ယူနိုက်တက် နည်းပြ ဆိုးရှားကတော့ ဒီရာသီ မန်ချက်စတာ ယူနိုက်တက် ပင်နယ်တီ ရတာ နည်းပါးနေတာက လီဗာပူး အသင်း မန်နေဂျာ ယာဂင်ကလော့ပ် ပြောဆိုမှုတွေကြောင့်လို့ စွပ်စွဲ ပြစ်တင်လိုက်ပါတယ်။
ပြီးခဲ့တဲ့ သီတင်းပတ်က ဝက်စ်ဟမ်းနဲ့ ပရီးမီးယားလိဂ် ပွဲမှာ ရော်နယ်ဒိုကြောင့် ရသင့်တဲ့ ပင်နယ်တီ နှစ်ကြိမ်လုံး ငြင်းပယ်ခံခဲ့ရပြီးနောက် ဆိုးရှားက အမျက်ထွက်နေပြီး ကလော့ပ်ကြောင့်လို့ ရည်ညွှန်းကာ ထုတ်ဖော် ပြောဆိုလာခဲ့တာ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ ရာသီ ဇန်နဝါရီလတုန်းက ယူနိုက်တက်ဟာ ပင်နယ်တီ ဘယ်လောက်ရသလဲ ဆိုတာနဲ့ပတ်သတ်ပြီး ယာဂင်ကလော့ပ် ပြောဆိုခဲ့ဖူးတာ ရှိကာ ထိုနောက်ပိုင်း သူ့အသင်း ထိခိုက်လာရတယ်လို့ ဆိုးရှားက ယူဆနေပါတယ်။
” ကျနေ်ာတို့ ရသင့်တာ ရဖို့ပဲ မျှော်လင့်ရမှာပါ။ ပြီးခဲ့တဲ့ နှစ်ပွဲမှာ ကျနေ်ာတို့ ရသင့်တဲ့ ပင်နယ်တီ ၃ ကြိမ် ရှိပါတယ်။ ပြီးခဲ့တဲ့နှစ်တုန်းက ကျနေ်ာတို့ ပင်နယ်တီတွေချည်း ရနေတာ ဆိုပြီး ပြောခဲ့တဲ့ အသင်း မန်နေဂျာ တစ်ယောက် ရှိပါတယ် (ကလော့ပ်ကို ရည်ရွယ်)။ အဲဒီနောက်ပိုင်း ဒိုင်တွေရဲ့ ဆုံးဖြတ်ချက်မှာ ကျနော်တို့ကို ပင်နယ်တီ ပေးဖို့ တော်တော် ခက်လာပုံပဲ။
အဲ့ဒီတည်းက စလို့ အခြေအနေတွေက ကြီးကြီးမားမားကို ပြောင်းလဲသွားတာပါ။ ဒါပေမယ့် ဒါတွေက ဒိုင်တွေရဲ့ အဆုံးအဖြတ်ပေါ်ပဲ မူတည်လို့ သူတို့ကိုပဲ မှန်မှန်ကန်ကန် အမြန်ဆုံး လုပ်ဆောင်လာဖို့ မျှော်လင့်ရမှာပဲ။ ” လို့ ဆိုးရှားက ဒီတစ်ပတ် ဗီလာနဲ့ ပွဲမတိုင်ခင်မှာ ပြောဆိုခဲ့ပါတယ်။
ကလော့ပ်က ပြီးခဲ့တဲ့ရာသီတုန်းက ယူနိုက်တက် ရတဲ့ ပင်နယ်တီတွေနဲ့ ပတ်သတ်ပြီး – ” မန်ယူနိုက်တက် ၂နှစ် အတွင်း ရတဲ့ ပင်နယ်တီတွေက ကျနော် ၅နှစ်ခွဲ အတွင်း ရတဲ့ ပင်နယ်တီတွေထက် ပိုများနေတယ်။ ဒါက ကျနော့်ပဲ အပြစ်ပဲလားတော့ မပြောတတ်ဘူးလေ။ ဘယ်လိုလုပ်များ ဒီလို ဖြစ်နေတာလဲ ကျနော်လည်း မသိဘူး။ ” လို့ ပြောဆိုခဲ့ဖူးပါတယ်။
ယူနိုက်တက် နည်းပြ ဆိုးရှားကတော့ ကလော့ပ်ရဲ့ ထို မှတ်ချက်တွေက ဒိုင်တွေရဲ့ ဆုံးဖြတ်ချက် အပေါ် လွှမ်းမိုးသက်ရောက်မှု ရှိနေတယ်လို့ ယူဆနေတာ ဖြစ်ပါတယ်။
ZAWGYI