ဒီအပတ် စနေနေ့မှာတော့ လီဗာပူးအသင်းက ပရီးမီးယားလိဂ် ပွဲစဉ် ၆ အဖြစ် ဘရန်ဖိုဒ့်အသင်း အိမ်ကွင်းထံ သွားရောက်ယှဉ်ပြိုင် ကစားရမှာဖြစ်ပါတယ်။
အဆိုပါ ပွဲစဉ်အတွက် ဘီဘီစီမှ ဘောလုံးပွဲခန့်မှန်းသူ လောရိုးရဲ့ သုံးသပ်ချက်နဲ့ ရလဒ်ခန့်မှန်းအား ဖော်ပြလိုက်ပါတယ်။
ဘရန့်ဖိုဒ့် V လီဗာပူး
ပရီးမီးယားလိဂ် ပွဲစဉ် (၆)
စက်တင်ဘာလ ၂၅ ရက်၊ စနေနေ့။
မြန်မာစံတော်ချိန် ည ၁၁ နာရီ။
လော်ရိုး၏ ပွဲကြို သုံးသပ်ချက်။ ။ ၁၉၄၇ ခုနှစ်ထဲက ပထမဆုံးအကြိမ်အဖြစ် လီဗာပူးအသင်းဟာ ဘရန့်ဖိုဒ့် အိမ်ကွင်းထံ သွားရောက် ယှဉ်ပြိုင်ရမှာဖြစ်တယ်။ အဲ့မှာတော့ သိပ်ကို ကောင်းမွန်တဲ့ အားပေးမှုတွေကို ရင်ဆိုင်သွားရမှာဖြစ်ပါတယ်။
ပျားကောင်တွေလို့ နာမည်ပြောင်ရှိတဲ့ ဘရန်ဖိုဒ့်ဟာ ခြေစွမ်းကောင်းမွန်နေတဲ့ အသင်းဖြစ်ပါတယ်။ သူတို့ရဲ့ တိုက်စစ်သမား အိုင်ဗန် တိုနီဟာ သိပ်ကောင်းတဲ့ အလုပ်တွေ လုပ်နေပြီး သူတို့အသင်းအတွက် သွင်းဂိုးတွေ ရယူထားသလို ပွဲတွေကို အနိုင်ရဖို့လည်း အခွင့်အရေးတွေ ရှာပေးနေတာဖြစ်ပါတယ်။
လီဗာပူးအသင်းက သူတို့ ရင်ဆိုင်ကစားဖို့အတွက် သိပ်ကို တောင့်တင်းလွန်းတယ်လို့ ထင်ပါတယ်။ ယာဂင်က သူ့အသင်းကို အလှည့်ကျ ပွဲထုတ်မှုတွေ ပုံမျန်ပြုလုပ်နေပေမယ့် ရလဒ်ပိုင်းမှာတေ့ာ သိသိသာသာ ခြားနားသွားတာမျိုး မရှိပါဘူး။ ယာဂင်ရဲ့ လူထုတ်ပုံတွေက ယေဘုယျအားဖြင့် မှန်ကန်နေတတ်တာ ဖြစ်ပါတယ်။
ပွဲစဉ်အတွက် လော်ရိုး၏ ခန့်မှန်းရလဒ်။ ။ ဘရန့်ဖိုဒ် ဝ-၂ လီဗာပူး
ZAWGYI
ဘရန့်ဖိုဒ့် V လီဗာပူး