ဒီရာသီ ပရီးမီးယားလိဂ်မှာ အားလုံးကို အနိုင်ယူပြီး ချန်ပီယံဖြစ်လာမယ့်အသင်းက ချယ်ဆီးအသင်းပဲဖြစ်တယ်လို့ ဂယ်ရီနဗီးက ယုံကြည်နေပါတယ်။

သောမတ်စ် တူချယ်ရဲ့ အသင်းဟာ လန်ဒန်ပြိုင်ဘက်အသင်းတွေကို ၃-၀ နဲ့ အနိုင်ယူခဲ့ပြီးတော့ လီဗာပူးရဲ့ ရမှတ်ကို လိုက်မီခဲ့တာ ဖြစ်ပါတယ်။ ချယ်ဆီးဟာ ဒီရာသီမှာ ယာဂင်ကလော့ပ်ရဲ့ အသင်းကို အမှတ်လျော့စေခဲ့တဲ့ တစ်သင်းတည်းသော အသင်းဖြစ်ပြီး ဒီရာသီ ပရီးမီးယားလိဂ်ဖလားအတွက် အင်အားကြီးမားတဲ့ စိန်ခေါ်သူ ဖြစ်လာလိမ့်မယ်ဆိုတာကို ပြသခဲ့တာလည်း ဖြစ်ပါတယ်။

လီဗာပူး သိပ်ကောင်းနေတယ်ဆိုတာ နဗီးက သံသယမရှိပေမယ့် ယာဂင်ကလော့ပ်ရဲ့ အသင်းဟာ လွန်ခဲ့တဲ့ နှစ်အနည်းငယ်ကလို အသင်းမျိုး မဟုတ်ဘူးလို့ ပြောဆိုခဲ့ပြီး လီဗာပူးရဲ့ ဖလားအခွင့်အရေးကို ပယ်ချခဲ့ပါတယ်။

“ ချယ်ဆီးအသင်းက ဆုဖလားအတွက် စိန်ခေါ်မှာပါ။ သူတို့ မလုပ်နိုင်စရာ မရှိပါဘူး။ သူတို့လည်း ဒဏ်ရာတွေ ရနိုင်တယ်ဆိုပေမယ့် အရန်အင်အားက အသင်းကြီးကို မေ့ထားလို့ရတယ်။ သူတို့မှာ အရာအားလုံး ရှိနေတာပါ။ အခုချိန်မှာ လီဗာပူးက အရမ်းကောာင်းတယ်ဆိုပေမယ့် လွန်ခဲ့တဲ့ နှစ်အနည်းငယ်က အသင်းမျိုး မဟုတ်တော့ဘူးလို့ ကျွန်တော်ယုံကြည်တယ်။

စီးတီးကတော့ အားကိုးရမယ့် တိုက်စစ်မှူး မရှိနေဘူး။ မန်ချက်စတာ ယူနိုက်တက်က ကောင်းကောင်းလုပ်နေတယ် ဆိုပေမယ့် သူတို့က ချယ်ဆီးလို မဟုတ်ပါဘူး။ ဝက်စ်ဟမ်းနဲ့ပွဲက ယူနိုက်တက်ရဲ့ စွမ်းဆောင်ရည်က စပါးနဲ့ပွဲက ချယ်ဆီးရဲ့ ခြေစွမ်းနဲ့ ယှဉ်လို့မရပါဘူး။ ယူနိုက်တက်က ခြေစွမ်းအသင့်အတင့်ပဲ ရှိတာပါ။

ဒီလိဂ်မှာ သူတို့ ဖလားရခဲ့ရင်တော့ သူတို့ရဲ့ အရှိန်အဟုန်နဲ့ ကံတရားကြောင့် ဖြစ်ပါလိမ့်မယ်။ ဒါပေမယ့် ကြည့်လိုက်တာနဲ့ ချယ်ဆီးက မန်ချက်စတာယူနိုက်တက်ထက် ပိုကောင်းတဲ့အသင်းတစ်သင်းပါ။ ဒါကို ကျွန်တော်တို့ မျက်လုံးက လိမ်လို့မရပါဘူး ” လို့ နဗီးက ဆိုပါတယ်။

