မန်နေဂျာယာဂင်ကလော့ပ်က ဗဟိုခံစစ်မှူးတွေကို ပုံစံကောင်းနေရင် ပွဲထွက်ခွင့်ပေးမှာဖြစ်ကြောင်း ထုတ်ပြောခဲ့ပြီး ခံစစ်ပိုင်း ရွေးချယ်မှုနဲ့ ပတ်သက်လို့ လူသိထင်ရှား မှတ်ချက်ပေးလိက်ပါတယ်။

ဗန်ဒိုက်နဲ့ မာတစ်ကို အဓိက ဗဟိုခံစစ်သမားတွေအဖြစ် ထုတ်သုံးလာဖို့ ရှိနေပြီး သူတို့ နှစ်ဦးနောက်မှာ ဂိုးမက်စ်နဲ့ ကိုနတေးတို့ အခွင့်အရေးရမှာဖြစ်ကာ နက်ဖီးလစ်ကို အရေးပေါ် အခြေအနေတွေအတွက် အသုံးပြုဖို့ ရှိနေပါတယ်။ ဗဟိုခံစစ်မှူး ၅ ဦးထိ ပိုင်ဆိုင်ခြင်းကို ယာဂင်က ကျေနပ်နေပြီး အကောင်းဆုံး တွဲဘက်မှုတွေ ဆက်လက် ပြုလုပ်ပေးဖွယ် ရှိနေတာဖြစ်တယ်။

ယာဂင်က ” ကျနော်တို့မှာ သိပ်ကောင်းတဲ့ ခံစစ်မှူး ၅ ဦးထိ ရှိပါတယ်။ မနှစ်တုန်းက ဇာတ်လမ်းတွေ အပြီးမှာ ဒီလို ခံစစ်မှူးတွေ ပိုင်ဆိုင်တာက အရေးကြီးတယ်လို့ ပြောရမှာပါ။ သူတို့ အားလုံးက သိပ်လည်း ကောင်းကြပါတယ်။

အကောင်းဆုံး ကြံ့ခိုင်မှုနဲ့ ပုံစံရှိနေတဲ့ ခံစစ်သမားကတော့ ပွဲကစားခွင့် ရမှာပါ။ အဲ့လိုပဲ ရွေးချယ်ရမှာပဲလေ။ ကျနေ်ာတို့အတွက်တော့ အားလုံးကို လိုပါတယ်။ ပွဲကြပ်ကာလတွေ ရောက်လာတော့မှာ ဖြစ်ပါတယ် ” လို့ ဆိုပါတယ်။

လီဗာပူးအသင်းဟာ မတူညီတဲ့ ပြိုင်ပွဲ ၃ ခုကို ယှဉ်ပြိုင်ထားပြီဖြစ်ကာ ရွေးချယ်စရာ ခံစစ်မှူး အားလုံးကို အသုံးပြုရခြင်းတော့ မရှိသေးပါဘူး။ ခံစစ်မှူး နက်ဖီးလစ်ဟာ ကာရာဘောင်းပွဲမှာလည်း ပွဲထွက်ခွင့် မရခဲ့ဘူး။ ပွဲတွေ ပိုများလာတာနဲ့အမျှ ပွဲထွက်ခွင့်တွေတော့ ပိုရလာဖို့ ရှိနေတာဖြစ်ပါတယ်။

လီဗာပူးက နော့ဝစ်ချ်ကို ၃-၀ ဖြင့် အနိုင်ရရာမှာ လူငယ် ခံစစ်အတွဲဖြစ်တဲ့ ဂိုးမက်စ်နဲ့ ကိုနတေးတို့ဟာ တွဲဘက်ညီညီ ကစားနိုင်ခဲ့ကြတယ်။ သူတို့ဟာ အထိုင်မကျတဲ့ လူငယ်တွေနဲ့ အရန်လူစာရင်းတို့ဖြင့် ပေါင်းဖက်ကစားခဲ့ရခြင်း ဖြစ်တာတောင်မှ နှစ်ဦးသား နားလည်မှုရှိရှိဖြင့် အသင်းကို အကူအညီဖြစ်စေခဲ့ပါတယ်။

ယာဂင်ကပဲ ” ပထမပိုင်း စုဖွဲ့မှုက မကောင်းခဲ့ပါဘူး။ ဒါပေမယ့်လို့ ဗဟိုခံစစ်မှူး နှစ်ဦးကတော့ ကောင်းခဲ့ပါတယ်။ နောက်ဆုံးလိုင်းကနေ သူတို့ နျစ်ဦးရဲ့ ဘောလုံးကစားမှု ကောင်းသလို စီးချင်းထိုးမှုတွေကိုလည်း အောင်နိုင်ခဲ့ကြတယ်။

ကြည့်လို့ ကောင်းခဲ့ပါတယ်။ ဗဟိုခံစစ်မှူးတွေဆိုတာ အဲ့လို ဖြစ်နေရမှာပါ။ စုဖွဲ့မှု မကောင်းဘူးဆိုရင်တောင်မှ ကာကွယ်မှုတွေ လုပ်ပေးနိုင်မယ့် ခံစစ်သမားတွေ လိုအပ်ပါတယ်။ ကျနေ်ာတို့မှာ အဲ့လို ခံစစ်သမား နှစ်ဦးကို ရခဲ့ပါတယ် ” လို့ မှတ်ချက်ပေးခဲ့တာဖြစ်ပါတယ်။

