မန်နေဂျာယာဂင်ကလော့ပ်က ပေါ်တိုပွဲကြိုမှာပဲ လီဗာပူးအသင်းရဲ့ အဝတ်လဲခန်းတွင်း ခေါင်းဆောင်စာရင်းကို အသစ်ပြန်ဖွဲ့စည်းခဲ့ပြီလို့ ကြေညာပေးပါတယ်။

လီဗာပူးအသင်းဟာ အရင်နှစ်တွေတုန်းက ခေါင်းဆောင်ပိုင်း ၄ ဦး ရှိခဲ့ပြီး ဟန်ဒါဆန်၊ မီလ်နာ၊ ဗန်ဒိုက်နဲ့ ဝိုက်နယ်ဒမ်တို့ ဖြစ်ပါတယ်။ ဒါပေမယ့်လို့ မနှစ်တုန်းကတော့ သူတို့ လေးဦး မကစားချိန်မှာ ခေါင်းဆောင်ပိုင်း ထပ်တိုးဖို့အတွက် ရိုဘို၊ ထရန့်၊ ဂိုးမက်စ်တို့ကို ခံစစ်ပိုင်း ခေါင်းဆောင်တွေအဖြစ် ယာဂင်ကလော့ပ်က သတ်မှတ်ပေးခဲ့တယ်။ ဒါပေမယ့်လို့ ဂိုးမက်စ်ကလည်း ဒဏ်ရာ ထပ်ရခဲ့ပြန်ပါတယ်။

မနှစ်က ခံစစ်နဲ့ ကွင်းလယ်မှာ ဒဏ်ရာရ ကစားသမားတွေ များခဲ့စဉ် အသင်းကို ဦးဆောင်ပေးဖို့ ကစားသမား တိတိကျကျ မရှိခြင်းကို ဖြေရှင်းဖို့ ဒီရာသီမှာတော့ ထပ်တိုး ခေါင်းဆောင်တွေကို မဲပေး ရွေးချယ်စေခဲ့ပြီဖြစ်ပါတယ်။

ပေါ်တိုပွဲကြိုမှာ ယာဂင်က ” ကျနေ်ာတို့မှာ အရင်အတိုင်း အသင်းခေါင်းဆောင် (၃) ဦး ရှိပါတယ်။ ကစားသမားတွေကို နောက်ထပ် ၃ ယောက် ထပ်ပြီး မဲပေးခိုင်းထားပါတယ်။ ဒါကြောင့် အဓိက ခေါင်းဆောင်တွေဖြစ်တဲ့ ဟန်ဒို၊ မီလ်နာနဲ့ ဗာဂျယ်တို့ နောက်ပိုင်းမှာ ထရန့်၊ ရိုဘို၊ အယ်လီဆန်တို့ မဲပေးခံထားရပါတယ်။

မနှစ်ကရာသီတုန်းက ကစားသမားတွေ အများအပြား မကစားနိုင်ချိန်မှာ ခေါင်းဆောင်ပိုင်းတွေ တစ်ဦးမှ မရှိတော့တဲ့ အခြေအနေကို ကျနေ်ာတို့ ရင်ဆိုင်ခဲ့ရပါတယ်။ ဒါကြောင့်လည်း အသင်းခေါင်းဆောင် အဖွဲ့ကို ဆက်ပြီး တိုးချဲ့လိုက်တာ ဖြစ်ပါတယ်။ အဲ့တာက လုပ်သင့်တဲ့ ကိစ္စလို့လည်း ထင်ပါတယ်” လို့ ဆိုခဲ့တာဖြစ်တယ်။

လီဗာပူးအသင်းခေါင်းဆောင်အဖြစ် ဟန်ဒါဆန် ဦးဆောင်နေပေမယ့်လို့ လက်ထောက် အသင်းခေါင်းဆောင် တာဝန်တွေကို မီလ်နာနဲ့ ဗန်ဒိုက်တို့ တာဝန်ယူနေတာပါ။ ဒီရာသီမှာ သူတို့ သုံးဦး မကစားနိုင်တဲ့အခါ ထရန်၊ ရိုဘို၊ အယ်လီဆန်တို့က အစဉ်လိုက် တာဝန်ယူသွားဖွယ် ရှိနေပါတယ်။

လီဗာပူးအသင်းမှာ ဖာမင်နို၊ ဖာဘင်ညိုတို့ကိုလည်း ခေါင်းဆောင်ပိုင်းအဖြစ် သတ်မှတ်ထားခဲ့ပေမယ့်လို့ ကွင်းထဲမှာ ကွင်းလယ်ဒိုင်နဲ့ စကားပြောရမယ့် ကိစ္စတွေအပြင် အခြားသော ဦးဆောင်စရာ ကိစ္စတွေ ရှိတာကြောင့် ဗြိတိန်သားတွေနဲ့ အင်္ဂလိပ်စကား ကောင်းမွန်စွာ ပြောနိုင်တဲ့ အယ်လီဆန်တို့ ရွေးချယ်ခံရခြင်းလို့ ယူဆရပါတယ်။

