ချယ်ဆီးကစားသမား ဗစ်တာ မော့ဆက်ဟာ ဖီနာဘာချီသို့ အငှားနဲ့ ၁၈လကြာ ကစားဖို့ ဇန်န၀ါရီကမှ ရောက်ရှိ လာခဲ့သော်လည်း ချယ်ဆီးမှ ဆရာဟောင်း ကွန်တီက အင်တာမီလန်သို့ ဖိတ်ခေါ်တာနဲ့ အငှားကစားခြင်းကို ရပ်ကာ အသင်းပြောင်းတော့မှာ ဖြစ်ပါတယ်။

ချယ်ဆီးခံစစ်မှူး ဒေးဗစ်လူးဝစ်က ယူရိုပါလိဂ်မှာ ဆုံမယ့် အူနိုင်းအမ်မရီဟာ ဒီပြိုင်ပွဲကို ဘယ်လို အနိုင်ယူဗိုလ်စွဲရမလဲ ကောင်းကောင်းသိတဲ့သူ ဖြစ်ကြောင်း အသင်းဖော်တွေအား သတိပေးလိုက်ပါတယ်။

ယူရိုပါလိဂ်ပွဲ မတိုင်ခင် ထိုးနှက်ချက် အနေနဲ့ ချယ်ဆီးအသင်း ကွင်းလယ်ကစားသမား ကန်တေကလည်း ဒဏ်ရာကနေ ပြန်လာပြီးနောက် ကြံ့ခိုင်မှု မပြည့်သေးဘဲ ဒူးဒဏ်ရာ ထပ်မံ ရရှိသွားပြန်ပါတယ်။ ဒါကြောင့် ဆာရီ အနေနဲ့ ကန်တေ အချိန်မှီ ပြန်ကစားဖို့ မျှော်လင့်တာထက် အခြားသော အစီအမံများ ပြုလုပ်ရတောာ့မှာပါ။

ဆာရီအတွက် စိုးရိမ်စရာက ကန်တေတစ်ယောက်ပဲ မဟုတ်ပါဘူး။ ပြီးခဲ့တဲ့အပတ်က အဖွင့်လေ့ကျင့်ရေးမှာ ဂျော်ဂျင်ဟိုကလဲ ဒဏ်ရာရခဲ့တာ ဖြစ်ပါတယ်။

ဂွာဒီယိုလာက ငြင်းပယ်လိုက်ပြီးနောက် ဆာရီကသာ ဂျူဗင်တပ်နည်းပြ ဖြစ်လာဖို့ ရေပန်းစားလာခဲ့ပါတယ်။ ဆာရီက ချယ်ဆီးကို အဆင့် ၃ အတွင်း ၀င်အောင် စွမ်းဆောင်ပေးပြီး ယူရိုပါလိဂ် ဗိုလ်လုပွဲသို့ ရောက်နေပေမယ့် ဝေဖန်မှုတွေ ခံနေရဆဲ ဖြစ်ပါတယ်။

ချယ်ဆီးတိုက်စစ်သမား အီဒင်ဟာဇက်က ၄င်းရဲ့ ချယ်ဆီးအတွက် နောက်ဆုံးပွဲ အဖြစ် ယူရိုပါလိဂ် ဗိုလ်လုပွဲမှာ အကောင်းဆုံး ကစားပေးသွားဖို့ ပြင်ဆင်နေပြီး ဗိုလ်လုပွဲ အပြီး ၆ ရက်အကြာမှာ ရီးရဲလ်သို့ ပြောင်းရွှေ့ဖို့ ကိစ္စများ ပြီးပြတ်မယ်လို့ မျှော်လင့်နေပါတယ်။