နဗီးဟာ လွန်ခဲ့တဲ့တစ်လက မန်စီးတီးကို ရှေ့ပြေးအသင်းအဖြစ် ပြောဆိုခဲ့တာဖြစ်ပေမယ့် ဘောလုံးရာသီသစ်စလို့ ပွဲစဉ် ၅ ပွဲပဲ ရှိသေးချိန်မှာ သူ့ရဲ့ ကနဦး ပရီးမီးယားလိဂ် ခန့်မှန်းချက်တွေကနေ အတော်လေး သွေဖည်သွားခဲ့တာပါ။

“ ဒီအချိန်မှာ မန်စီးတီးကို ထည့်စဉ်းစားရဦးမှာပါပဲ။ ဘာလို့လဲဆိုတော့ ကိန်းကို မခေါ်နိုင်ခဲ့ပေမယ့် လွန်ခဲ့တဲ့ နှစ်အနည်းငယ်အတွင်း သူတို့ လုပ်နိုင်ခဲ့တာတွေက လျှော့တွက်လို့ မရပါဘူး။
ချယ်ဆီးကတော့ သူတို့ကိုယ်သူတို့ သက်သေပြနေဦးမှာပါ။

ယူနိုက်တက်ကလဲ သက်သေပြရမယ်။ လီဗာပူးကလဲ အရင်က သူတို့ရှိခဲ့တဲ့ အဆင့်အတန်းကို ပြန်သွားနိုင်တယ်ဆိုတာ သက်သေပြရမယ် ” လို့ နဗီးက ပြောဆိုခဲ့တာပဲ ဖြစ်ပါတယ်။

ZAWGYI

ဒီရာသီ ပရီးမီးယားလိဂ္မွာ အားလုံးကို အႏိုင္ယူျပီး ခ်န္ပီယံျဖစ္လာမယ့္အသင္းက ခ်ယ္ဆီးအသင္းပဲျဖစ္တယ္လို႔ ဂယ္ရီနဗီးက ယုံၾကည္ေနပါတယ္။

ေသာမတ္စ္ တူခ်ယ္ရဲ႕ အသင္းဟာ လန္ဒန္ၿပိဳင္ဘက္အသင္းေတြကို ၃-၀ နဲ႔ အႏိုင္ယူခဲ့ၿပီးေတာ့ လီဗာပူးရဲ႕ ရမွတ္ကို လိုက္မီခဲ့တာ ျဖစ္ပါတယ္။ ခ်ယ္ဆီးဟာ ဒီရာသီမွာ ယာဂင္ကေလာ့ပ္ရဲ႕ အသင္းကို အမွတ္ေလ်ာ့ေစခဲ့တဲ့ တစ္သင္းတည္းေသာ အသင္းျဖစ္ၿပီး ဒီရာသီ ပရီးမီးယားလိဂ္ဖလားအတြက္ အင္အားႀကီးမားတဲ့ စိန္ေခၚသူ ျဖစ္လာလိမ့္မယ္ဆိုတာကို ျပသခဲ့တာလည္း ျဖစ္ပါတယ္။

လီဗာပူး သိပ္ေကာင္းေနတယ္ဆိုတာ နဗီးက သံသယမရွိေပမယ့္ ယာဂင္ကေလာ့ပ္ရဲ႕ အသင္းဟာ လြန္ခဲ့တဲ့ ႏွစ္အနည္းငယ္ကလို အသင္းမ်ိဳး မဟုတ္ဘူးလို႔ ေျပာဆိုခဲ့ၿပီး လီဗာပူးရဲ႕ ဖလားအခြင့္အေရးကို ပယ္ခ်ခဲ့ပါတယ္။

