မန်ယူနည်းပြဟောင်း မော်ရင်ညိုကလူငယ်ကစားသမားလေး တော်မီနေးဟာ သူအမြဲတမ်း အမှတ်ရနေမယ့် ကောင်လေးပါလို့ ချီးမွမ်းပြောကြားလိုက်ပါတယ်။

မော်ရင်ညိုဟာ တော်မီနေး ကို စင်တင်ပေးခဲ့တဲ့ နည်းပြဖြစ်ပြီး တော်မီနေးဟာ အနာဂတ်မှာ ထွန်းတောက်လာမယ့် အလားအလာကောင်းကို ပိုင်ဆိုင်တဲ့ ကစားသမားတစ်ဦးအဖြစ် ယုံကြည်နေပါတယ်။

မော်ရင်ညိုက “ တော်မီနေးက အဆင်သင့် ဖြစ်နေတာထပ်ကို ပိုနေပြီလို့ ကျွန်တော်ထင်ပါတယ်။ ဒီနှစ်တွေမှာ သူ့ရဲ့ အတွေ့အကြုံတွေနဲ့ တိုးတက်မှုတွေကိုလည်း အားလုံးက မြင်တွေ့ခဲ့ကြရပြီးပါပြီ။

ခုချိန်မှာတော့ သူ့အတွက် တကယ့်ကို စိန်ခေါ်မှုပြင်းထန်တော့မယ့် အချိန်တစ်ခု ဖြစ်လာပြီလို့ ကျွန်တော် ထင်ပါတယ်။ ကျွန်တော့်ကောင်လေးကလည်း တကယ့်ကို စွမ်းဆောင်နိုင်လိမ့်မယ့်လို့ ကျွန်တော် မျှော်လင့်ပါတယ်။ သူဟာ အမြဲတမ်း ကျွန်တော့်ရဲ့ ကောင်လေး ဖြစ်နေမှာပါ။ “ လို့ ဖြေကြားသွားခဲ့တာ ဖြစ်ပါတယ်။

တော်မီနေးဟာ ကလပ်အသင်းအတွက်လည်း ပြီးခဲ့တဲ့ ရာသီမှာ (၂၂) ပွဲထိ ကစားခွင့် ရခဲ့သူပါ။ ၀ုဖ်အသင်းနဲ့ ပွဲစဉ်မှာ သူသွင်းယူနိုင်ခဲ့တဲ့ သွင်းဂိုးဟာလည်း ယူနိုက်တက်ရဲ့ ဧပြီလ Goal of the Month အဖြစ် သတ်မှတ်ခံခဲ့ရပါသေးတယ်။