နော့ဝစ်ချ်ပွဲမှာ ကလပ်ရဲ့ လူငယ်ကြယ်ပွင့်တွေကို ထုတ်သုံးနိုင်ခဲ့ခြင်းအတွက် မန်နေဂျာယာဂင်ကလော့ပ်က ကျေနပ်နေပါတယ်။

လီဗာပူးရဲ့ အနာဂတ်မှာ အရေးပါလာမယ့် ကစားသမားတွေအဖြစ် ကိတ်ဂေါ်ဒန်၊ ကော်နာ ဘရတ်ဒလေနဲ့ တေလာ မော်ဆန်တို့ဟာ ပွဲကစားခွင့်တွေ ရခဲ့သလို တိုးတက်တဲ့ ခြေစွမ်းတွေ ပြသနိုင်ခဲ့တာ ဖြစ်ပါတယ်။

ယာဂင်ကလော့ပ်က ” သုံးဦးလုံးက ရုပ်ပိုင်းဆိုင်ရာ သန်မာတယ်။ သူတို့ ၉၄ မိနစ် ၉၅ မိနစ်လောက် ကစားနိုင်ခဲ့တာကို ကျနေ်ာတို့ အံ့သြခဲ့ရတယ်။ သူတို့အတွက်လည်း ကျနော် ပျော်မိပါတယ်။

ကိတ်က အတော်လေး ကောင်းပါတယ်။ အများကြီး တိုးတက်လာဖို့ ရှိသေးတယ်၊ အများကြီး အထိုင်ကျလာရဦးမယ်၊ အများကြီး သင်ယူရပါဦးမယ်။ ဒါပေမယ့်လို့ သူက အများကြီးလည်း လေ့လာသင်ယူမှုတွေ လုပ်ပြထားပါပြီ။ သူ့အတွက် ကျနေ်ာတို့ ပျော်ရွှင်ပြီး ဂရုတစိုက် ကိုင်တွယ်ပေးမှုတွေ လုပ်ပေးရမှာဖြစ်ပါတယ်။ သူ အသင်းမှာ ရှိနေတာကို ကျနော် ပျော်ရွှင်ပါတယ်။ သိပ်ကို ပါရမီ ရှိသူပါ။

ဘရန်ဒလေက လီဗာပူးအတွက် ၁၉၅၄ ခုနှစ်နောက်ပိုင်း ပထမဆုံး တောက်ပလာတဲ့ အိုင်းရစ် ကစားသမားလို့ အသင်းကလူတွေ ကျနော်ကို ပြောပါတယ်။ ကျနော် သူ့ကို စောစောစီးစီး ခေါ်လာခဲ့ရမှာပါ။ သူက သိပ်ကို ကောင်းကောင်း ကစားနိုင်ခဲ့တယ်။ နောက်ပြီး တေလာ မော်တန်ကလည်း ကစားတာ သိပ်ကောင်းပါတယ်။ သူတို့ သုံးဦးအတွက် အရေးကြီးတဲ့ ပွဲတစ်ပွဲ ဖြစ်ခဲ့ပါတယ်။ ” ဆိုပြီး ပြောပါတယ်။

ပွဲအပြီးမှာ ယာဂင်နဲ့ ကိတ်တို့ စကားအနည်းငယ် ပြောနေခဲ့ကြပါတယ်။ သူတို့ကြား ဘာတွေများ ပြောနေသလဲဆိုတာကိုလည်း ယာဂင်က ဖုန်းကွယ်မထားပါဘူး။

မန်နေဂျာက ” ပွဲအပြီးမှာ ကိတ် ကျနော်ကို ဘာပြောခဲ့လဲဆိုတာကတော့ ကျနော်က သူ့ကို ဂုဏ်ယူပါတယ်လို့ စပြောခဲ့တာပါ။ သူက ပွဲကစားရတာအတွက် ကျေးဇူးတင်ပါတယ်လို့ တုန့်ပြန်ခဲ့တာပဲ ဖြစ်ပါတယ်။

ဒါပေမယ့်လို့ ကျနော်ကို ကျေးဇူးတင်စရာ ဘာအကြောင်းမှ မရှိပါဘူး။ ကိတ်က သူနဲ့ ထိုက်တန်တာကို ရခဲ့တာပါ။ အားလုံး အဆင်ပြေပါတယ်။ ကောင်လေးတွေ အဆင်ပြေပြီး သူတို့တွေက ကျနေ်ာတို့ရဲ့ ကစားသမားတွေဖြစ်နေတာ သိပ်ကောင်းပါတယ် ” လို့ ဆိုသွားခဲ့တာဖြစ်ပါတယ်။

ZAWGYI

ေနာ့ဝစ္ခ်္ပြဲမွာ ကလပ္ရဲ႕ လူငယ္ၾကယ္ပြင့္ေတြကို ထုတ္သံုးႏုိင္ခဲ့ျခင္းအတြက္ မန္ေနဂ်ာယာဂင္ကေလာ့ပ္က ေက်နပ္ေနပါတယ္။

