လီဗာပူးအသင်းရဲ့ ကွင်းလယ်ပိုင်းမှာ ကြံ့ခိုင်မှု ပြဿနာတွေ ရှိနေတာကြောင့် ချန်ပီယံလိဂ်ပွဲနဲ့ မန်စီးတီးပွဲတွေမှာ ကာတစ်ဂျုံးကို နေရာပေးရဖွယ် ရှိနေပါတယ်။

The Athletic မှ လီဗာပူးသတင်းထောက် အိုနီးလ်က ကွင်းလယ်မှာ ဖာဘင်ညို၊ ဟန်ဒါဆန်ကို အထိုင်ထားပြီး ဂျုံး၊ မီလ်နာ၊ ချိန်ဘာလိန်တို့နဲ့ တွဲဘက်ပေးမယ်လို့ မြင်ပါတယ်။ နောက်ထပ် ကွင်းလယ်လူအဖြစ်တော့ လူငယ်အသင်းက တေလာ မော်တန်ကို စီနီယာအဆင့်ထံ ခေါ်ယူခြင်းမျိုး ဖြစ်ပါတယ်။

သီယာဂိုဟာ နိုင်ငံတကာသီတင်းပတ် အပြီးမှ ပြန်ကစားနိုင်မှာဖြစ်ပြီး ကာရာဘောင်းပွဲမှာ မြက်ခင်းကို ကန်မိခဲ့တဲ့ ကိတ်တာရဲ့ အခြေအနေက အခုချိန်ထိ မသိရသေးတာ ဖြစ်ပါတယ်။

အိုနီးလ်က ” ကွင်းလယ်မှာ ပြဿနာတွေ ရှိနေပါတယ်။ နိုင်ငံတကာသီတင်းပတ် အပြီးမှာ သီယာဂို ပြန်လာမယ်လို့ ယုံကြည်ရတာပါပဲ။ ကလပ်က ကိတ်တာရဲ့ ဒဏ်ရာအခြေအနေကိုလည်း စောင့်ကြည့်နေပါတယ်။ ရွေးချယ်စရာ ကစားသမားတွေ ရှိနေသေးတာကတော့ အရမ်းကြီး စိတ်ပူစရာ မလိုဘူးပေါ့။

ဟန်ဒါဆန်၊ ဖာဘင်ညိုတို့က ဂျုံး၊ မီလ်နာလို ကစားသမားတွေနဲ့ ပွဲတွေ အများကြီး ကစားနိုင်ဖို့ လုံလောက်မလားအပေါ် မူတည်နေပါတယ်။ အနာဂတ်မှာတော့ တေလာ မော်တန်ကလည်း ပါဝင်လာတာ ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ လာမယ့် အပတ်တွေအတွက်တော့ ကာတစ်ဂျုံးက အရေးပါလာမယ်လို့ ထင်ပါတယ်။ နောက်ပြီး ချိန်ဘာလိန်လည်း ကစားခွင့်ရပါမယ် ” လို့ ဆိုခဲ့တာဖြစ်ပါတယ်။

မန်နေဂျာကလော့ပ်ဟာ အခြားသော ရွေးချယ်စရာအဖြစ် မီနာမီနိုကို နံပါတ် ၁၀ နေရာကနေ သုံးစွဲတာမျိုး ရှိလာနိုင်ပါတယ်။ နောက်ထပ်သော ရွေးချယ်စရာက တိုက်စစ်သမား ၄ ဦးလုံးကို တစ်ပြိုင်နက် ထုတ်သုံးခြင်းမျိုးဖြစ်ပြီး ဘရန့်ဖိုဒ့်ပွဲမှာ ဂျုံးကို ထုတ်ခဲ့စဉ်က ၄-၂-၃-၁ ပုံစံကို ပြောင်းလဲဖို့ ကြိုးစားခဲ့သေးတာ ဖြစ်ပါတယ်။

