လီဗာပူးရဲ့ ပေါ်တူဂီသား တိုက်စစ်သမား ဂျိုတာဟာ ဒီကနေ့ညမှာတော့ အသင်းဟောင်း ပေါ်တိုအသင်းနဲ့ ချန်ပီယံလိဂ်ပြိုင်ပွဲအဖြစ် ရင်ဆိုင်ကစားရမှာဖြစ်ပါတယ်။ အသင်းဝဘ်ဆိုဒ်ကနေ အသင်းဟောင်းနဲ့ ပတ်သက်လို့ ဂျိုတာက အခုလို ပြောဆိုပါတယ်။

လီဗာပူးနဲ့ အိမ်ကွင်းမှာ နောက်ဆုံး ၂ ကြိမ်တွေ့ဆုံမှုအပြီး ပေါ်တိုက နာကျင်ရဦးမလား

ဒါက ပြောဖို့ခက်ပါတယ်။ ပြီးခဲ့တဲ့ ရလဒ်တွေက ပေါ်တိုအတွက် မကောင်းခဲ့ဘူး။ သူတို့က အသင်းတွေကြားမှာ တကယ့် ကွာခြားမှု ကြီးကြီးမားမား မပြသခဲ့ဘူး။ သူတို့အိမ်ကွင်းမှာ ကစားရတာက အဝေးအသင်းတွေအတွက် ဘယ်တော့မှ မလွယ်ပါဘူး။ ဒါကြောင့် ကျွန်တော်တို့တွေ အရင်က နိုင်ပွဲတွေအကြောင်းပဲ တွေးနေရင်တော့ ရုန်းကန်ရပါလိမ့်မယ်။

နိုင်ငံအသင်းမှာ ဒီပွဲနဲ့ ပတ်သက်ပြီး ပေါ်တူဂီ အသင်းဖော်တွေနဲ့ ဆွေးနွေးခဲ့လား။ ၂၀၁၆-၁၇ ဘောလုံးရာသီမှာ အငှားကစားခဲ့ဖူးတဲ့ ပေါ်တိုဆီ ပြန်သွားတဲ့အခါ ဘာတွေ မျှော်လင့်ထားလဲ။

ကျနော် မသေချာဘူး။ အဲ့ဒီ့တုန်းက သရေကျခဲ့တာလား မသိဘူး။ ရက်စွဲတွေကို မမှတ်မိနိုင်ပေမယ့် ဒီပွဲနဲ့ ပတ်သက်ပြီး ကျနော်တို့ ထူးထူးခြားခြား ပြောခဲ့တာမျိုး မရှိပါဘူး။ နောက်ထပ် နိုင်ငံတကာ သီတင်းပတ်မှာတော့ ဒီပွဲအကြောင်း ပြောဖို့ အခွင့်အရေးရမှာ သေချာပါတယ်။ မျှော်လင့်တာကတော့ ဒါက သိပ်ကိုခက်ခဲတဲ့ ပွဲတစ်ပွဲ ဖြစ်မှာပါ။ အဝေးကွင်းအနေနဲ့ အဲ့ဒီ့ကို သွားကစားရတာက ဘယ်လောက်ခက်ခဲတယ်ဆိုတာ ကျနော်သိလို့ အသင်းဖော်တွေကိုလဲ ပြောပြခဲ့ပါသေးတယ်။

ဘယ်လို ပေါ်တိုအသင်းနဲ့ တွေ့ဆုံရမလဲ။ သူတို့က နောက်ဆုံးတွေ့ဆုံမှုနဲ့ မတူညီတဲ့ ချဉ်းကပ်မှုကို အသုံးချမယ်ထင်လား။

မနှစ်က ချန်ပီယံလိဂ်မှာ ချယ်ဆီးနဲ့ ရင်ဆိုင်ခဲ့တဲ့ အသင်းမျိုးနဲ့ ပိုပြီး နီးစပ်လိမ့်မယ် ထင်တယ်။ လီဗာပူးကို ရှုံးခဲ့ဖူးတဲ့ပွဲတွေမှာ ပေါ်တိုရဲ့ ရည်မှန်းချက်က ပြိုင်ဘက်ကို ခက်ခဲအောင် လုပ်ဖို့ပဲ။ ဒါပေမယ့် ဘောလုံးလောကက ဒီလိုပါပဲ။ တခါတလေ ကျနော်တို့ရဲ့ အစီအစဉ်ကို သတ်မှတ်လို့မရဘူး။ တခါတလေတော့ ရတယ်။ ဒါပေမယ့် မနက်ဖြန်ပွဲက ခက်ခဲမှာတော့ သေချာပါတယ်။

