ဂျိုးဂိုးမက်စ်က နော့ဝစ်ချ်စီးတီးကို ၃-၀ ဖြင့် အနိုင်ရခဲ့တဲ့ ကာရာဘောင်း တတိယအဆင့် ပွဲစဉ်မှာ လီဗာပူးအသင်းရဲ့ အသင်းခေါင်းဆောင် တာဝန် ရယူခွင့်ကို ဂုဏ်ယူမိပါကြောင်း ထုတ်ပြောလာပါတယ်။

ပဲလေစ့်နဲ့ပွဲ လူစာရင်းကို ၉ ခုထိ အပြောင်းအလဲ ပြုလုပ်ရာမှာ ဂိုးမက်စ်လည်း ပါဝင်လာခဲ့ပြီး ၂၀၁၅ တုန်းက ချာတန်ကနေ လီဗာပူးကို ရောက်လာတဲ့နောက် ပထမဆုံး အကြိမ်အဖြစ် အသင်းခေါင်းဆောင် တာဝန်ကို ရယူခဲ့တာပါ။ မနှစ်ကရာသီ ဒူးဒဏ်ရာကြောင့် ကာလရှည် နားနေခဲ့ရတဲ့ ဂိုးမက်စ်အတွက် ဒီရာသီမှာ ဒုတိယအကြိမ် ပွဲထွက် လူစာရင်းက ပါဝင်ရခြင်း ဖြစ်ပါတယ်။

ဂိုးမက်စ် ဦးဆောင်တဲ့ အသင်းအဖွဲ့မှာ မီနာမီနိုရဲ့ သွင်းဂိုး ၂ ဂိုးရယူခဲ့တယ်။ ဒါ့အပြင် လီဗာပူးသမိုင်းမှာ လိဂ်ဖလားပြိုင်ပွဲအတွင်း သွင်းဂိုး ၁၀ ဂိုး ရတဲ့ ၉ ဦးမြောက် ကစားသမားအဖြစ် အိုရီဂီကလည်း သွင်းဂိုး တစ်ဂိုး ရယူခဲ့သေးတာဖြစ်တယ်။

ပွဲအပြီး လီဗာပူးအသင်း ဝဘ်ဆိုဒ်ကနေ ဂိုးမက်စ်က “ ကျနော် သိပ်ကို ဂုဏ်ယူမိပါတယ်။ မနှစ်ကရာသီ ကျနော် ပိုင်ဆိုင်ခဲ့တဲ့ ခြားနားတဲ့ ဒဏ်ရာပြဿနာတွေကနေ ပြန်လာနိုင်တဲ့နောက် ပွဲကစားခွင့်ရတဲ့ မိနစ်တိုင်းကို တန်ဖိုးထားပါတယ်။ ဒီအသင်းကို အသင်းခေါင်းဆောင်အဖြစ် တာဝန်ယူရတာက မယုံနိုင်စရာပါပဲ။ သိပ်ကို ပျော်ရွှင်ရပါတယ်။

ကိုယ်လုပ်နိုင်သမျှ အကောင်းဆုံးဖြင့် အသင်းကို ဦးဆောင်ပေးဖို့ တာဝန်ကို ရယူခဲ့ရပါတယ်။ လူတိုင်းက ခြားနားတဲ့ နည်းလမ်းတွေဖြင့် အသင်းကို ဦးဆောင်ကြတာဖြစ်တယ်။ ကိုယ်ဘာသာ အကောင်းဆုံးဖြစ်လိုပြီး ဒီလိုပွဲကို အကောင်းဆုံးပုံစံနဲ့ပဲ ဦးဆောင်လိုတယ်ဆိုတာ ကျနော် သိပါတယ်။

အသင်းဖော်တွေ အားလုံးကလည်း မယုံနိုင်လောက်အောင် ကောင်းမွန်ခဲ့တယ်။ ဒီတော့ သိပ်ပြီးများများစားစား ပြောစရာတွေလည်း မရှိခဲ့ဘဲ ဖြစ်နိုင်သလောက် သူတို့ကို ယုံကြည်မှုတွေ ပေးနိုင်ဖို့ပဲ ကြိုးစားခဲ့ပါတယ် ” လို့ ဆိုသွားခဲ့တာဖြစ်ပါတယ်။

ဂိုးမက်စ်ဟာ အသင်းဖော်သစ်ဖြစ်တဲ့ ကိုနတေးနဲ့ မိနစ် ၉၀ အပြည့် တွဲဘက် ကစားခဲ့တာဖြစ်ပြီး သူဟာ လူငယ်ကစားသမားတွေဖြစ်တဲ့ ဘရတ်ဒလေ၊ ဂေါ်ဒန်နဲ့ မော်တန်တို့ကိုလည်း ဦးဆောင်မှုတွေ လုပ်ပေးခဲ့ရတာဖြစ်ပါတယ်။

