ဒီအပတ် စနေနေ့မှာတော့ လီဗာပူးအသင်းက ပရီးမီးယားလိဂ် ပွဲစဉ် ၆ အဖြစ် ဘရန်ဖိုဒ့်အသင်း အိမ်ကွင်းထံ သွားရောက်ယှဉ်ပြိုင် ကစားရမှာဖြစ်ပါတယ်။

အဆိုပါ ပွဲစဉ်အတွက် ပေါလ်မာဆန်ရဲ့ သုံးသပ်ချက်နဲ့ ရလဒ်ခန့်မှန်းအား ဖော်ပြလိုက်ပါတယ်။

ဘရန့်ဖိုဒ့် V လီဗာပူး
ပရီးမီးယားလိဂ် ပွဲစဉ် (၆)
စက်တင်ဘာလ ၂၅ ရက်၊ စနေနေ့။
မြန်မာစံတော်ချိန် ည ၁၁ နာရီ။

ပေါလ်မာဆန်၏ ပွဲကြို သုံးသပ်ချက်။ ။ ဘရန့်ဖိုဒ့်က ကျနော့် မျှော်လင့်ထားတာတွေကို လွဲမှားနေစေတဲ့ အသင်းပဲ ဖြစ်ပါတယ်။ သူတို့က ပြီးခဲ့တဲ့ အပတ်ပွဲအဖြစ် ဝုဗ်ကို ရင်ဆိုင်ကစားရမှာ ကောင်းမွန်ခဲ့ပါတယ်။ သူတို့ရံှူးမယ်လို့ မထင်ခဲ့ရဘဲ မိနစ် ၉၀ အတွင်းမှာ ပိုကောင်းတဲ့ အသင်းတောင် ဖြစ်ခဲ့ပါတယ်။ ရံဖန်ရံခါတော့ ကလပ်တွေက ကံကို အားကိုးလို့ ရနိုင်ပေမယ့် လီဗာပူးအသင်းလို အသင်းကို ရင်ဆိုင်ချိန်မှာပေါ့ သိပ်ပြီး သက်ရောက်မှုရှိမှာ မဟုတ်ပါဘူး။

ကျနော်က အာဆင်နယ်နဲ့အတူ သိပ်ကိုကောင်းတဲ့ အေစီမီလန်အသင်းကို ရင်ဆိုင်ခဲ့ဖူးပါတယ်။ အဲ့တုန်းကဆိုရင် အဝတ်လဲခန်းမှာ အေစီမီလန်တော့ သိပ်ကို ကောင်းတာပါပဲလို့တောင် ပြောခဲ့ကြတာပါ။ ဒီအပတ်တွေမှာ လီဗာပူးအသင်း လုပ်ပြထားနိုင်မှုတွေအရ သူတို့ကို ဘရန့်ဖိုဒ့်က ရပ်တန့်နိုင်မယ်လို့ ကျနော်တော့ မထင်မိပါဘူး။

ဘရန့်ဖိုဒ့်က အိမ်ရှင်အသင်းဖြစ်လို့ လွတ်လပ်စွာ ကစားနိုင်ဖို့ ရှိနေတယ်။ သူတိုက ဒီရာသီ ပရီးမီးယားလိဂ်မှာ ရမှတ်တွေရထားပြီး လီဗာပူးနဲ့ပွဲမှာတော့ အမှတ်ယူနိုင်မယ်လို့ မြင်ကြတဲ့သူ ရှိမှာ မဟုတ်ပါဘူး။ ဒါကပဲ ဘရန့်ဖိုဒ့်တို့ ရလဒ်အတွက် လွတ်လပ်စွာ ကစားခွင့်ရလာဖို့ ရှိနေပါတယ်။

ပွဲစဉ်အတွက် ပေါလ်မာဆန်၏ ခန့်မှန်းရလဒ်။ ။ ဘရန့်ဖိုဒ် ဝ-၃ လီဗာပူး

ZAWGYI

ဒီအပတ္ စေနေန႔မွာေတာ့ လီဗာပူးအသင္းက ပရီးမီးယားလိဂ္ ပြဲစဥ္ ၆ အျဖစ္ ဘရန္ဖိုဒ့္အသင္း အိမ္ကြင္းထံ သြားေရာက္ယွဥ္ျပိဳင္ ကစားရမွာျဖစ္ပါတယ္။