ZAWGYI

မန္ေနဂ်ာယာဂင္ကေလာ့ပ္က ဗဟိုခံစစ္မွဴးေတြကို ပံုစံေကာင္းေနရင္ ပြဲထြက္ခြင့္ေပးမွာျဖစ္ေၾကာင္း ထုတ္ေျပာခဲ့ျပီး ခံစစ္ပိုင္း ေရြးခ်ယ္မႈနဲ႔ ပတ္သက္လို႔ လူသိထင္ရွား မွတ္ခ်က္ေပးလိက္ပါတယ္။

ဗန္ဒိုက္နဲ႔ မာတစ္ကို အဓိက ဗဟိုခံစစ္သမားေတြအျဖစ္ ထုတ္သံုးလာဖို႔ ရွိေနျပီး သူတို႔ ႏွစ္ဦးေနာက္မွာ ဂိုးမက္စ္နဲ႔ ကိုနေတးတို႔ အခြင့္အေရးရမွာျဖစ္ကာ နက္ဖီးလစ္ကို အေရးေပၚ အေျခအေနေတြအတြက္ အသံုးျပဳဖို႔ ရွိေနပါတယ္။ ဗဟိုခံစစ္မွဴး ၅ ဦးထိ ပိုင္ဆိုင္ျခင္းကို ယာဂင္က ေက်နပ္ေနျပီး အေကာင္းဆံုး တြဲဘက္မႈေတြ ဆက္လက္ ျပဳလုပ္ေပးဖြယ္ ရွိေနတာျဖစ္တယ္။

ယာဂင္က ” က်ေနာ္တို႔မွာ သိပ္ေကာင္းတဲ့ ခံစစ္မွဴး ၅ ဦးထိ ရွိပါတယ္။ မႏွစ္တုန္းက ဇာတ္လမ္းေတြ အျပီးမွာ ဒီလို ခံစစ္မွဴးေတြ ပိုင္ဆိုင္တာက အေရးၾကီးတယ္လို႔ ေျပာရမွာပါ။ သူတို႔ အားလံုးက သိပ္လည္း ေကာင္းၾကပါတယ္။

အေကာင္းဆံုး ၾကံ႕ခိုင္မႈနဲ႔ ပံုစံရွိေနတဲ့ ခံစစ္သမားကေတာ့ ပြဲကစားခြင့္ ရမွာပါ။ အဲ့လိုပဲ ေရြးခ်ယ္ရမွာပဲေလ။ က်ေန္ာတို႔အတြက္ေတာ့ အားလံုးကို လိုပါတယ္။ ပြဲၾကပ္ကာလေတြ ေရာက္လာေတာ့မွာ ျဖစ္ပါတယ္ ” လို႔ ဆိုပါတယ္။

လီဗာပူးအသင္းဟာ မတူညီတဲ့ ျပိဳင္ပြဲ ၃ ခုကို ယွဥ္ျပိဳင္ထားျပီျဖစ္ကာ ေရြးခ်ယ္စရာ ခံစစ္မွဴး အားလံုးကို အသံုးျပဳရျခင္းေတာ့ မရွိေသးပါဘူး။ ခံစစ္မွဴး နက္ဖီးလစ္ဟာ ကာရာေဘာင္းပြဲမွာလည္း ပြဲထြက္ခြင့္ မရခဲ့ဘူး။ ပြဲေတြ ပိုမ်ားလာတာနဲ႔အမွ် ပြဲထြက္ခြင့္ေတြေတာ့ ပိုရလာဖို႔ ရွိေနတာျဖစ္ပါတယ္။

လီဗာပူးက ေနာ့ဝစ္ခ်္ကို ၃-၀ ျဖင့္ အႏုိင္ရရာမွာ လူငယ္ ခံစစ္အတြဲျဖစ္တဲ့ ဂိုးမက္စ္နဲ႔ ကိုနေတးတို႔ဟာ တြဲဘက္ညီညီ ကစားႏုိင္ခဲ့ၾကတယ္။ သူတို႔ဟာ အထိုင္မက်တဲ့ လူငယ္ေတြနဲ႔ အရန္လူစာရင္းတို႔ျဖင့္ ေပါင္းဖက္ကစားခဲ့ရျခင္း ျဖစ္တာေတာင္မွ ႏွစ္ဦးသား နားလည္မႈရွိရွိျဖင့္ အသင္းကို အကူအညီျဖစ္ေစခဲ့ပါတယ္။

ယာဂင္ကပဲ ” ပထမပိုင္း စုဖြဲ႔မႈက မေကာင္းခဲ့ပါဘူး။ ဒါေပမယ့္လို႔ ဗဟိုခံစစ္မွဴး ႏွစ္ဦးကေတာ့ ေကာင္းခဲ့ပါတယ္။ ေနာက္ဆံုးလိုင္းကေန သူတို႔ ႏ်စ္ဦးရဲ႕ ေဘာလံုးကစားမႈ ေကာင္းသလို စီးခ်င္းထိုးမႈေတြကိုလည္း ေအာင္ႏုိင္ခဲ့ၾကတယ္။

ၾကည့္လို႔ ေကာင္းခဲ့ပါတယ္။ ဗဟိုခံစစ္မွဴးေတြဆိုတာ အဲ့လို ျဖစ္ေနရမွာပါ။ စုဖြဲ႔မႈ မေကာင္းဘူးဆိုရင္ေတာင္မွ ကာကြယ္မႈေတြ လုပ္ေပးႏုိင္မယ့္ ခံစစ္သမားေတြ လိုအပ္ပါတယ္။ က်ေန္ာတို႔မွာ အဲ့လို ခံစစ္သမား ႏွစ္ဦးကို ရခဲ့ပါတယ္ ” လို႔ မွတ္ခ်က္ေပးခဲ့တာျဖစ္ပါတယ္။