မန်ယူဟာ အေဂျက်ခံစစ်မှူး ဒီလစ်ကို ခေါ်ယူဖို့ ကြိုးစားနေမှုအား လက်လျော့ခဲ့ပြီဖြစ်တယ်လို့ သတင်းလွှင့်လာခဲ့ပြီး နောက်ဆက်တွဲအဖြစ် ဒီလစ်က သူဘာစီလိုနာကိုရောက်ဖို့လည်း မသေချာသေးပဲ ပရီးမီးယားလိဂ်မှာလည်း ကစားလိုတယ်လို့ ပြောလာပါတယ်။

နယ်သာလန်အတွက် ကစားပေးဖို့ လက်ရွေးစင်နဲ့ ပူးပေါင်းနေတဲ့ ဒီလစ်ကတော့ ဇွန်လ ၆ ရက်နေ့မှာ အင်္ဂလန်နဲ့ ဆီမီးဖိုင်နယ်ပွဲကြို ရင်ဆိုင်ရမှာပါ။ ဒီရက်မှာပဲ ဒီလစ်က သူ့အနာဂတ်အကြောင်း ထုတ်ပြောလာပါတယ်။

ဒီလစ်ကပဲ ” ကိုယ်ဘာသာ ဘယ်နေရာကို ရောက်သွားမယ်လို့ မြင်မိလဲ? ပြောရရင်တော့ ပရီးမီးယားလိဂ်က အရမ်းကို ကြီးမားတဲ့ ပြိုင်ပွဲကြီးပါ။ စပိန်ကောပါပဲ။ ဒါပေမယ့် အခြားသော ပြိုင်ပွဲတွေလည်း ရှိနေပြီး ပရီးမီးယားလိဂ်နဲ့ စပိန်ပဲ ရှိနေတာ မဟုတ်ပါဘူး။

ကျနော်ရဲ့ အနာဂတ်နဲ့ပက်သက်ပြီး ဘာကိုမှ မသိသေးပါဘူး။ ဘာတွေဖြစ်လာမယ်ဆိုတာလည်း မသိဘူး။ ပထမဆုံးအနေနဲ့ နယ်သာလန်အသင်းနဲ့ နှစ်ပွဲ ကစားပါမယ်။ အဲ့တာပြီးရင်တော့ ဘာတွေဖြစ်လာမယ်ဆိုတာ ကြည့်ရပါလိမ့်မယ် ” လို့ ဆိုသွားခဲ့ပါတယ်။

မန်ယူက ကမ်းလှမ်းမှုရုတ်သိမ်းမယ်လို့ သတင်းထွက်နေတဲ့ အေဂျက်ခံစစ်မှူး ဒီလစ်က သူကိုယ်တိုင်ဟာ အနာဂတ်မှာ ဘယ်အသင်းကို သွားကစားရမယ် မသိသေးပါဘူးလို့ ဝန်ခံလိုက်ခြင်းဟာ နှစ်သင်းကြား ဒွိဟဖြစ်နေလားတော့ စိတ်လှုပ်ရှားမိပါတယ်။