အဆိုပါ ပြဲစဥ္အတြက္ ေပါလ္မာဆန္ရဲ႕ သံုးသပ္ခ်က္နဲ႔ ရလဒ္ခန္႔မွန္းအား ေဖာ္ျပလိုက္ပါတယ္။

ဘရန္႔ဖိုဒ့္ V လီဗာပူး
ပရီးမီးယားလိဂ္ ပြဲစဥ္ (၆)
စက္တင္ဘာလ ၂၅ ရက္၊ စေနေန႔။
ျမန္မာစံေတာ္ခ်ိန္ ည ၁၁ နာရီ။

ေပါလ္မာဆန္၏ ပြဲၾကိဳ သံုးသပ္ခ်က္။ ။ ဘရန္႔ဖိုဒ့္က က်ေနာ့္ ေမွ်ာ္လင့္ထားတာေတြကို လြဲမွားေနေစတဲ့ အသင္းပဲ ျဖစ္ပါတယ္။ သူတို႔က ျပီးခဲ့တဲ့ အပတ္ပြဲအျဖစ္ ဝုဗ္ကို ရင္ဆိုင္ကစားရမွာ ေကာင္းမြန္ခဲ့ပါတယ္။ သူတို႔ရံွဴးမယ္လို႔ မထင္ခဲ့ရဘဲ မိနစ္ ၉၀ အတြင္းမွာ ပိုေကာင္းတဲ့ အသင္းေတာင္ ျဖစ္ခဲ့ပါတယ္။ ရံဖန္ရံခါေတာ့ ကလပ္ေတြက ကံကို အားကိုးလို႔ ရႏုိင္ေပမယ့္ လီဗာပူးအသင္းလို အသင္းကို ရင္ဆိုင္ခ်ိန္မွာေပါ့ သိပ္ျပီး သက္ေရာက္မႈရွိမွာ မဟုတ္ပါဘူး။

က်ေနာ္က အာဆင္နယ္နဲ႔အတူ သိပ္ကိုေကာင္းတဲ့ ေအစီမီလန္အသင္းကို ရင္ဆိုင္ခဲ့ဖူးပါတယ္။ အဲ့တုန္းကဆိုရင္ အဝတ္လဲခန္းမွာ ေအစီမီလန္ေတာ့ သိပ္ကို ေကာင္းတာပါပဲလို႔ေတာင္ ေျပာခဲ့ၾကတာပါ။ ဒီအပတ္ေတြမွာ လီဗာပူးအသင္း လုပ္ျပထားႏုိင္မႈေတြအရ သူတို႔ကို ဘရန္႔ဖိုဒ့္က ရပ္တန္႔ႏုိင္မယ္လို႔ က်ေနာ္ေတာ့ မထင္မိပါဘူး။

ဘရန္႔ဖိုဒ့္က အိမ္ရွင္အသင္းျဖစ္လို႔ လြတ္လပ္စြာ ကစားႏုိင္ဖို႔ ရွိေနတယ္။ သူတိုက ဒီရာသီ ပရီးမီးယားလိဂ္မွာ ရမွတ္ေတြရထားျပီး လီဗာပူးနဲ႔ပြဲမွာေတာ့ အမွတ္ယူႏိုင္မယ္လို႔ ျမင္ၾကတဲ့သူ ရွိမွာ မဟုတ္ပါဘူး။ ဒါကပဲ ဘရန္႔ဖိုဒ့္တို႔ ရလဒ္အတြက္ လြတ္လပ္စြာ ကစားခြင့္ရလာဖို႔ ရွိေနပါတယ္။

ပြဲစဥ္အတြက္ ေပါလ္မာဆန္၏ ခန္႔မွန္းရလဒ္။ ။ ဘရန္႔ဖိုဒ္ ၀-၃ လီဗာပူး