Forbes ရဲ့ ကမ္ဘာလုပ်ခအမြင့်ဆုံး ကစားသမား ၁၀ ဦးစာရင်းမှာတော့ ပရီးမီးယားလိဂ် ကစားသမားတွေအဖြစ် ရော်နယ်ဒို၊ ပေါ့ဘာနည်းတူ ဆာလာလည်း နံပါတ် (၅) နေရာက ပါဝင်လာပါတယ်။

ဆွစ်ဇလန်ကလပ် ဘေဆယ်အသင်းဟာ လီဗာပူးဂိုးသမား ကားရီးယက်စ်ကို ခေါ်ယူလိုနေဆဲဖြစ်ပါတယ်။ ဒီနွေမှာ ခေါ်ယူဖို့ ကြိုးစားမှု မအောင်မြင်ခဲ့ပေမယ့် ဒီနွေမှာ စာချုပ်ကုန်တော့မယ့် ကားရီးယက်စ်ကို ဇန်နဝါရီမှာတင် ခေါ်ယူရေး ထပ်မံ ချိတ်ဆက်လာဦးမှပါ။

လီဗာပူးအသင်းဟာ ပေါင် သန်း ၆၀ အကုန်အကျခံ တည်ဆောက်မယ့် Anfield Road ပွဲကြည့်စင် ဆောက်လုပ်ဖို့ မီးစိမ်းပြခံခဲ့ရပါပြီ။ လာမယ့် အပတ်ကစပြီး တည်ဆောက်ရေး လုပ်ငန်းတွေ စတင်ပါမယ်။

ဝက်ဟမ်းတိုက်စစ်သမား ဘိုဝမ်ကို ခေါ်ယူဖို့ လီဗာပူးအသင်းက ပစ်မှတ်ထားနေဆဲဖြစ်ပြီး ဒီရာသီ တစ်ခုလုံး သူ့ကို ဆက်လက် စောင့်ကြည့်သွားမှာဖြစ်ပါတယ်။

၂၀၁၇ ခုနှစ်တုန်းက ဘာစီလိုနာဟာ ရိုးမား တိုက်စစ်သမား ဆာလာကို ယူရို သန်း ၄၀ ဖြင့် ခေါ်ယူခွင့်ရခဲ့ပေမယ့် ငြင်းဆန်ခဲ့ပါတယ်။ အဲ့အစား ဒေါ့မွန်တောင်ပံသမား ဒမ်ဘီလီကို ခေါ်ယူခဲ့ခြင်းဖြစ်ပါတယ်။

ဘာစီလိုနာဟာ မန်နေဂျာကိုးမန်းနေရာ အစားထိုးဖို့ ယာဂင်ကလော့ပ်ကို စောင့်ကြည့်စာရင်းထဲ ထည့်လာပါတယ်။ ဘာကာရဲ့ စောင့်ကြည့်စာရင်းမှာတော့ အဲဗာတန် မန်နေဂျာဟောင်းနဲ့ ဘယ်ဂျီယံ မန်နေဂျာ မာတီနက်စ်လည်း ပါဝင်နေပါတယ်။

တိုက်စစ်မှူး ဖာမင်နိုဟာ မနေ့က လေ့ကျင့်ရေးကွင်းထဲ ပြန်ဝင်လာခဲ့တယ်လို့ သိရပါတယ်။ ဒီအပတ် ဘရန့်ဖိုဒ့်နဲ့ပွဲမှာ သူပါဝင်လာနိုင်မလားတော့ မသိရသေးပါဘူး။

အခွင့်အရေး ရှားရှားပါးပါးရတဲ့ ပွဲတစ်ပွဲမှာ သူ့ရဲ့ အကောင်းဆုံး စွမ်းဆောင်ရည်ကို ပြသနိုင်ခဲ့တာအတွက် ကလယ်ဟာက ကျေနပ်တယ်လို့ ဆိုပါတယ်။ သူဟာ နော့ဝစ်ချ်ပွဲမှာ ပယ်နယ်တီကို ထူးထူးချွန်ချွန် ကာကွယ်ခဲ့သေးတာဖြစ်ပါတယ်။

