ဟာလန်းဟာ လီဗာပူးနဲ့ ချိတ်ဆက်နေတဲ့ ကောလဟာလေအသစ်တွ ထပ်မံ ပေါ်ထွက်လာခဲ့ပြီး နောက်နွေရာသီမှာ စာချုပ်ဖျက်သိမ်းကြေး ယူရို သန်း ၉၀ နဲ့ သူ့ကို ရဖို့ အလုအယက် ကြိုးပမ်းမှုတွေအတွင်း လီဗာပူးကိုပါ မြင်တွေ့ရဖွယ်ရှိတယ်လို့ ယူဆနေကြပါတယ်။

အသက် ၂၁ နှစ်အရွယ် တိုက်စစ်မှူးဟာ ကမ္ဘာ့ဘောလုံးလောကမှာ အထင်ရှားဆုံး အဖိုးတန်ကြယ်တစ်ပွင့် ဖြစ်လာခဲ့သလို သူ့ကို ခေါ်ယူနိုင်ခွင့်အား ဥရောပ ဘီလူးတွေက ဆက်တိုက် စောင့်ကြည့်နေတာပါ။ အဲ့ဒီ့အသင်းတွေထဲမှာ လီဗာပူး ပါဝင်ပြီး ကလော့ပ်အနေနဲ့ အသင်းဟောင်း ဒေါ့မွန်ဆီက ကစားသမားတွေကို သိပ်မခေါ်ချင်ပေမယ့်လဲ ဟာလန်းကိုတော့ ကြိုးပမ်းသွားမယ်ဆိုတဲ့ ယူဆချက်တွေ မြင့်တက်လာနေတယ်။

စပိန်သတင်းစာ Mundo Deportivo ရဲ့ အဆိုအရ ဟာလန်းဟာ စာချုပ်ဖျက်သိမ်းကြေး ယူရို သန်း ၉၀ အပြင် သူ့ကို တစ်ရာသီ ယူရို သန်း ၃၀ နဲ့ စာချုပ်ချုပ်မယ့် ကလပ်ကို ရှာဖွေနေတာ ဖြစ်တယ်လို့ သိရပါတယ်။

သူ့ဖခင် အက်ဖ်အင်းဂ် ဟာလန်းဟာ စာချုပ်အတွက် အပိုဆုကြေး ယူရို သန်း ၂၀ ရရှိဖို့ တွန်းအားပေးမှာဖြစ်ပြီး အေးဂျင့် ရိုင်အိုလာကလဲ ကော်မရှင်ခအဖြစ် အလားတူ ပမာဏ ရရှိဖို့ မျှော်လင့်နေတာပါ။ အဲ့အချက်ကြောင့်တင် လီဗာပူးက သူ့ကို မခေါ်ယူနိုင်လောက်ဘူးလို့ အန်ဖီးကစားသမားဟောင်းကြီး စတိဗ် မက်မန်နာမန်းက ထင်မြင်နေပါတယ်။

“ လီဗာပူးက နောက်နွေရာသီမှာ ဟာလန်းကို ခေါ်ယူဖို့ အပြိုင်ကြိုးစားမယ်လို့ ထင်လားဆိုရင် မထင်ပါဘူး။ ဟာလန်းက ရီးရဲလ်မက်ဒရစ်ဆီ ရောက်သွားနိုင်တယ်လို့ ကျွန်တော် ယုံကြည်တယ်။ ကစားသမား ကိုယ်တိုင်က ရီးရဲလ်မက်ဒရစ်ကို သဘောကျပြီး သူတို့အတွက် ကစားပေးချင်တယ်။

လီဗာပူးက များပြားတဲ့ ပြောင်းရွှေ့ကြေးကြောင့် သူ့ကို မခေါ်တာလို့တော့ ကျွန်တော် မထင်ဘူး။ တခြားအကြောင်းတွေ ရှိမယ် ထင်ပါတယ်။ သူက လစာအများကြီး တောင်းမှာပါ။ ကစားသမား တစ်ယောက်ကို အတော်လေး များပြားတဲ့ လုပ်ခပေးလိုက်ရင် တခြား ကစားသမားတွေကလည်း အလားတူ လိုချင်လာကြမှာပဲ။

ရိုင်အိုလာက ဟာလန်းအတွက်တင်မက သူ့အတွက်လဲ ကော်မရှင်ခ အများကြီး လိုချင်ဦးမယ်။ ဒီလို အပြောင်းအရွှေ့ကို လီဗာပူးက စိတ်ဝင်စားမယ် မထင်ပါဘူး ” လို့ မက်မန်နာမန်းက ပြောဆိုခဲ့တာဖြစ်ပါတယ်။

