လီဗာပူးနဲ့ ပွဲအပြီးမှာ အာဆင်နယ်အသင်းဟာ ဒီရာသီ ပရီးမီးယားလိဂ်မှာ ဦးဆောင်ဂိုး ခွင့်ပြုလိုက်ရပြီး အရေးနိမ့်နေတဲ့ အနေအထားကနေ ပြန်လာကာ ယူနိုင်တဲ့ ရမှတ် ၈ မှတ်အထိ ရှိသွားပြီ ဖြစ်ပါတယ်။ အာဆင်နယ်အတွက် ခြေပဂိုးကို လာကာဇက်တီက သွင်းယူပေးခဲ့ပြီး အမ်မရီအတွက် ပြိုင်ပွဲစုံ ၁၄ ပွဲဆက် ရှူံးပွဲမရှိမှု စံချိန်ကို အသက်ဆက်စေခဲ့ပါတယ်။

မနေ့က ယှဉ်ပြိုင်ကစားတဲ့ ဘွန်ဒက်လီဂါပွဲမှာ ဟော့ဖန်ဟိမ်းကို အငှားထွက်ကစားနေတဲ့ လူငယ်လေး နယ်ဆန်ဟာ သွင်းဂိုးတစ်ဂိုး သွင်းယူနိုင်ခဲ့ပြန်ပါပြီ။ ဒီရာသီ ကစားခွင့်ရထားတဲ့ 6 ပွဲမှာ 5 ဂိုးသွင်းပြီး 1 ကြိမ် ဂိုးထောက်ပံ့ပေးနိုင်ခဲ့တာဖြစ်တယ်။ ဒါ့အပြင် ဂိုးပေါက်တည့်မှု 6 ကြိမ်မှာ သွင်းဂိုး 5 ဂိုး ရယူနိုင်ခဲ့တာ ဖြစ်ပါတယ်။

စကိုင်းစပေါ့မှ သုံးသပ်သူ ရီယို ဖာဒီနန်က အာဆင်နယ် Vs လီဗာပူးပွဲမှာ အာဆင်နယ်အသင်းဘက်မှ အထင်ကြီးလောက်ဖွယ် ခြေစွမ်ြး့ပသခဲ့သူနှစ်ဦးကို အမည်တပ်ပြီး ထုတ်ဖော်ချီးကျူးခဲ့ပါတယ်။ ထိုနှစ်ယောက်ကတော့ လာကာဇက်တီနဲ့ အူဘာမီယန်းဖြစ်ပါတယ်။

ပရီးမီးယားလိဂ် တိုက်စစ်မှူးဟောင်း ပီတာခရော့ခ်ျက မန်ချက်စတာစီးတီး ရှုံးနိမ့်နိုင်ချေရှိတဲ့ တစ်ခုတည်းသော ပွဲက ဇန်န၀ါရီ ၃ရက် လီဗာပူးနဲ့ ရင်ဆိုင်တွေ့မယ့် ပွဲ တစ်ပွဲသာ မြင်မိတယ်လို့ သုံးသပ်ပြောကြားလိုက်ပါတယ်။ ယာဂင်ကလော့ပ်နဲ့ လီဗာပူးအသင်းသားတွေကသာ မချေမှုန်းနိုင်ရင် မန်စီးတီးအသင်းဟာ ဘယ်သူမှ မလွှမ်းမိုးနိုင်တဲ့အသင်း ဖြစ်လာလိမ့်မယ်လို့ ၄င်းက ဆိုပါတယ်။