ZAWGYI

ဂ်ိဳးဂိုးမက္စ္က ေနာ့ဝစ္ခ်္စီးတီးကို ၃-၀ ျဖင့္ အႏုိင္ရခဲ့တဲ့ ကာရာေဘာင္း တတိယအဆင့္ ပြဲစဥ္မွာ လီဗာပူးအသင္းရဲ႕ အသင္းေခါင္းေဆာင္ တာဝန္ ရယူခြင့္ကို ဂုဏ္ယူမိပါေၾကာင္း ထုတ္ေျပာလာပါတယ္။

ပဲေလစ့္နဲ႔ပြဲ လူစာရင္းကို ၉ ခုထိ အေျပာင္းအလဲ ျပဳလုပ္ရာမွာ ဂိုးမက္စ္လည္း ပါဝင္လာခဲ့ျပီး ၂၀၁၅ တုန္းက ခ်ာတန္ကေန လီဗာပူးကို ေရာက္လာတဲ့ေနာက္ ပထမဆံုး အၾကိမ္အျဖစ္ အသင္းေခါင္းေဆာင္ တာဝန္ကို ရယူခဲ့တာပါ။ မႏွစ္ကရာသီ ဒူးဒဏ္ရာေၾကာင့္ ကာလရွည္ နားေနခဲ့ရတဲ့ ဂိုးမက္စ္အတြက္ ဒီရာသီမွာ ဒုတိယအၾကိမ္ ပြဲထြက္ လူစာရင္းက ပါဝင္ရျခင္း ျဖစ္ပါတယ္။

ဂိုးမက္စ္ ဦးေဆာင္တဲ့ အသင္းအဖြဲ႔မွာ မီနာမီႏိုရဲ႕ သြင္းဂိုး ၂ ဂိုးရယူခဲ့တယ္။ ဒါ့အျပင္ လီဗာပူးသမိုင္းမွာ လိဂ္ဖလားျပိဳင္ပြဲအတြင္း သြင္းဂိုး ၁၀ ဂိုး ရတဲ့ ၉ ဦးေျမာက္ ကစားသမားအျဖစ္ အိုရီဂီကလည္း သြင္းဂိုး တစ္ဂိုး ရယူခဲ့ေသးတာျဖစ္တယ္။

ပြဲအျပီး လီဗာပူးအသင္း ဝဘ္ဆိုဒ္ကေန ဂိုးမက္စ္က “ က်ေနာ္ သိပ္ကို ဂုဏ္ယူမိပါတယ္။ မႏွစ္ကရာသီ က်ေနာ္ ပိုင္ဆိုင္ခဲ့တဲ့ ျခားနားတဲ့ ဒဏ္ရာျပႆနာေတြကေန ျပန္လာႏုိင္တဲ့ေနာက္ ပြဲကစားခြင့္ရတဲ့ မိနစ္တိုင္းကို တန္ဖိုးထားပါတယ္။ ဒီအသင္းကို အသင္းေခါင္းေဆာင္အျဖစ္ တာဝန္ယူရတာက မယံုႏုိင္စရာပါပဲ။ သိပ္ကို ေပ်ာ္ရႊင္ရပါတယ္။

ကိုယ္လုပ္ႏုိင္သမွ် အေကာင္းဆံုးျဖင့္ အသင္းကို ဦးေဆာင္ေပးဖို႔ တာဝန္ကို ရယူခဲ့ရပါတယ္။ လူတိုင္းက ျခားနားတဲ့ နည္းလမ္းေတြျဖင့္ အသင္းကို ဦးေဆာင္ၾကတာျဖစ္တယ္။ ကိုယ္ဘာသာ အေကာင္းဆံုးျဖစ္လိုျပီး ဒီလိုပြဲကို အေကာင္းဆံုးပံုစံနဲ႔ပဲ ဦးေဆာင္လိုတယ္ဆိုတာ က်ေနာ္ သိပါတယ္။

အသင္းေဖာ္ေတြ အားလံုးကလည္း မယံုႏုိင္ေလာက္ေအာင္ ေကာင္းမြန္ခဲ့တယ္။ ဒီေတာ့ သိပ္ျပီးမ်ားမ်ားစားစား ေျပာစရာေတြလည္း မရွိခဲ့ဘဲ ျဖစ္ႏုိင္သေလာက္ သူတို႔ကို ယံုၾကည္မႈေတြ ေပးႏုိင္ဖို႔ပဲ ၾကိဳးစားခဲ့ပါတယ္ ” လို႔ ဆိုသြားခဲ့တာျဖစ္ပါတယ္။

ဂိုးမက္စ္ဟာ အသင္းေဖာ္သစ္ျဖစ္တဲ့ ကိုနေတးနဲ႔ မိနစ္ ၉၀ အျပည့္ တြဲဘက္ ကစားခဲ့တာျဖစ္ျပီး သူဟာ လူငယ္ကစားသမားေတြျဖစ္တဲ့ ဘရတ္ဒေလ၊ ေဂၚဒန္နဲ႔ ေမာ္တန္တို႔ကိုလည္း ဦးေဆာင္မႈေတြ လုပ္ေပးခဲ့ရတာျဖစ္ပါတယ္။