မန်နေဂျာယာဂင်ကလော့ပ်က ပရိသတ်တွေဟာ အသင်းပိုင်ရှင်ကို ပုံမှန် ဝေဖန်ကြပေမယ့်လို့ ကွင်းတိုးချဲ့မှုလို ကိစ္စတွေကို ရေရှည်ပလန်အတွက် ကြိုးစားပေးနေတာပါလို့ ဖာထေးပြောဆိုမှု လုပ်ပေးသွားပါတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်းကပဲ လီဗာပူးအသင်းရဲ့ အန်ဖီးကွင်း တိုးချဲ့မှု စတင်ဖို့ မီးစိမ်းပြခံလိုက်ရပါပြီ။ ကနဦးအဆင့် မြေသားစီမံမှုတွေ လုပ်ထားခဲ့တဲ့ အသင်းဟာ တည်ဆောက်ရေး လုပ်ငန်းစဉ်တွေကို စတင်ဖို့ အိမ်နီးနားချင်း လီဗာပူးပရိသတ်တွေ၊ အဖွဲ့အစည်းတွေဖြင့် သဘောတူညီမှုပါ ရယူနိုင်ခဲ့ပြီဖြစ်တယ်။

ယာဂင်ကတော့ ကွင်းတိုးချဲ့မှုအပေါ် စိတ်လှုပ်ရှားနေပြီး ခပ်မြန်မြန်လေး ပြီးစေချင်ပါတယ်လို့ ဖွင့်ဟလာခဲ့ပါတယ်။

ကလော့ပ်က “ ကျနော် တကယ်ကို စိတ်လှုပ်ရှားနေပြီး အချိန်မှီ သူတို့ အဆုံးသတ်နိုင်ဖို့ မျှော်လင့်ပါတယ်။ သူတို့ ဘာပြောထားလဲ? ၂၀၂၃-၂၀၂၄ ဆို ဖွင့်မယ်မို့လား? ကျနော်တို့ သိပ်ကိုကောင်းတဲ့ ဖွင့်ပွဲ လုပ်မှာဖြစ်သလို ကျနော် အဲ့နေရာမှာ ရှိနေမှာပါ။ ကွင်းကြီး ပြီးသွားတဲ့ အခိုက်အတန့်က သိပ်ကို ကောင်းပါလိမ့်မယ်။

ဒီကြားထဲမှာ အလုပ်တွေ လုပ်ရဦးမယ်ဆိုပေမယ့် အနာဂတ်အတွက် ဒီအသင်း အလုပ်လုပ်နေတဲ့ ကိစ္စတွေကို ကျနော် သိပ်ကို သဘောကျပါတယ်။ အချိန်နဲ့အမျှ ကျနော်တို့ရဲ့ ပိုင်ရှင်က ဝေဖန်မှုတွေ ရနေပါတယ်။ ဒါပေမယ့်လို့ သူက အန်ဖီးကွင်းကို တိုးချဲ့ပေးခဲ့ပြီး အခု နောက်ထပ် ၇၀၀၀ တိုးချဲ့ဖို့ လုပ်ဆောင်နေတာကိုတော့ ကျနေ်ာတို့ မမေ့သင့်ပါဘူး။

ကွင်းတိုးချဲ့ခြင်းဟာ ကလပ်ရဲ့ အနာဂတ်အတွက် သတင်းကောင်းဖြစ်ပါတယ်။ သိပ်ကို ကောင်းတဲ့ ဘောလုံးပွဲတွေကို ပရိသတ် ၇၀၀၀ က တိုးမြင့် ကြည့်ခွင့်ရလာတော့မယ်။ အဲ့တာက သိပ်ကောင်းပါတယ်။ နောက်ဆုံးအကြိမ် ပွဲကြည့်စင်ကို တိုးချဲ့တုန်းက ဘယ်လိုလဲဆိုတာကို ကျနေ်ာတို့တွေ မြင်ခဲ့ကြတာပဲလေ။

အဲ့တာက ကောင်းပါတယ်။ သိပ်ကိုကောင်းတယ်၊ အရမ်းလည်း စိတ်လှုပ်ရှားရတယ်။ ကွင်းကြီး ပြီးသွားမှာကို စောင့်နေရတာက အတော်ကို ခက်ခဲတာပါပဲ။ တကယ်ကို ဆောက်နေကြပြီဆိုတာ သိလိုက်ရတော့ မနက်ဖြန်တောင်မှ ပြီးသွားလိုက်စေချင်တော့တာပါပဲ ” လို့ ဆိုခဲ့တာဖြစ်ပါတယ်။

လီဗာပူးအသင်းရဲ့ အန်ဖီးကွင်းဟာ ကွင်းတိုးချဲ့မှု အပြီးသတ်ခဲ့ရင်တော့ ပရိသတ် ၆၁၀၀၀ ဝင်ဆံ့သွားမှာဖြစ်ကာ အန်ဖီးကွင်းရဲ့ ရုပ်လုံးကလည်း ခံ့ခံ့ငြားငြားကြီး ကြွတက်လာဖို့ ရှိနေတာဖြစ်ပါတယ်။

