ဘရန့်ဖိုဒ့်အသင်းရဲ့ အဓိက ကစားသမား ၁၀ ယောက်ဟာ အာဆင်နယ်၊ ဝုဗ်တို့ကို အနိုင်ရခဲ့တဲ့ပွဲတွေ အပါအဝင် ဒီရာသီ လိဂ်ပွဲအားလုံးမှာ ပွဲထွက်ကစားထားကြသူတွေဖြစ်ပါတယ်။

မန်နေဂျာဖရန့်က နောက်တန်း သုံးယောက်ခံစစ်ကို အမြဲတမ်း အကျိုးရှိရှိ အသုံးချတတ်ပေမယ့် ပြိုင်ဘက်ကိုလိုက်ပြီး ပြောင်းလဲတတ်တဲ့ နည်းဗျူဟာတွေကိုလည်း ကျင့်သုံးတတ်ပါတယ်။ ဘရန့်ဖိုဒ့်ရဲ့ နည်းစနစ်တွေကို အကျဉ်းသဘောမျိုး ပြောဆိုပြီး အဆင်သင့် ပြင်ဆင်ထားတယ်လို့ ကလော့ပ်က ဆိုပါတယ်။

“ ကျွန်တော်တို့မှာ အချိန်ရှိရင် ဘရန်ဖိုဒ့်ပွဲ သုံးယောက်တန်း ခံစစ်ကို ကျော်လွှားဖို့ သေချာကြိုးစား လေ့ကျင့်ပါတယ်။ ကျွန်တော့်မှာ အချိန်နည်းနည်းပဲ ရှိတာကြောင့် ရသလောက်နဲ့ ကြိုးစားလုပ်သွားမှာပါ။ ကျွန်တော်တို့က ပြိုင်ဘက်အသင်း ကစားလာမယ့် ပုံစံတစ်ခုအတွက် ကြိုတင် ပြင်ဆင်သွားရင် တကယ့်ပွဲမှာကျ ပြိုင်ဘက်က တခြားပုံစံနဲ့ ကစားတာမျိုး အမြဲဖြစ်တတ်တယ်။

နောဝစ်ချ်နဲ့ပွဲတုန်းက သူတို့ နောက်တန်း ၅ ယောက်နဲ့ နောက်ဆုံးကစားခဲ့တဲ့ အချိန်ကို ကျွန်တော် မှတ်တောင်မမှတ်မိတော့ဘူး။ ဒါပေမယ့် တကယ့်ပွဲမှာ သူတို့က နောက်တန်း ၅ ယောက်နဲ့ ပွဲထွက်ခဲ့ပြီး ပွဲအတွင်းမှာ ၄ ယောက်တန်းခံစစ်ကိုလည်း ပြောင်းလဲကစားခဲ့တယ်။

ဘောလုံးလောကက အမြဲတမ်း အဲ့လိုပါပဲ။ ကိုယ်အသုံးချချင်တဲ့ နေရာလွတ်တွေကတော့ မပြောင်းလဲဘူး။ ကျွန်တော်တို့က သူတို့ရဲ့ နောက်ဆုံးခံစစ်ကြောင်းကို ကျော်ဖြတ်လိုတယ်။ ဒါကြောင့် သူတို့တွေက ခံစစ်မှာ ၄ယောက်၊ ၅ယောက်၊ ၆ယောက်မကလို့ ၇ယောက်ပဲဖြစ်ဖြစ် ဘာမှ သိပ်မပြောင်းလဲသွားဘူး။

ဘရန့်ဖိုဒ့်က တကယ်ကို ကောင်းကောင်းလုပ်နေတာပါ။ သူတို့က အတော်လေးလည်း ကျစ်လစ်တယ်။ မိန့်ဇ်နဲ့တုန်းကလဲ အလားတူ အသင်းမျိုးကို ကျွန်တော် နည်းပြခဲ့ရတာပါ။ ဒါကြောင့် ဒီပွဲမှာ တိုက်တွန်းစရာ မလိုပါဘဲ သူတို့အသင်းက ခြေကုန်ထုတ် ကစားလာမှာဖြစ်ပါတယ်။