ZAWGYI

ဟာလန္းဟာ လီဗာပူးနဲ႔ ခ်ိတ္ဆက္ေနတဲ့ ေကာလဟာေလအသစ္တြ ထပ္မံ ေပၚထြက္လာခဲ့ျပီး ေနာက္ေႏြရာသီမွာ စာခ်ဳပ္ဖ်က္သိမ္းေၾကး ယူ႐ို သန္း ၉၀ နဲ႔ သူ႔ကို ရဖို႔ အလုအယက္ ႀကိဳးပမ္းမႈေတြအတြင္း လီဗာပူးကိုပါ ျမင္ေတြ႕ရဖြယ္ရွိတယ္လို႔ ယူဆေနၾကပါတယ္။

အသက္ ၂၁ ႏွစ္အ႐ြယ္ တိုက္စစ္မႉးဟာ ကမာၻ႔ေဘာလုံးေလာကမွာ အထင္ရွားဆုံး အဖိုးတန္ၾကယ္တစ္ပြင့္ ျဖစ္လာခဲ့သလို သူ႔ကို ေခၚယူႏုိင္ခြင့္အား ဥေရာပ ဘီလူးေတြက ဆက္တိုက္ ေစာင့္ၾကည့္ေနတာပါ။ အဲ့ဒီ့အသင္းေတြထဲမွာ လီဗာပူး ပါဝင္ၿပီး ကေလာ့ပ္အေနနဲ႔ အသင္းေဟာင္း ေဒါ့မြန္ဆီက ကစားသမားေတြကို သိပ္မေခၚခ်င္ေပမယ့္လဲ ဟာလန္းကိုေတာ့ ႀကိဳးပမ္းသြားမယ္ဆိုတဲ့ ယူဆခ်က္ေတြ ျမင့္တက္လာေနတယ္။

စပိန္သတင္းစာ Mundo Deportivo ရဲ႕ အဆိုအရ ဟာလန္းဟာ စာခ်ဳပ္ဖ်က္သိမ္းေၾကး ယူ႐ို သန္း ၉၀ အျပင္ သူ႔ကို တစ္ရာသီ ယူ႐ို သန္း ၃၀ နဲ႔ စာခ်ဳပ္ခ်ဳပ္မယ့္ ကလပ္ကို ရွာေဖြေနတာ ျဖစ္တယ္လို႔ သိရပါတယ္။

သူ႔ဖခင္ အက္ဖ္အင္းဂ္ ဟာလန္းဟာ စာခ်ဳပ္အတြက္ အပိုဆုေၾကး ယူ႐ို သန္း ၂၀ ရရွိဖို႔ တြန္းအားေပးမွာျဖစ္ၿပီး ေအးဂ်င့္ ႐ိုင္အိုလာကလဲ ေကာ္မရွင္ခအျဖစ္ အလားတူ ပမာဏ ရရွိဖို႔ ေမွ်ာ္လင့္ေနတာပါ။ အဲ့အခ်က္ေၾကာင့္တင္ လီဗာပူးက သူ႔ကို မေခၚယူႏိုင္ေလာက္ဘူးလို႔ အန္ဖီးကစားသမားေဟာင္းၾကီး စတိဗ္ မက္မန္နာမန္းက ထင္ျမင္ေနပါတယ္။

“ လီဗာပူးက ေနာက္ေႏြရာသီမွာ ဟာလန္းကို ေခၚယူဖို႔ အၿပိဳင္ႀကိဳးစားမယ္လို႔ ထင္လားဆိုရင္ မထင္ပါဘူး။ ဟာလန္းက ရီးရဲလ္မက္ဒရစ္ဆီ ေရာက္သြားႏိုင္တယ္လို႔ ကြၽန္ေတာ္ ယုံၾကည္တယ္။ ကစားသမား ကိုယ္တိုင္က ရီးရဲလ္မက္ဒရစ္ကို သေဘာက်ၿပီး သူတို႔အတြက္ ကစားေပးခ်င္တယ္။

လီဗာပူးက မ်ားျပားတဲ့ ေျပာင္းေ႐ႊ႕ေၾကးေၾကာင့္ သူ႔ကို မေခၚတာလို႔ေတာ့ ကြၽန္ေတာ္ မထင္ဘူး။ တျခားအေၾကာင္းေတြ ရွိမယ္ ထင္ပါတယ္။ သူက လစာအမ်ားႀကီး ေတာင္းမွာပါ။ ကစားသမား တစ္ေယာက္ကို အေတာ္ေလး မ်ားျပားတဲ့ လုပ္ခေပးလိုက္ရင္ တျခား ကစားသမားေတြကလည္း အလားတူ လိုခ်င္လာၾကမွာပဲ။

႐ိုင္အိုလာက ဟာလန္းအတြက္တင္မက သူ႔အတြက္လဲ ေကာ္မရွင္ခ အမ်ားႀကီး လိုခ်င္ဦးမယ္။ ဒီလို အေျပာင္းအေ႐ႊ႕ကို လီဗာပူးက စိတ္ဝင္စားမယ္ မထင္ပါဘူး ” လို႔ မက္မန္နာမန္းက ေျပာဆိုခဲ့တာျဖစ္ပါတယ္။