လီဗာပူးရဲ႕ အနာဂတ္မွာ အေရးပါလာမယ့္ ကစားသမားေတြအျဖစ္ ကိတ္ေဂၚဒန္၊ ေကာ္နာ ဘရတ္ဒေလနဲ႔ ေတလာ ေမာ္ဆန္တို႔ဟာ ပြဲကစားခြင့္ေတြ ရခဲ့သလို တိုးတက္တဲ့ ေျခစြမ္းေတြ ျပသႏုိင္ခဲ့တာ ျဖစ္ပါတယ္။

ယာဂင္ကေလာ့ပ္က ” သံုးဦးလံုးက ရုပ္ပိုင္းဆိုင္ရာ သန္မာတယ္။ သူတို႔ ၉၄ မိနစ္ ၉၅ မိနစ္ေလာက္ ကစားႏုိင္ခဲ့တာကို က်ေန္ာတို႔ အံ့ၾသခဲ့ရတယ္။ သူတို႔အတြက္လည္း က်ေနာ္ ေပ်ာ္မိပါတယ္။

ကိတ္က အေတာ္ေလး ေကာင္းပါတယ္။ အမ်ားၾကီး တိုးတက္လာဖို႔ ရွိေသးတယ္၊ အမ်ားၾကီး အထိုင္က်လာရဦးမယ္၊ အမ်ားၾကီး သင္ယူရပါဦးမယ္။ ဒါေပမယ့္လို႔ သူက အမ်ားၾကီးလည္း ေလ့လာသင္ယူမႈေတြ လုပ္ျပထားပါျပီ။ သူ႔အတြက္ က်ေန္ာတို႔ ေပ်ာ္ရႊင္ျပီး ဂရုတစိုက္ ကိုင္တြယ္ေပးမႈေတြ လုပ္ေပးရမွာျဖစ္ပါတယ္။ သူ အသင္းမွာ ရွိေနတာကို က်ေနာ္ ေပ်ာ္ရႊင္ပါတယ္။ သိပ္ကို ပါရမီ ရွိသူပါ။

ဘရန္ဒေလက လီဗာပူးအတြက္ ၁၉၅၄ ခုႏွစ္ေနာက္ပိုင္း ပထမဆံုး ေတာက္ပလာတဲ့ အိုင္းရစ္ ကစားသမားလို႔ အသင္းကလူေတြ က်ေနာ္ကို ေျပာပါတယ္။ က်ေနာ္ သူ႔ကို ေစာေစာစီးစီး ေခၚလာခဲ့ရမွာပါ။ သူက သိပ္ကို ေကာင္းေကာင္း ကစားႏုိင္ခဲ့တယ္။ ေနာက္ျပီး ေတလာ ေမာ္တန္ကလည္း ကစားတာ သိပ္ေကာင္းပါတယ္။ သူတို႔ သံုးဦးအတြက္ အေရးၾကီးတဲ့ ပြဲတစ္ပြဲ ျဖစ္ခဲ့ပါတယ္။ ” ဆိုျပီး ေျပာပါတယ္။

ပြဲအျပီးမွာ ယာဂင္နဲ႔ ကိတ္တို႔ စကားအနည္းငယ္ ေျပာေနခဲ့ၾကပါတယ္။ သူတို႔ၾကား ဘာေတြမ်ား ေျပာေနသလဲဆိုတာကိုလည္း ယာဂင္က ဖုန္းကြယ္မထားပါဘူး။

မန္ေနဂ်ာက ” ပြဲအျပီးမွာ ကိတ္ က်ေနာ္ကို ဘာေျပာခဲ့လဲဆိုတာကေတာ့ က်ေနာ္က သူ႔ကို ဂုဏ္ယူပါတယ္လို႔ စေျပာခဲ့တာပါ။ သူက ပြဲကစားရတာအတြက္ ေက်းဇူးတင္ပါတယ္လို႔ တုန္႔ျပန္ခဲ့တာပဲ ျဖစ္ပါတယ္။

ဒါေပမယ့္လို႔ က်ေနာ္ကို ေက်းဇူးတင္စရာ ဘာအေၾကာင္းမွ မရွိပါဘူး။ ကိတ္က သူနဲ႔ ထိုက္တန္တာကို ရခဲ့တာပါ။ အားလံုး အဆင္ေျပပါတယ္။ ေကာင္ေလးေတြ အဆင္ေျပျပီး သူတို႔ေတြက က်ေန္ာတို႔ရဲ႕ ကစားသမားေတြျဖစ္ေနတာ သိပ္ေကာင္းပါတယ္ ” လို႔ ဆိုသြားခဲ့တာျဖစ္ပါတယ္။