ပရီးမီးယားလိဂ်ကို ပထမဆုံး လာကစားရတဲ့ ကစားသမားတွေအနေနဲ့ သူတို့က ကွာဟချက်တွေကို လျှော့ချဖို့ သူတို့တတ်နိုင်တဲ့ အရာအားလုံးကို ကြိုးစားသွားမှာဖြစ်သလို ခုခံကာကွယ်သွားကြမှာပါ။

အရှေ့မှာ တိုက်စစ်မှူး နှစ်ယောက်ကို ချန်ထားပြီးတော့ ၈ယောက်လုံးက အနောက်ထိ ဆင်းကာကွယ်ကြပါလိမ့်မယ်။ ဂိုးသမားနဲ့ဆိုရင် စုစုပေါင်း ၉ ယောက်ပေါ့။ သူတို့ရဲ့ တိုက်စစ်မှာ အိုင်ဗန် တိုနီရှိနေပြီး အဲ့ဒါက စိတ်ဝင်စားစရာပဲ။

ဒါပေမယ့် ကျွန်တော်တို့ကလည်း အဲ့ဒီလိုအရာတွေအတွက် ပြင်ဆင်ထားတယ်။ အထူးတလည် ပြင်ဆင်တာမျိုး မဟုတ်ပါဘူး။ ကျွန်တော်တို့က ကိုယ်လုပ်ချင်တဲ့ အရာအပေါ်မှာပဲ အများကြီး ပိုပြီးတော့ အာရုံစိုက်ထားတာပါ”လို့ ကလော့ပ်က ပြောဆိုခဲ့တာပဲ ဖြစ်ပါတယ်။

ZAWGYI

ဘရန္႔ဖိုဒ့္အသင္းရဲ႕ အဓိက ကစားသမား ၁၀ ေယာက္ဟာ အာဆင္နယ္၊ ဝုဗ္တို႔ကို အႏိုင္ရခဲ့တဲ့ပြဲေတြ အပါအဝင္ ဒီရာသီ လိဂ္ပြဲအားလုံးမွာ ပြဲထြက္ကစားထားၾကသူေတြျဖစ္ပါတယ္။

မန္ေနဂ်ာဖရန္႔က ေနာက္တန္း သုံးေယာက္ခံစစ္ကို အၿမဲတမ္း အက်ိဳးရွိရွိ အသုံးခ်တတ္ေပမယ့္ ၿပိဳင္ဘက္ကိုလိုက္ၿပီး ေျပာင္းလဲတတ္တဲ့ နည္းဗ်ဴဟာေတြကိုလည္း က်င့္သံုးတတ္ပါတယ္။ ဘရန္႔ဖိုဒ့္ရဲ႕ နည္းစနစ္ေတြကို အက်ဥ္းသေဘာမ်ိဳး ေျပာဆိုျပီး အဆင္သင့္ ျပင္ဆင္ထားတယ္လို႔ ကေလာ့ပ္က ဆိုပါတယ္။

“ ကြၽန္ေတာ္တို႔မွာ အခ်ိန္ရွိရင္ ဘရန္ဖိုဒ့္ပြဲ သံုးေယာက္တန္း ခံစစ္ကို ေက်ာ္လႊားဖို႔ ေသခ်ာႀကိဳးစား ေလ့က်င့္ပါတယ္။ ကြၽန္ေတာ့္မွာ အခ်ိန္နည္းနည္းပဲ ရွိတာေၾကာင့္ ရသေလာက္နဲ႔ ႀကိဳးစားလုပ္သြားမွာပါ။ ကြၽန္ေတာ္တို႔က ၿပိဳင္ဘက္အသင္း ကစားလာမယ့္ ပုံစံတစ္ခုအတြက္ ၾကိဳတင္ ျပင္ဆင္သြားရင္ တကယ့္ပြဲမွာက် ၿပိဳင္ဘက္က တျခားပုံစံနဲ႔ ကစားတာမ်ိဳး အၿမဲျဖစ္တတ္တယ္။