ZAWGYI

မန္ေနဂ်ာယာဂင္ကေလာ့ပ္က ေပၚတိုပြဲၾကိဳမွာပဲ လီဗာပူးအသင္းရဲ႕ အဝတ္လဲခန္းတြင္း ေခါင္းေဆာင္စာရင္းကို အသစ္ျပန္ဖြဲ႔စည္းခဲ့ျပီလို႔ ေၾကညာေပးပါတယ္။

လီဗာပူးအသင္းဟာ အရင္ႏွစ္ေတြတုန္းက ေခါင္းေဆာင္ပိုင္း ၄ ဦး ရွိခဲ့ျပီး ဟန္ဒါဆန္၊ မီလ္နာ၊ ဗန္ဒိုက္နဲ႔ ဝိုက္နယ္ဒမ္တို႔ ျဖစ္ပါတယ္။ ဒါေပမယ့္လို႔ မႏွစ္တုန္းကေတာ့ သူတို႔ ေလးဦး မကစားခ်ိန္မွာ ေခါင္းေဆာင္ပိုင္း ထပ္တိုးဖို႔အတြက္ ရိုဘို၊ ထရန္႔၊ ဂိုးမက္စ္တို႔ကို ခံစစ္ပိုင္း ေခါင္းေဆာင္ေတြအျဖစ္ ယာဂင္ကေလာ့ပ္က သတ္မွတ္ေပးခဲ့တယ္။ ဒါေပမယ့္လို႔ ဂိုးမက္စ္ကလည္း ဒဏ္ရာ ထပ္ရခ့ဲျပန္ပါတယ္။

မႏွစ္က ခံစစ္နဲ႔ ကြင္းလယ္မွာ ဒဏ္ရာရ ကစားသမားေတြ မ်ားခဲ့စဥ္ အသင္းကို ဦးေဆာင္ေပးဖို႔ ကစားသမား တိတိက်က် မရွိျခင္းကို ေျဖရွင္းဖို႔ ဒီရာသီမွာေတာ့ ထပ္တိုး ေခါင္းေဆာင္ေတြကို မဲေပး ေရြးခ်ယ္ေစခဲ့ျပီျဖစ္ပါတယ္။

ေပၚတိုပြဲၾကိဳမွာ ယာဂင္က ” က်ေန္ာတို႔မွာ အရင္အတိုင္း အသင္းေခါင္းေဆာင္ (၃) ဦး ရွိပါတယ္။ ကစားသမားေတြကို ေနာက္ထပ္ ၃ ေယာက္ ထပ္ျပီး မဲေပးခိုင္းထားပါတယ္။ ဒါေၾကာင့္ အဓိက ေခါင္းေဆာင္ေတြျဖစ္တဲ့ ဟန္ဒို၊ မီလ္နာနဲ႔ ဗာဂ်ယ္တို႔ ေနာက္ပိုင္းမွာ ထရန္႔၊ ရိုဘို၊ အယ္လီဆန္တို႔ မဲေပးခံထားရပါတယ္။

မႏွစ္ကရာသီတုန္းက ကစားသမားေတြ အမ်ားအျပား မကစားႏုိင္ခ်ိန္မွာ ေခါင္းေဆာင္ပိုင္းေတြ တစ္ဦးမွ မရွိေတာ့တဲ့ အေျခအေနကို က်ေန္ာတို႔ ရင္ဆိုင္ခဲ့ရပါတယ္။ ဒါေၾကာင့္လည္း အသင္းေခါင္းေဆာင္ အဖြဲ႔ကို ဆက္ျပီး တိုးခ်ဲ႔လိုက္တာ ျဖစ္ပါတယ္။ အဲ့တာက လုပ္သင့္တဲ့ ကိစၥလို႔လည္း ထင္ပါတယ္” လို႔ ဆိုခဲ့တာျဖစ္တယ္။

လီဗာပူးအသင္းေခါင္းေဆာင္အျဖစ္ ဟန္ဒါဆန္ ဦးေဆာင္ေနေပမယ့္လို႔ လက္ေထာက္ အသင္းေခါင္းေဆာင္ တာဝန္ေတြကို မီလ္နာနဲ႔ ဗန္ဒိုက္တို႔ တာဝန္ယူေနတာပါ။ ဒီရာသီမွာ သူတို႔ သံုးဦး မကစားႏုိင္တဲ့အခါ ထရန္၊ ရိုဘို၊ အယ္လီဆန္တို႔က အစဥ္လိုက္ တာဝန္ယူသြားဖြယ္ ရွိေနပါတယ္။

လီဗာပူးအသင္းမွာ ဖာမင္ႏို၊ ဖာဘင္ညိဳတို႔ကိုလည္း ေခါင္းေဆာင္ပိုင္းအျဖစ္ သတ္မွတ္ထားခဲ့ေပမယ့္လို႔ ကြင္းထဲမွာ ကြင္းလယ္ဒိုင္နဲ႔ စကားေျပာရမယ့္ ကိစၥေတြအျပင္ အျခားေသာ ဦးေဆာင္စရာ ကိစၥေတြ ရွိတာေၾကာင့္ ျဗိတိန္သားေတြနဲ႔ အဂၤလိပ္စကား ေကာင္းမြန္စြာ ေျပာႏုိင္တဲ့ အယ္လီဆန္တို႔ ေရြးခ်ယ္ခံရျခင္းလို႔ ယူဆရပါတယ္။