ZAWGYI

မန္ေနဂ်ာယာဂင္ကေလာ့ပ္က ပရိသတ္ေတြဟာ အသင္းပိုင္ရွင္ကို ပံုမွန္ ေဝဖန္ၾကေပမယ့္လို႔ ကြင္းတိုးခ်ဲ႔မႈလို ကိစၥေတြကို ေရရွည္ပလန္အတြက္ ၾကိဳးစားေပးေနတာပါလို႔ ဖာေထးေျပာဆိုမႈ လုပ္ေပးသြားပါတယ္။

ျပီးခဲ့တဲ့ ရက္ပိုင္းကပဲ လီဗာပူးအသင္းရဲ႕ အန္ဖီးကြင္း တိုးခ်ဲ႔မႈ စတင္ဖို႔ မီးစိမ္းျပခံလိုက္ရပါျပီ။ ကနဦးအဆင့္ ေျမသားစီမံမႈေတြ လုပ္ထားခဲ့တဲ့ အသင္းဟာ တည္ေဆာက္ေရး လုပ္ငန္းစဥ္ေတြကို စတင္ဖို႔ အိမ္နီးနားခ်င္း လီဗာပူးပရိသတ္ေတြ၊ အဖြဲ႔အစည္းေတြျဖင့္ သေဘာတူညီမႈပါ ရယူႏုိင္ခဲ့ျပီျဖစ္တယ္။

ယာဂင္ကေတာ့ ကြင္းတိုးခ်ဲ႔မႈအေပၚ စိတ္လႈပ္ရွားေနျပီး ခပ္ျမန္ျမန္ေလး ျပီးေစခ်င္ပါတယ္လုိ႔ ဖြင့္ဟလာခဲ့ပါတယ္။

ကေလာ့ပ္က “ က်ေနာ္ တကယ္ကို စိတ္လႈပ္ရွားေနျပီး အခ်ိန္မွီ သူတို႔ အဆံုးသတ္ႏုိင္ဖို႔ ေမွ်ာ္လင့္ပါတယ္။ သူတို႔ ဘာေျပာထားလဲ? ၂၀၂၃-၂၀၂၄ ဆို ဖြင့္မယ္မို႔လား? က်ေနာ္တို႔ သိပ္ကိုေကာင္းတဲ့ ဖြင့္ပြဲ လုပ္မွာျဖစ္သလို က်ေနာ္ အဲ့ေနရာမွာ ရွိေနမွာပါ။ ကြင္းၾကီး ျပီးသြားတဲ့ အခိုက္အတန္႔က သိပ္ကို ေကာင္းပါလိမ့္မယ္။

ဒီၾကားထဲမွာ အလုပ္ေတြ လုပ္ရဦးမယ္ဆိုေပမယ့္ အနာဂတ္အတြက္ ဒီအသင္း အလုပ္လုပ္ေနတဲ့ ကိစၥေတြကို က်ေနာ္ သိပ္ကို သေဘာက်ပါတယ္။ အခ်ိန္နဲ႔အမွ် က်ေနာ္တို႔ရဲ႕ ပိုင္ရွင္က ေဝဖန္မႈေတြ ရေနပါတယ္။ ဒါေပမယ့္လို႔ သူက အန္ဖီးကြင္းကို တိုးခ်ဲ႔ေပးခဲ့ျပီး အခု ေနာက္ထပ္ ၇၀၀၀ တိုးခ်ဲ႔ဖို႔ လုပ္ေဆာင္ေနတာကိုေတာ့ က်ေန္ာတို႔ မေမ့သင့္ပါဘူး။

ကြင္းတိုးခ်ဲ႔ျခင္းဟာ ကလပ္ရဲ႕ အနာဂတ္အတြက္ သတင္းေကာင္းျဖစ္ပါတယ္။ သိပ္ကို ေကာင္းတဲ့ ေဘာလံုးပြဲေတြကို ပရိသတ္ ၇၀၀၀ က တိုးျမင့္ ၾကည့္ခြင့္ရလာေတာ့မယ္။ အဲ့တာက သိပ္ေကာင္းပါတယ္။ ေနာက္ဆံုးအၾကိမ္ ပြဲၾကည့္စင္ကို တိုးခ်ဲ႔တုန္းက ဘယ္လိုလဲဆိုတာကို က်ေန္ာတို႔ေတြ ျမင္ခဲ့ၾကတာပဲေလ။

အဲ့တာက ေကာင္းပါတယ္။ သိပ္ကိုေကာင္းတယ္၊ အရမ္းလည္း စိတ္လႈပ္ရွားရတယ္။ ကြင္းၾကီး ျပီးသြားမွာကို ေစာင့္ေနရတာက အေတာ္ကို ခက္ခဲတာပါပဲ။ တကယ္ကို ေဆာက္ေနၾကျပီဆိုတာ သိလိုက္ရေတာ့ မနက္ျဖန္ေတာင္မွ ျပီးသြားလိုက္ေစခ်င္ေတာ့တာပါပဲ ” လို႔ ဆိုခဲ့တာျဖစ္ပါတယ္။

လီဗာပူးအသင္းရဲ႕ အန္ဖီးကြင္းဟာ ကြင္းတိုးခ်ဲ႔မႈ အျပီးသတ္ခဲ့ရင္ေတာ့ ပရိသတ္ ၆၁၀၀၀ ဝင္ဆံ့သြားမွာျဖစ္ကာ အန္ဖီးကြင္းရဲ႕ ရုပ္လံုးကလည္း ခံ့ခံ့ျငားျငားၾကီး ၾကြတက္လာဖို႔ ရွိေနတာျဖစ္ပါတယ္။