လီဗာပူးအသင်းဟာ ပရီးမီးယားလိဂ် တန်းတက်ကလပ် ဘရန့်ဖိုဒ့်အသင်းကို ယှဉ်ပြိုင်ဖို့ ဒီအပတ်မှာ လန်ဒန်ကို သွားရမှာဖြစ်ပါတယ်။

ဒီရာသီမှာ နိုင်ပွဲတွေဆက်နေတဲ့ လီဗာပူးက ကြံ့ခိုင်မှုပိုင်းမှာလည်း ပြဿနာအချို့ စတင်တွေ့နေတာကြောင့် ပွဲကြပ်တွေအတွင်း ဂရုတစ်စိုက် စီမံရမှာဖြစ်တယ်။ တန်းတက်ကလပ် ဘရန့်ဖိုဒ့်ဟာ ၎င်းတို့ရဲ့ ကွင်းသစ်ကြီးမှာ လီဗာပူးနဲ့ ပထမဆုံးအကြိမ် ရင်ဆိုင်ကစားရမယ့်ပွဲကို ခပ်လွယ်လွယ် အနိုင်ပေးသွားမှာ မဟုတ်ဘဲ အကျိတ်အနယ် ယှဉ်ပြိုင်လာပါလိမ့်မယ်။

ထူးခြားသတင်းများ

  • ဖာမင်နိုနဲ့ နီကိုး ဝီလီယမ်တို့ လေ့ကျင့်ရေး အပြည့် ပြန်ဆင်းနေပါပြီ။
  • ထရန့်နဲ့ မီလ်နာတို့ ဒီပွဲမှာ ပါဝင်ပေးဖို့ အဆင်ပြေပါတယ်။
  • သီယာဂိုနဲ့ ကိတ်တာတို့ ပါမှာ မဟုတ်ပါဘူး။ သီယာဂိုက အနည်းဆုံး ၃ ပွဲ နားရပါလိမ့်မယ်။
  • နော့ဝစ်နဲ့ ကြားရက် ကာရာဘောင်းပွဲမှာ လူအပြောင်းအလဲ ၁၀ ခုထိ လုပ်ခဲ့ပါတယ်။

ဘရန့်ဖိုဒ့်နဲ့ပွဲ လူစာရင်းခန့်မှန်း

ဒီပွဲမှာတော့ ယာဂင်ဟာ အတောင့်တင်းဆုံး ခံစစ်ကိုပဲ ပွဲထုတ်လာပါလိမ့်မယ်။ ကြားရက်မှာ အနားရထားတဲ့ ဗန်ဒိုက်နဲ့ မာတစ်ကို အယ်လီဆန်၊ ထရန့်၊ ရော်ဘတ်ဆန်နဲ့ တွဲပေးသွားမှာပါ။ ဒါမှလည်း ကြားရက် ပေါ်တိုနဲ့ ချန်ပီယံလိဂ်ပွဲမှာ ကိုစတက်၊ ကိုနတေးတို့ အခွင့်အရေးရမှာဖြစ်ပြီး နောက်ထပ်ပွဲစဉ်က မန်စီးတီးနဲ့ဖြစ်ပါတယ်။

ဘရန့်ဖိုဒ့်၊ ပေါ်တို၊ မန်စီးတီး ပွဲစဉ်တွေကို ၃ ရက်ခြားစီ ယှဉ်ပြိုင်ရချိန်မှာ တူညီတဲ့ ခံစစ်လူစာရင်းကို ထုတ်သုံးဖို့က အရဲစွန့်ရာ ကျပါလိမ့်မယ်။ ယာဂင်အနေနဲ့ ကြံ့ခိုင်မှုကို ထည့်တွက်မှာဖြစ်ပြီး ချန်ပီယံလိဂ်မှာက လူစားလဲမှု ၅ ကြိမ် လုပ်ခွင့်ရှိနေပါတယ်။

ကွင်းလယ်အဖြစ်တော့ ဘရန့်ဖိုဒ့်နဲ့ပွဲမှာ ဖာဘင်ညို၊ ဟန်ဒါဆန်၊ ဂျုံးတို့ကို တွဲဘက်ပေးမယ်လို့ ယုံကြည်ရတယ်။ အဲ့ကွင်းလယ်ရဲ့ ထောက်ပံ့မှုမှာမှ ဆာလာ၊ မာနေး၊ ဂျိုတာတို့ကို ရွေးချယ်ခြင်းက ယာဂင်ရဲ့ ၄-၃-၃ မှာ အတောင့်တင်းဆုံး ပုံစံဖြစ်ပါတယ်။