မီနာမီနိုရဲ့ နေရာစုံ ကစားနိုင်စွမ်းကို နှစ်သက်ခြင်းကြောင့် နော့ဝစ်ချ်နဲ့ပွဲ ဒုတိယပိုင်းမှာ ကွင်းလယ်လူအဖြစ် စမ်းသုံးခဲ့တာလို့ ကလော့ပ်က ပြောပါတယ်။ လီဗာပူးကွင်းလယ်မှာ အယ်လီးယော့၊ သီယာဂိုတို့ ဒဏ်ရာရနေပြီး ကိတ်တာကလည်း ဒဏ်ရာအတွက် မစွန့်စားရစေဖို့ လူစားလဲခံခဲ့ရပါတယ်။

နော့ဝစ်ချ် တိုက်စစ်သမားဟောင်း ဂရန့်ဟော့က ကိတ်ဂေါ်ဒန်ရဲ့ ခြေစွမ်းကို မြင်ရတာဟာ ဆာလာထံက အလားအလာကောင်းတွေ မြင်ရသလိုပါပဲလို့ နှိုင်းယှဉ် မှတ်ချက်ပေးလိုက်ပါတယ်။

ရီးရဲလ်မက်ဒရစ် တိုက်စစ်သမား အဆန်စီယိုကို ဒီနွေမှာ ချိတ်ဆက်ခဲ့တဲ့ အမည်မသိ ပရီးမီးယားလိဂ်ကလပ်က လီဗာပူးအသင်း မဟုတ်ဘဲ စပါးအသင်းဖြစ်တယ်လို့ သိရပါတယ်။

လီဗာပူးခံစစ်မှူး မာတစ်ဟာ ဒီရာသီ ပြိုင်ဘက် ဧရိယာထဲမှာ ဘောလုံးထိချက် ၁၁ ကြိမ် ရှိထားပြီး ဒါဟာ စပါးတိုက်စစ်မှူး ဟယ်ရီကိန်းရဲ့ ၁၀ ကြိမ်ထက် ပိုများပါတယ်။

ZAWGYI

Forbes ရဲ႕ ကမၻာလုပ္ခအျမင့္ဆံုး ကစားသမား ၁၀ ဦးစာရင္းမွာေတာ့ ပရီးမီးယားလိဂ္ ကစားသမားေတြအျဖစ္ ေရာ္နယ္ဒို၊ ေပါ့ဘာနည္းတူ ဆာလာလည္း နံပါတ္ (၅) ေနရာက ပါဝင္လာပါတယ္။

ဆြစ္ဇလန္ကလပ္ ေဘဆယ္အသင္းဟာ လီဗာပူးဂိုးသမား ကားရီးယက္စ္ကို ေခၚယူလိုေနဆဲျဖစ္ပါတယ္။ ဒီေႏြမွာ ေခၚယူဖို႔ ၾကိဳးစားမႈ မေအာင္ျမင္ခဲ့ေပမယ့္ ဒီေႏြမွာ စာခ်ဳပ္ကုန္ေတာ့မယ့္ ကားရီးယက္စ္ကို ဇန္နဝါရီမွာတင္ ေခၚယူေရး ထပ္မံ ခ်ိတ္ဆက္လာဦးမွပါ။

လီဗာပူးအသင္းဟာ ေပါင္ သန္း ၆၀ အကုန္အက်ခံ တည္ေဆာက္မယ့္ Anfield Road ပြဲၾကည့္စင္ ေဆာက္လုပ္ဖို႔ မီးစိမ္းျပခံခဲ့ရပါျပီ။ လာမယ့္ အပတ္ကစျပီး တည္ေဆာက္ေရး လုပ္ငန္းေတြ စတင္ပါမယ္။

ဝက္ဟမ္းတိုက္စစ္သမား ဘိုဝမ္ကို ေခၚယူဖို႔ လီဗာပူးအသင္းက ပစ္မွတ္ထားေနဆဲျဖစ္ျပီး ဒီရာသီ တစ္ခုလံုး သူ႔ကို ဆက္လက္ ေစာင့္ၾကည့္သြားမွာျဖစ္ပါတယ္။