ေနာဝစ္ခ်္နဲ႔ပြဲတုန္းက သူတို႔ ေနာက္တန္း ၅ ေယာက္နဲ႔ ေနာက္ဆုံးကစားခဲ့တဲ့ အခ်ိန္ကို ကြၽန္ေတာ္ မွတ္ေတာင္မမွတ္မိေတာ့ဘူး။ ဒါေပမယ့္ တကယ့္ပြဲမွာ သူတို႔က ေနာက္တန္း ၅ ေယာက္နဲ႔ ပြဲထြက္ခဲ့ၿပီး ပြဲအတြင္းမွာ ၄ ေယာက္တန္းခံစစ္ကိုလည္း ေျပာင္းလဲကစားခဲ့တယ္။

ေဘာလုံးေလာကက အၿမဲတမ္း အဲ့လိုပါပဲ။ ကိုယ္အသုံးခ်ခ်င္တဲ့ ေနရာလြတ္ေတြကေတာ့ မေျပာင္းလဲဘူး။ ကြၽန္ေတာ္တို႔က သူတို႔ရဲ႕ ေနာက္ဆုံးခံစစ္ေၾကာင္းကို ေက်ာ္ျဖတ္လိုတယ္။ ဒါေၾကာင့္ သူတို႔ေတြက ခံစစ္မွာ ၄ေယာက္၊ ၅ေယာက္၊ ၆ေယာက္မကလို႔ ၇ေယာက္ပဲျဖစ္ျဖစ္ ဘာမွ သိပ္မေျပာင္းလဲသြားဘူး။

ဘရန္႔ဖိုဒ့္က တကယ္ကို ေကာင္းေကာင္းလုပ္ေနတာပါ။ သူတို႔က အေတာ္ေလးလည္း က်စ္လစ္တယ္။ မိန္႔ဇ္နဲ႔တုန္းကလဲ အလားတူ အသင္းမ်ိဳးကို ကြၽန္ေတာ္ နည္းျပခဲ့ရတာပါ။ ဒါေၾကာင့္ ဒီပြဲမွာ တိုက္တြန္းစရာ မလိုပါဘဲ သူတို႔အသင္းက ေျခကုန္ထုတ္ ကစားလာမွာျဖစ္ပါတယ္။

ပရီးမီးယားလိဂ္ကို ပထမဆုံး လာကစားရတဲ့ ကစားသမားေတြအေနနဲ႔ သူတို႔က ကြာဟခ်က္ေတြကို ေလွ်ာ့ခ်ဖို႔ သူတို႔တတ္ႏိုင္တဲ့ အရာအားလုံးကို ၾကိဳးစားသြားမွာျဖစ္သလို ခုခံကာကြယ္သြားၾကမွာပါ။

အေရွ႕မွာ တိုက္စစ္မႉး ႏွစ္ေယာက္ကို ခ်န္ထားၿပီးေတာ့ ၈ေယာက္လုံးက အေနာက္ထိ ဆင္းကာကြယ္ၾကပါလိမ့္မယ္။ ဂိုးသမားနဲ႔ဆိုရင္ စုစုေပါင္း ၉ ေယာက္ေပါ့။ သူတို႔ရဲ႕ တိုက္စစ္မွာ အိုင္ဗန္ တိုနီရွိေနျပီး အဲ့ဒါက စိတ္ဝင္စားစရာပဲ။

ဒါေပမယ့္ ကြၽန္ေတာ္တို႔ကလည္း အဲ့ဒီလိုအရာေတြအတြက္ ျပင္ဆင္ထားတယ္။ အထူးတလည္ ျပင္ဆင္တာမ်ိဳး မဟုတ္ပါဘူး။ ကြၽန္ေတာ္တို႔က ကိုယ္လုပ္ခ်င္တဲ့ အရာအေပၚမွာပဲ အမ်ားႀကီး ပိုၿပီးေတာ့ အာ႐ုံစိုက္ထားတာပါ”လို႔ ကေလာ့ပ္က ေျပာဆိုခဲ့တာပဲ ျဖစ္ပါတယ္။