အရင် နှစ်ပတ်လောက်တုန်းကတော့ ကွင်းလယ်က အင်အားကောင်းခဲ့ပေမယ့် အယ်လီးယော့ ကာလရှည် ဒဏ်ရာရခဲ့ပြီး သီယာဂို၊ ကိတ်တာတို့ရဲ့ ကြံ့ခိုင်မှု ထိခိုက်လာချိန်မှာ ကွင်လယ်ပိုင်း အင်အားကျဆင်းလာခဲ့တယ်။ ချိန်ဘာလိန်ထက်စာရင် ဂျုံးရဲ့ ပေါက်ကွဲအား ကစားနိုင်မှုနဲ့ ချိတ်ဆက်ကစားနိုင်မှုက ပိုမို သင့်လျော်မှာဖြစ်ပါတယ်။ ဒီပွဲမှာ မီနာမီနိုကို နေရာပေးမလားက စိတ်ဝင်စားစရာပါပဲ။

အကယ်လို့ ဒဏ်ရာက ပြန်သက်သာလာနေတဲ့ ဖာမင်နိုကို ပွဲထုတ်မယ်ဆိုရင်တော့ Fab Four တစ်တွဲလုံးကို ထုတ်သုံးပြီး ၄-၂-၃-၁ ကစားကွက်ရဲ့ ကွင်းလယ်မှာ ဖာဘင်ညိုနဲ့ ဟန်ဒါဆန်ကို နှစ်ဦးတွဲပုံစံ ထားဖို့ ဖြစ်ပါတယ်။ ဒါဆိုရင်တော့ ဖာမင်နိုက သူ့ရဲ့ နေရာဖြစ်တဲ့ အထောင်တိုက်စစ်မှူးနေရာ ဝင်ယူပါလိမ့်မယ်။

လက်ရှိ လီဗာပူးမှာ ပုံစံကောင်း ပျောက်နေတဲ့ ကစားသမားဆိုလို့ ဒဏ်ရာက ပြန်သက်သာလာစ ဖာမင်နိုလောက်ပဲ ရှိနေမှာဖြစ်တယ်။ ပွဲထွက်လူစာရင်းအရ ဂျိုတာ သွင်းဂိုး ရယူနိုင်စွမ်း ကျဆင်းလာတာနဲ့ ဒဏ်ရာက သက်သာလာတဲ့ ရော်ဘတ်ဆန် သူ့ရဲ့ အကောင်းဆုံး ပုံစံတွေ ပြန်မရသေးတာလောက်ပဲ ပြောစရာရှိပါတယ်။

ZAWGYI

လီဗာပူးအသင္းဟာ ပရီးမီးယားလိဂ္ တန္းတက္ကလပ္ ဘရန္႔ဖိုဒ့္အသင္းကို ယွဥ္ျပိဳင္ဖို႔ ဒီအပတ္မွာ လန္ဒန္ကို သြားရမွာျဖစ္ပါတယ္။

ဒီရာသီမွာ ႏုိင္ပြဲေတြဆက္ေနတဲ့ လီဗာပူးက ၾကံ႕ခိုင္မႈပိုင္းမွာလည္း ျပႆနာအခ်ိဳ႔ စတင္ေတြ႔ေနတာေၾကာင့္ ပြဲၾကပ္ေတြအတြင္း ဂရုတစ္စိုက္ စီမံရမွာျဖစ္တယ္။ တန္းတက္ကလပ္ ဘရန္႔ဖိုဒ့္ဟာ ၄င္းတို႔ရဲ႕ ကြင္းသစ္ၾကီးမွာ လီဗာပူးနဲ႔ ပထမဆံုးအၾကိမ္ ရင္ဆိုင္ကစားရမယ့္ပြဲကို ခပ္လြယ္လြယ္ အႏုိင္ေပးသြားမွာ မဟုတ္ဘဲ အက်ိတ္အနယ္ ယွဥ္ျပိဳင္လာပါလိမ့္မယ္။

ထူးျခားသတင္းမ်ား

  • ဖာမင္ႏိုနဲ႔ နီကိုး ဝီလီယမ္တို႔ ေလ့က်င့္ေရး အျပည့္ ျပန္ဆင္းေနပါျပီ။
  • ထရန္႔နဲ႔ မီလ္နာတို႔ ဒီပြဲမွာ ပါဝင္ေပးဖို႔ အဆင္ေျပပါတယ္။
  • သီယာဂိုနဲ႔ ကိတ္တာတို႔ ပါမွာ မဟုတ္ပါဘူး။ သီယာဂိုက အနည္းဆံုး ၃ ပြဲ နားရပါလိမ့္မယ္။
  • ေနာ့ဝစ္နဲ႔ ၾကားရက္ ကာရာေဘာင္းပြဲမွာ လူအေျပာင္းအလဲ ၁၀ ခုထိ လုပ္ခဲ့ပါတယ္။

