အာဆင်နယ်ဟာ ဘိုင်ယန်မြူးနစ်ကနေ ထွက်ခွာလိုနေတဲ့ ဗဟိုခံစစ်မှူး ဘိုတန်ရဲ့ အခြေအနေကို စောင့်ကြည့်နေကြောင်း သတင်းများ ထွက်ပေါ် လာခဲ့ပါတယ်။ ၄င်းကို မန်ယူကလည်း ခေါ်ယူဖို့ စောင့်ကြည့်နေတာပါ။ ဘိုတန်ရဲ့ ဘိုင်ယန်နဲ့ စာချုပ်က ၂၀၂၁ ခုနှစ်အထိ ရှိနေပေမယ့် နွေအပြောင်းအရွှေ့မှာ သင့်တော်သော ကမ်းလှမ်းမှုရှိပါက ဘိုင်ယန်မြူးနစ် ဘက်က ထွက်ခွာခွင့် ပေးဖွယ်ရှိနေပါတယ်။

ဗိုလ်လုပွဲအတွက် ဘာကုသို့ ရောက်ရှိနေကြတဲ့ အာဆင်နယ်အသင်းသားတွေဟာ လေ့ကျင့်မှုများ စတင်ပြုလုပ်နေပြီ ဖြစ်ပါတယ်။ အာဆင်နယ် ဟာ မြို့ခံပြိုင်ဘက် ချယ်ဆီးနဲ့ ယှဉ်ရမယ့် ပွဲအတွက် အဇာဘိုင်ဂျန်မှာ ၅ ရက်ကြို ရောက်ရှိနေတာပါ။

အာဆင်နယ်ဟာ အက်စ်ပန်ညိုအသင်းမှ ဗဟိုခံစစ်မှူး မာရီယို ဟာမိုဆိုကို ခေါ်ယူဖို့ မျက်စိကျနေပါတယ်။ ၄င်းဟာ အက်စ်ပန်ညိုမှ လိုချင်တဲ့ အသင်းတွေ ၀ိုင်းနေတဲ့ ရေပန်းအစားဆုံး ကစားသမားလည်း ဖြစ်ပါတယ်။

အာဆင်နယ်အသင်းနဲ့ စာချုပ်ကုန်ဆုံးလို့ အသင်းက ထွက်ခွာလာတော့မယ့် တိုက်စစ်မှူး ဒန်နီဝဲလ်ဘတ်ကို အဲဗာတန်၊ နယူးကာဆယ်၊ ၀က်စ်ဟမ်း အသင်းတို့က ခေါ်ယူလိုနေကြပြီး ယခု လာဇီယို အသင်းပါ ပါဝင်လာပါတယ်။

စိန့်အက်တီယန် အသင်းဟာ သူတို့ရဲ့ နောက်ခံလူ ဆာလီဘာကို အာဆင်နယ် အသင်းထံ ရောင်းချပြီး အငှား နဲ့ ပြန်လည် ခေါ်ယူထားဖို့ ပြင်ဆင်နေကြောင်း သိရှိရပါတယ်။

ဆာလီဘာဟာ ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းက စိန့်အက်တီယန်နဲ့ (၂၀၂၃) ခုနှစ် အထိ ဆက်ရှိနေမယ့် စာချုပ်သစ်တစ်ရပ်ကို လက်မှတ် ရေးထိုးခဲ့ပြီး လက်ရှိအချိန်မှာတော့ ယူရို သန်း (၃၀) နဲ့ အာဆင်နယ် အသင်းထံ ရောင်းချကာ လာမယ့် ရာသီမှာ အငှား နဲ့ ပြန်ခေါ်ထားဖို့ မျှော်လင့်နေတာ ဖြစ်ပါတယ်။

အာဆင်နယ် တိုက်စစ်မှူးဟောင်း ဗန်ပါစီက ၄င်း ကစားသမား ဘ၀မှာ အကြီးကြီး ချီျးကျူးခဲ့တဲ့သူဟာ လီဗာပူးနည်းပြ ယာဂင်ကလော့ပ် ဖြစ်တယ်လို့ ထုတ်ဖော် ပြောကြားလိုက်ပါတယ်။ ကလော့ပ်က ဒေါ့မွန်မှာ ရှိစဉ် ၂၀၁၁ မှာ အာဆင်နယ်နဲ့ ချန်ပီယံလိဂ်မှာ ဆုံတဲ့ ပွဲအပြီးမှာ ဗန်ပါစီကို အထူး ထုတ်ဖော် ချီးကျူးခဲ့တာပါ။

အဇာဘိုင်ဂျန်သို့ ယူရိုပါလိဂ် ဗိုလ်လုပွဲအတွက် မီခီတာရန် မလိုက်ပါနိုင်ခဲ့ခြင်းက အာဆင်နယ်အတွက် ကြီးမားတဲ့ တွန်းအားတစ်ခု ဖြစ်နေစေခဲ့ပြီး ၄င်းအတွက် ဖလားယူ ဗိုလ်စွဲဖို့ ဆိုကရေးတစ်က အသင်းဖော်တွေအား တိုက်တွန်းလိုက်ပါတယ်။