိပ္ေကာင္းပါတယ္။ အဲ့ေနာက္ လက္ေရြးစင္တာဝန္ ထမ္းေဆာင္ရင္း ဒဏ္ရာရသြားခဲ့တယ္။ ဒါေပမယ့္လို႔ အခုေတာ့ သူျပန္လာပါျပီ။ ” လို႔ ေက်နပ္စြာ မွတ္ခ်က္ေပးခဲ့တယ္။

ပြဲနဲ႔ ပတ္သက္လို႔ ယာဂင္ကပဲ ” က်ေန္ာတို႔ အစေကာင္းခဲ့ပါတယ္။ တကယ္ကို တိုက္ခိုက္လိုစိတ္ေတြနဲ႔ ကစားခဲ့တယ္။ ဒီအသင္းက အၾကာၾကီး ေလ့က်င့္ခဲ့တာ မဟုတ္တာေၾကာင့္ ဆံုးျဖတ္ခ်က္ အမွားေတြလည္းရွိခဲ့ပါတယ္။ ခံစစ္ေနာက္ဆံုးလိုင္းနဲ႔ ဂိုးသမားက က်ေန္ာတို႔အတြက္ ကာကြယ္မႈေတြ လုပ္ေပးေနရတာက အဲ့အမွားေတြေၾကာင့္ပါပဲ။

ဒါေပမယ့္ ဒုတိယဂိုးနဲ႔ တတိယဂိုးရေအာင္ က်ေန္ာတို႔ ၾကိဳးစားႏုိင္ခဲ့တယ္။ ပြဲကို ထိန္းခ်ဳပ္ႏုိင္ခဲ့တယ္။ ေကာင္ေလးေတြ သိပ္ကို ေကာင္းပါတယ္။ သံုးေယာက္လံုး ရုပ္ပိုင္းဆိုင္ရာ သန္မာျပီး က်ေန္ာတို႔ကို အံ့ၾသသင့္ေစတာကေတာ့ မိနစ္ ၉၀ အျပည့္ ကစားႏုိင္ခဲ့တာပါ။ သူတို႔အတြက္ ၾကီးက်ယ္တဲ့ အခိုက္အတန္႔ျဖစ္လို႔ အခုလို ကစားႏုိင္ခဲ့ၾကတာကို ေပ်ာ္မိပါတယ္။ ” လို႔ ဆိုသြားခဲ့တာျဖစ္ပါတယ္။