“ ခ်ယ္ဆီးအသင္းက ဆုဖလားအတြက္ စိန္ေခၚမွာပါ။ သူတို႔ မလုပ္ႏိုင္စရာ မရွိပါဘူး။ သူတို႔လည္း ဒဏ္ရာေတြ ရႏိုင္တယ္ဆိုေပမယ့္ အရန္အင္အားက အသင္းႀကီးကို ေမ့ထားလို႔ရတယ္။ သူတို႔မွာ အရာအားလုံး ရွိေနတာပါ။ အခုခ်ိန္မွာ လီဗာပူးက အရမ္းေကာာင္းတယ္ဆိုေပမယ့္ လြန္ခဲ့တဲ့ ႏွစ္အနည္းငယ္က အသင္းမ်ိဳး မဟုတ္ေတာ့ဘူးလို႔ ကြၽန္ေတာ္ယုံၾကည္တယ္။

စီးတီးကေတာ့ အားကိုးရမယ့္ တိုက္စစ္မႉး မရွိေနဘူး။ မန္ခ်က္စတာ ယူႏိုက္တက္က ေကာင္းေကာင္းလုပ္ေနတယ္ ဆိုေပမယ့္ သူတို႔က ခ်ယ္ဆီးလို မဟုတ္ပါဘူး။ ဝက္စ္ဟမ္းနဲ႔ပြဲက ယူႏိုက္တက္ရဲ႕ စြမ္းေဆာင္ရည္က စပါးနဲ႔ပြဲက ခ်ယ္ဆီးရဲ႕ ေျခစြမ္းနဲ႔ ယွဥ္လို႔မရပါဘူး။ ယူႏိုက္တက္က ေျခစြမ္းအသင့္အတင့္ပဲ ရွိတာပါ။

ဒီလိဂ္မွာ သူတို႔ ဖလားရခဲ့ရင္ေတာ့ သူတို႔ရဲ႕ အရွိန္အဟုန္နဲ႔ ကံတရားေၾကာင့္ ျဖစ္ပါလိမ့္မယ္။ ဒါေပမယ့္ ၾကည့္လိုက္တာနဲ႔ ခ်ယ္ဆီးက မန္ခ်က္စတာယူႏိုက္တက္ထက္ ပိုေကာင္းတဲ့အသင္းတစ္သင္းပါ။ ဒါကို ကြၽန္ေတာ္တို႔ မ်က္လုံးက လိမ္လို႔မရပါဘူး ” လို႔ နဗီးက ဆိုပါတယ္။

နဗီးဟာ လြန္ခဲ့တဲ့တစ္လက မန္စီးတီးကို ေရွ႕ေျပးအသင္းအျဖစ္ ေျပာဆိုခဲ့တာျဖစ္ေပမယ့္ ေဘာလံုးရာသီသစ္စလို႔ ပြဲစဥ္ ၅ ပြဲပဲ ရွိေသးခ်ိန္မွာ သူ႔ရဲ႕ ကနဦး ပရီးမီးယားလိဂ္ ခန႔္မွန္းခ်က္ေတြကေန အေတာ္ေလး ေသြဖည္သြားခဲ့တာပါ။

“ ဒီအခ်ိန္မွာ မန္စီးတီးကို ထည့္စဥ္းစားရဦးမွာပါပဲ။ ဘာလို႔လဲဆိုေတာ့ ကိန္းကို မေခၚႏိုင္ခဲ့ေပမယ့္ လြန္ခဲ့တဲ့ ႏွစ္အနည္းငယ္အတြင္း သူတို႔ လုပ္ႏိုင္ခဲ့တာေတြက ေလွ်ာ့တြက္လို႔ မရပါဘူး။
ခ်ယ္ဆီးကေတာ့ သူတို႔ကိုယ္သူတို႔ သက္ေသျပေနဦးမွာပါ။

ယူႏိုက္တက္ကလဲ သက္ေသျပရမယ္။ လီဗာပူးကလဲ အရင္က သူတို႔ရွိခဲ့တဲ့ အဆင့္အတန္းကို ျပန္သြားႏိုင္တယ္ဆိုတာ သက္ေသျပရမယ္ ” လို႔ နဗီးက ေျပာဆိုခဲ့တာပဲ ျဖစ္ပါတယ္။