ZAWGYI

လီဗာပူးရဲ႕ ေပၚတူဂီသား တိုက္စစ္သမား ဂ်ိဳတာဟာ ဒီကေန႔ညမွာေတာ့ အသင္းေဟာင္း ေပၚတိုအသင္းနဲ႔ ခ်န္ပီယံလိဂ္ျပိဳင္ပြဲအျဖစ္ ရင္ဆိုင္ကစားရမွာျဖစ္ပါတယ္။ အသင္းဝဘ္ဆိုဒ္ကေန အသင္းေဟာင္းနဲ႔ ပတ္သက္လို႔ ဂ်ိဳတာက အခုလို ေျပာဆိုပါတယ္။

လီဗာပူးနဲ႔ အိမ္ကြင္းမွာ ေနာက္ဆုံး ၂ ႀကိမ္ေတြ႕ဆုံမႈအၿပီး ေပၚတိုက နာက်င္ရဦးမလား

ဒါက ေျပာဖို႔ခက္ပါတယ္။ ၿပီးခဲ့တဲ့ ရလဒ္ေတြက ေပၚတိုအတြက္ မေကာင္းခဲ့ဘူး။ သူတို႔က အသင္းေတြၾကားမွာ တကယ့္ ကြာျခားမႈ ႀကီးႀကီးမားမား မျပသခဲ့ဘူး။ သူတို႔အိမ္ကြင္းမွာ ကစားရတာက အေဝးအသင္းေတြအတြက္ ဘယ္ေတာ့မွ မလြယ္ပါဘူး။ ဒါေၾကာင့္ ကြၽန္ေတာ္တို႔ေတြ အရင္က ႏိုင္ပြဲေတြအေၾကာင္းပဲ ေတြးေနရင္ေတာ့ ႐ုန္းကန္ရပါလိမ့္မယ္။

ႏိုင္ငံအသင္းမွာ ဒီပြဲနဲ႔ ပတ္သက္ၿပီး ေပၚတူဂီ အသင္းေဖာ္ေတြနဲ႔ ေဆြးေႏြးခဲ့လား။ ၂၀၁၆-၁၇ ေဘာလံုးရာသီမွာ အငွားကစားခဲ့ဖူးတဲ့ ေပၚတိုဆီ ျပန္သြားတဲ့အခါ ဘာေတြ ေမွ်ာ္လင့္ထားလဲ။

က်ေနာ္ မေသခ်ာဘူး။ အဲ့ဒီ့တုန္းက သေရက်ခဲ့တာလား မသိဘူး။ ရက္စြဲေတြကို မမွတ္မိႏိုင္ေပမယ့္ ဒီပြဲနဲ႔ ပတ္သက္ၿပီး က်ေနာ္တို႔ ထူးထူးျခားျခား ေျပာခဲ့တာမ်ိဳး မရွိပါဘူး။ ေနာက္ထပ္ ႏိုင္ငံတကာ သီတင္းပတ္မွာေတာ့ ဒီပြဲအေၾကာင္း ေျပာဖို႔ အခြင့္အေရးရမွာ ေသခ်ာပါတယ္။ ေမွ်ာ္လင့္တာကေတာ့ ဒါက သိပ္ကိုခက္ခဲတဲ့ ပြဲတစ္ပြဲ ျဖစ္မွာပါ။ အေဝးကြင္းအေနနဲ႔ အဲ့ဒီ့ကို သြားကစားရတာက ဘယ္ေလာက္ခက္ခဲတယ္ဆိုတာ က်ေနာ္သိလို႔ အသင္းေဖာ္ေတြကိုလဲ ေျပာျပခဲ့ပါေသးတယ္။

ဘယ္လို ေပၚတိုအသင္းနဲ႔ ေတြ႕ဆုံရမလဲ။ သူတို႔က ေနာက္ဆုံးေတြ႕ဆုံမႈနဲ႔ မတူညီတဲ့ ခ်ဥ္းကပ္မႈကို အသုံးခ်မယ္ထင္လား။

မႏွစ္က ခ်န္ပီယံလိဂ္မွာ ခ်ယ္ဆီးနဲ႔ ရင္ဆိုင္ခဲ့တဲ့ အသင္းမ်ိဳးနဲ႔ ပိုၿပီး နီးစပ္လိမ့္မယ္ ထင္တယ္။ လီဗာပူးကို ရႈံးခဲ့ဖူးတဲ့ပြဲေတြမွာ ေပၚတိုရဲ႕ ရည္မွန္းခ်က္က ၿပိဳင္ဘက္ကို ခက္ခဲေအာင္ လုပ္ဖို႔ပဲ။ ဒါေပမယ့္ ေဘာလုံးေလာကက ဒီလိုပါပဲ။ တခါတေလ က်ေနာ္တို႔ရဲ႕ အစီအစဥ္ကို သတ္မွတ္လို႔မရဘူး။ တခါတေလေတာ့ ရတယ္။ ဒါေပမယ့္ မနက္ျဖန္ပြဲက ခက္ခဲမွာေတာ့ ေသခ်ာပါတယ္။