ZAWGYI

လီဗာပူးအသင္းရဲ႕ ကြင္းလယ္ပိုင္းမွာ ၾကံ႕ခိုင္မႈ ျပႆနာေတြ ရွိေနတာေၾကာင့္ ခ်န္ပီယံလိဂ္ပြဲနဲ႔ မန္စီးတီးပြဲေတြမွာ ကာတစ္ဂ်ံဳးကို ေနရာေပးရဖြယ္ ရွိေနပါတယ္။

The Athletic မွ လီဗာပူးသတင္းေထာက္ အိုနီးလ္က ကြင္းလယ္မွာ ဖာဘင္ညိဳ၊ ဟန္ဒါဆန္ကို အထိုင္ထားျပီး ဂ်ံဳး၊ မီလ္နာ၊ ခ်ိန္ဘာလိန္တို႔နဲ႔ တြဲဘက္ေပးမယ္လို႔ ျမင္ပါတယ္။ ေနာက္ထပ္ ကြင္းလယ္လူအျဖစ္ေတာ့ လူငယ္အသင္းက ေတလာ ေမာ္တန္ကို စီနီယာအဆင့္ထံ ေခၚယူျခင္းမ်ိဳး ျဖစ္ပါတယ္။

သီယာဂိုဟာ ႏုိင္ငံတကာသီတင္းပတ္ အျပီးမွ ျပန္ကစားႏုိင္မွာျဖစ္ျပီး ကာရာေဘာင္းပြဲမွာ ျမက္ခင္းကို ကန္မိခဲ့တဲ့ ကိတ္တာရဲ႕ အေျခအေနက အခုခ်ိန္ထိ မသိရေသးတာ ျဖစ္ပါတယ္။

အိုနီးလ္က ” ကြင္းလယ္မွာ ျပႆနာေတြ ရွိေနပါတယ္။ ႏုိင္ငံတကာသီတင္းပတ္ အျပီးမွာ သီယာဂို ျပန္လာမယ္လို႔ ယံုၾကည္ရတာပါပဲ။ ကလပ္က ကိတ္တာရဲ႕ ဒဏ္ရာအေျခအေနကိုလည္း ေစာင့္ၾကည့္ေနပါတယ္။ ေရြးခ်ယ္စရာ ကစားသမားေတြ ရွိေနေသးတာကေတာ့ အရမ္းၾကီး စိတ္ပူစရာ မလိုဘူးေပါ့။

ဟန္ဒါဆန္၊ ဖာဘင္ညိဳတို႔က ဂ်ံဳး၊ မီလ္နာလို ကစားသမားေတြနဲ႔ ပြဲေတြ အမ်ားၾကီး ကစားႏုိင္ဖို႔ လံုေလာက္မလားအေပၚ မူတည္ေနပါတယ္။ အနာဂတ္မွာေတာ့ ေတလာ ေမာ္တန္ကလည္း ပါဝင္လာတာ ျဖစ္ေကာင္းျဖစ္ႏုိင္ပါတယ္။ လာမယ့္ အပတ္ေတြအတြက္ေတာ့ ကာတစ္ဂ်ံဳးက အေရးပါလာမယ္လို႔ ထင္ပါတယ္။ ေနာက္ျပီး ခ်ိန္ဘာလိန္လည္း ကစားခြင့္ရပါမယ္ ” လို႔ ဆိုခဲ့တာျဖစ္ပါတယ္။

မန္ေနဂ်ာကေလာ့ပ္ဟာ အျခားေသာ ေရြးခ်ယ္စရာအျဖစ္ မီနာမီႏိုကို နံပါတ္ ၁၀ ေနရာကေန သံုးစြဲတာမ်ိဳး ရွိလာႏုိင္ပါတယ္။ ေနာက္ထပ္ေသာ ေရြးခ်ယ္စရာက တိုက္စစ္သမား ၄ ဦးလံုးကို တစ္ျပိဳင္နက္ ထုတ္သံုးျခင္းမ်ိဳးျဖစ္ျပီး ဘရန္႔ဖိုဒ့္ပြဲမွာ ဂ်ံဳးကို ထုတ္ခဲ့စဥ္က ၄-၂-၃-၁ ပံုစံကို ေျပာင္းလဲဖို႔ ၾကိဳးစားခဲ့ေသးတာ ျဖစ္ပါတယ္။