ဘရန္႔ဖိုဒ့္နဲ႔ပြဲ လူစာရင္းခန္႔မွန္း

ဒီပြဲမွာေတာ့ ယာဂင္ဟာ အေတာင့္တင္းဆံုး ခံစစ္ကိုပဲ ပြဲထုတ္လာပါလိမ့္မယ္။ ၾကားရက္မွာ အနားရထားတဲ့ ဗန္ဒိုက္နဲ႔ မာတစ္ကို အယ္လီဆန္၊ ထရန္႔၊ ေရာ္ဘတ္ဆန္နဲ႔ တြဲေပးသြားမွာပါ။ ဒါမွလည္း ၾကားရက္ ေပၚတိုနဲ႔ ခ်န္ပီယံလိဂ္ပြဲမွာ ကိုစတက္၊ ကိုနေတးတို႔ အခြင့္အေရးရမွာျဖစ္ျပီး ေနာက္ထပ္ပြဲစဥ္က မန္စီးတီးနဲ႔ျဖစ္ပါတယ္။

ဘရန္႔ဖိုဒ့္၊ ေပၚတို၊ မန္စီးတီး ပြဲစဥ္ေတြကို ၃ ရက္ျခားစီ ယွဥ္ျပိဳင္ရခ်ိန္မွာ တူညီတဲ့ ခံစစ္လူစာရင္းကို ထုတ္သံုးဖို႔က အရဲစြန္႔ရာ က်ပါလိမ့္မယ္။ ယာဂင္အေနနဲ႔ ၾကံ႕ခိုင္မႈကို ထည့္တြက္မွာျဖစ္ျပီး ခ်န္ပီယံလိဂ္မွာက လူစားလဲမႈ ၅ ၾကိမ္ လုပ္ခြင့္ရွိေနပါတယ္။

ကြင္းလယ္အျဖစ္ေတာ့ ဘရန္႔ဖိုဒ့္နဲ႔ပြဲမွာ ဖာဘင္ညိဳ၊ ဟန္ဒါဆန္၊ ဂ်ံဳးတို႔ကို တြဲဘက္ေပးမယ္လို႔ ယံုၾကည္ရတယ္။ အဲ့ကြင္းလယ္ရဲ႕ ေထာက္ပံ့မႈမွာမွ ဆာလာ၊ မာေနး၊ ဂ်ိဳတာတို႔ကို ေရြးခ်ယ္ျခင္းက ယာဂင္ရဲ႕ ၄-၃-၃ မွာ အေတာင့္တင္းဆံုး ပံုစံျဖစ္ပါတယ္။

အရင္ ႏွစ္ပတ္ေလာက္တုန္းကေတာ့ ကြင္းလယ္က အင္အားေကာင္းခဲ့ေပမယ့္ အယ္လီးေယာ့ ကာလရွည္ ဒဏ္ရာရခဲ့ျပီး သီယာဂို၊ ကိတ္တာတို႔ရဲ႕ ၾကံ႕ခိုင္မႈ ထိခိုက္လာခ်ိန္မွာ ကြင္လယ္ပိုင္း အင္အားက်ဆင္းလာခဲ့တယ္။ ခ်ိန္ဘာလိန္ထက္စာရင္ ဂ်ံဳးရဲ႕ ေပါက္ကြဲအား ကစားႏုိင္မႈနဲ႔ ခ်ိတ္ဆက္ကစားႏုိင္မႈက ပိုမို သင့္ေလ်ာ္မွာျဖစ္ပါတယ္။ ဒီပြဲမွာ မီနာမီႏိုကို ေနရာေပးမလားက စိတ္ဝင္စားစရာပါပဲ။

အကယ္လို႔ ဒဏ္ရာက ျပန္သက္သာလာေနတဲ့ ဖာမင္ႏိုကို ပြဲထုတ္မယ္ဆိုရင္ေတာ့ Fab Four တစ္တြဲလံုးကို ထုတ္သံုးျပီး ၄-၂-၃-၁ ကစားကြက္ရဲ႕ ကြင္းလယ္မွာ ဖာဘင္ညိဳနဲ႔ ဟန္ဒါဆန္ကို ႏွစ္ဦးတြဲပံုစံ ထားဖို႔ ျဖစ္ပါတယ္။ ဒါဆိုရင္ေတာ့ ဖာမင္ႏိုက သူ႔ရဲ႕ ေနရာျဖစ္တဲ့ အေထာင္တိုက္စစ္မွဴးေနရာ ဝင္ယူပါလိမ့္မယ္။

လက္ရွိ လီဗာပူးမွာ ပံုစံေကာင္း ေပ်ာက္ေနတဲ့ ကစားသမားဆိုလို႔ ဒဏ္ရာက ျပန္သက္သာလာစ ဖာမင္ႏိုေလာက္ပဲ ရွိေနမွာျဖစ္တယ္။ ပြဲထြက္လူစာရင္းအရ ဂ်ိဳတာ သြင္းဂိုး ရယူႏုိင္စြမ္း က်ဆင္းလာတာနဲ႔ ဒဏ္ရာက သက္သာလာတဲ့ ေရာ္ဘတ္ဆန္ သူ႔ရဲ႕ အေကာင္းဆံုး ပံုစံေတြ ျပန္မရေသးတာေလာက္ပဲ ေျပာစရာရွိပါတယ္။