၂၀၁၇ ခုႏွစ္တုန္းက ဘာစီလိုနာဟာ ရိုးမား တိုက္စစ္သမား ဆာလာကို ယူရို သန္း ၄၀ ျဖင့္ ေခၚယူခြင့္ရခဲ့ေပမယ့္ ျငင္းဆန္ခဲ့ပါတယ္။ အဲ့အစား ေဒါ့မြန္ေတာင္ပံသမား ဒမ္ဘီလီကို ေခၚယူခဲ့ျခင္းျဖစ္ပါတယ္။

ဘာစီလိုနာဟာ မန္ေနဂ်ာကိုးမန္းေနရာ အစားထိုးဖို႔ ယာဂင္ကေလာ့ပ္ကို ေစာင့္ၾကည့္စာရင္းထဲ ထည့္လာပါတယ္။ ဘာကာရဲ႕ ေစာင့္ၾကည့္စာရင္းမွာေတာ့ အဲဗာတန္ မန္ေနဂ်ာေဟာင္းနဲ႔ ဘယ္ဂ်ီယံ မန္ေနဂ်ာ မာတီနက္စ္လည္း ပါဝင္ေနပါတယ္။

တိုက္စစ္မွဴး ဖာမင္ႏိုဟာ မေန႔က ေလ့က်င့္ေရးကြင္းထဲ ျပန္ဝင္လာခဲ့တယ္လို႔ သိရပါတယ္။ ဒီအပတ္ ဘရန္႔ဖိုဒ့္နဲ႔ပြဲမွာ သူပါဝင္လာႏုိင္မလားေတာ့ မသိရေသးပါဘူး။

အခြင့္အေရး ရွားရွားပါးပါးရတဲ့ ပြဲတစ္ပြဲမွာ သူ႔ရဲ႕ အေကာင္းဆံုး စြမ္းေဆာင္ရည္ကို ျပသႏုိင္ခဲ့တာအတြက္ ကလယ္ဟာက ေက်နပ္တယ္လို႔ ဆိုပါတယ္။ သူဟာ ေနာ့ဝစ္ခ်္ပြဲမွာ ပယ္နယ္တီကို ထူးထူးခၽြန္ခၽြန္ ကာကြယ္ခ့ဲေသးတာျဖစ္ပါတယ္။

မီနာမီႏိုရဲ႕ ေနရာစံု ကစားႏုိင္စြမ္းကို ႏွစ္သက္ျခင္းေၾကာင့္ ေနာ့ဝစ္ခ်္နဲ႔ပြဲ ဒုတိယပိုင္းမွာ ကြင္းလယ္လူအျဖစ္ စမ္းသံုးခဲ့တာလို႔ ကေလာ့ပ္က ေျပာပါတယ္။ လီဗာပူးကြင္းလယ္မွာ အယ္လီးေယာ့၊ သီယာဂိုတို႔ ဒဏ္ရာရေနျပီး ကိတ္တာကလည္း ဒဏ္ရာအတြက္ မစြန္႔စားရေစဖို႔ လူစားလဲခံခဲ့ရပါတယ္။

ေနာ့ဝစ္ခ်္ တိုက္စစ္သမားေဟာင္း ဂရန္႔ေဟာ့က ကိတ္ေဂၚဒန္ရဲ႕ ေျခစြမ္းကို ျမင္ရတာဟာ ဆာလာထံက အလားအလာေကာင္းေတြ ျမင္ရသလိုပါပဲလို႔ ႏိႈင္းယွဥ္ မွတ္ခ်က္ေပးလိုက္ပါတယ္။

ရီးရဲလ္မက္ဒရစ္ တိုက္စစ္သမား အဆန္စီယိုကို ဒီေႏြမွာ ခိ်တ္ဆက္ခဲ့တဲ့ အမည္မသိ ပရီးမီးယားလိဂ္ကလပ္က လီဗာပူးအသင္း မဟုတ္ဘဲ စပါးအသင္းျဖစ္တယ္လို႔ သိရပါတယ္။

လီဗာပူးခံစစ္မွဴး မာတစ္ဟာ ဒီရာသီ ျပိဳင္ဘက္ ဧရိယာထဲမွာ ေဘာလံုးထိခ်က္ ၁၁ ၾကိမ္ ရွိထားျပီး ဒါဟာ စပါးတိုက္စစ္မွဴး ဟယ္ရီကိန္းရဲ႕ ၁၀ ၾကိမ္ထက္ ပိုမ်ားပါတယ္။