လီဗာပူးအသင်းခေါင်းဆောင် ဂျော်ဒန် ဟန်ဒါဆန်က မာဆေးဆိုဒ် ကလပ်အသင်းကို မန်စီးတီး အသင်းကဲ့သို့ ဘောလုံးရာသီတိုင်း ဖလားမျိုးစုံ ဆွတ်ခူးနိုင်တဲ့ အသင်း ဖြစ်လာစေလိုကြောင်း ၀န်ခံပြောကြားလိုက်ပါတယ်။

ဘာစီလိုနာနဲ့ ဒုတိယအကျော့ ချန်ပီယံလိဂ်ဆီမီး ပွဲစဉ် မတိုင်ခင်မှာ ကလော့ပ် ကိုယ်တိုင်တောင် လီဗာပူးအသင်း ပြန်လာနိုင်မယ် မယုံကြည်ခဲ့ကြောင်း မာနေးက ထုတ်ဖော် ပြောကြားလိုက်ပါတယ်။ ကလော့ပ်က အသင်းသားတွေ ကို အားပေးနေပေမယ့် ဒီလိုပုံစံမျိုး မမြင်ဖူးခဲ့ကြောင်း ၄င်းက ဆိုပါတယ်။

ပြင်သစ်ချန်ပီယံ ပီအက်စ်ဂျီအသင်းဟာ လီဗာပူးအသင်းမှ ၀ါရင့်ကွင်းလယ်ကစားသမားကြီး ဂျိမ်းစ် မေနာကို ခေါ်ယူရန် မျက်စိကျလာပါတယ်။

လီဗာပူးရဲ့ ဒီနွေ အပြောင်းအရွှေ့ အစီအစဉ်တွေထဲမှာ လိုင်ယွန် တိုက်စစ်သမား ယူနိုက်တက် ကစားသမားဟောင်း ဒီပေးကို ခေါ်ယူဖို့ မပါဝင်ကြောင်း စကိုင်စပေါ့သတင်းမှာ ဖော်ပြထားပါတယ်။

လီဗာပူးတိုက်စစ်မှူးဟောင်း လက်ရှိ ပဲလေ့စ်မှ ဘန်တီကီဟာ ဂျာမန်သား နည်းပြကြီး ကလော့ပ်ရဲ့ ကစားခွင့်ပေးမှု များများစားစား မရခဲ့ဘဲ ၂၀၁၅-၁၆ ဘောလုံးရာသီကို ဖြတ်သန်းခဲ့ရပေမယ့် သူ ကြုံဖူးသမျှထဲ ကလော့ပ်က အကောင်းဆုံး မန်နေဂျာ ဖြစ်ကြောင်း ထုတ်ဖော် ချီးကျူးလိုက်ပါတယ်။

ပေါင် ၁၀ သန်းတန် လီဗာပူး တောင်ပံတိုက်စစ်သမား ရိုင်ယန်ကန့်ကို ခေါ်ယူလိုတဲ့ အသင်းထဲ အက်စတွန်ဗီလာ အသင်း ပါဝင်လာပါတယ်။ အသက် ၂၂ နှစ်အရွယ် ကန့်ကို ၄င်း အငှား ကစားနေတဲ့ စတီဗင်ဂျရတ်ရဲ့ ရိမ်းဂျားစ်က အပြီးသတ် ခေါ်ယူလိုနေပါတယ်။

လီဗာပူး အသင်းဟာ ဝက်ဖို့ဒ် အသင်းကို ရောက်ရှိဖို့ နီးစပ်နေပြီ ဖြစ်တဲ့ ဖလူးမင်နီစ် အသင်းရဲ့ အသက် (၁၇) နှစ် အရွယ် ကြယ်ပွင့် ကစားသမား တစ်ဦး ဖြစ်သူ ယာအိုပတ်ဒရိုကို ကြားဖြတ် ခေါ်ယူဖို့ ပြင်ဆင်နေပေါတယ်။ ၄င်းက လာမယ့် (၂၀၂၀) ခုနှစ် အစမှာ ဝက်ဖို့ဒ် အသင်းထံ ပြောင်းရွှေ့ကြေး ပေါင် (၂) သန်း နဲ့ ပြောင်းရွှေ့လာဖို့ အကြို သဘောတူညီမှုများ ရရှိခဲ့ပြီး ဖြစ်ပေမယ့် လီဗာပူး အသင်းကတော့ ကြားဖြစ် ၀င်ရောက်ကြိုးပမ်းတော့မှာပါ။

ယူနိုက်တက်နဲ့ အာဆင်နယ် တိုက်စစ်မှူးဟောင်း ဗန်ပါစီက ၄င်း ကစားသမား ဘ၀မှာ အကြီးကြီး ချီျးကျူးခဲ့တဲ့သူဟာ လီဗာပူးနည်းပြ ယာဂင်ကလော့ပ် ဖြစ်တယ်လို့ ထုတ်ဖော် ပြောကြားလိုက်ပါတယ်။ ကလော့ပ်က ဒေါ့မွန်မှာ ရှိစဉ် ၂၀၁၁ မှာ အာဆင်နယ်နဲ့ ချန်ပီယံလိဂ်မှာ ဆုံတဲ့ ပွဲအပြီးမှာ ဗန်ပါစီကို အထူး ထုတ်ဖော် ချီးကျူးခဲ့တာပါ။