ဒူးဒဏ်ရာကြောင့် ကာလရှည် အနားယူနေခဲ့ရတဲ့ မန်ဂါလာ တစ်ယောက် ပြန်လည်ကောင်းမွန်လာပြီး ဖြစ်တာကြောင့် စနေနေ့ညမှာ မန်စီးတီး လူငယ်အသင်းနဲ့အတူ ပါဝင်ကစားခဲ့ပါတယ်။ အငှားထွက် ကစားချိန်များပြီး အသင်းနဲ့ ကစးခွင့်နည်းပေမယ့် ထူခြားစွာပဲ ပက် ဂွာဒီယိုလာကတော့ ပြင်သစ်သား ဗဟိုခံစစ်မှူး မန်ဂါလာရဲ့ ပုံစံနဲ့ သဘောထားကို နှစ်သက်အထင်ကြီးမိကြောင်း ထုတ်ဖော် ပြောဆိုထားဖူးပါတယ်။

မန်စီးတီးအသင်း မန်နေဂျာ ပက်ဂွာဒီယိုလာက ဆောက်သမ်တန်အသင်း ဒီရာသီ ရုန်းကန်နေရာပြီး အဆင့် ၁၆ နေရာမှာ ရပ်တည်နေတာနဲ့ ပတ်သတ်ပြီး အံ့သြမိကြောင်းနဲ့ စိန့်အသင်းမှာ ကစားသမားကောင်းတွေ များစွာရှိတယ်လို့ ထုတ်ဖော်ပြောကြားလိုက်ပါတယ်။ ဆောက်သမ်တန်ဟာ သူတို့ရဲ့ ပရီးမီးယားလိဂ် ပထမပွဲ ၁၀ပွဲမှာ နိုင်ပွဲ တစ်ပွဲသာ ရရှိထားတာပါ။

ဘုန်းမောက်နဲ့ပွဲမှာ အစောပိုင်းကစားပုံ ဆိုးဝါးခဲ့တာနဲ့ ပတ်သတ်ပြီး ဟာရဲရားက ၄င်းတို့အနေနဲ့ တစ်ပွဲလုံး ကောင်းမွန်တဲ့ စွမ်းဆောင်ရည် ပြသနိုင်တဲ့ အသင်းတစ်သင်း ဖြစ်လို့ လိုအပ်တယ်လို့ ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။ ဟာရဲရားက ဘုန်းမောက်နဲ့ ပွဲလို အမှတ် ဆုံးရှုံးလုနီးပါး ပွဲမျိုး ထပ်မံကြုံတွေ့မှာ စိုးရိမ်နေပါတယ်။

ယူနိုက်တက်မန်နေဂျာ မော်ရင်ညိုက ဘုန်းမောက်နဲ့ပွဲ ပထမပိုင်းပြီးချိန်မှာ ကိုယ့်ကိုကိုယ် ပရီးမီးယားလိဂ်မှာ ကံအကောင်းဆုံး မန်နေဂျာလို့ပင် ထင်မိကြောင်း ပွဲအပြီးမှာ ပြောခဲ့ပါတယ်။ ဘာကြောင့်လဲဆိုတော့ ယူနိုက်တက်ရဲ့ ပထမပိုင်း ကစားပုံ ညံ့ဖျင်းမှုက ၁-၁ သရေရလဒ်ပင် မကဘဲ ၅ဂိုးပြတ် ၆ဂိုပြတ် ရှုံးနေမယ့် အခြေအနေမှာ ရှိတယ်လို့ ၄င်းက ဆိုပါတယ်။

ယူနိုက်တက်ပရိသတ်တွေက မာတစ်ကို ချယ်ဆီးဘက်က ရောင်းထုတ်လိုက်တာဟာ မှန်ကန်တဲ့ အပြောင်းအရွှေ့လို့ ထောက်ခံလာကြပါတယ်။ လန်ဒန်ကလပ်ဟာ မာတစ်ကိုရောင်းထုတ်မှုကနေ ပေါင် သန်း ၄၀ ရရှိခဲ့ပြီး အကျပိုင်းကို ရောက်လာတဲ့ ကစားသမားအတွက် အကောင်းဆုံး ပြောင်းရွှေ့ကြေး ရယူခဲ့မှုလို့ ယူနိုက်တက်ပရိသတ်တွေ ကိုယ်တိုင်က မှတ်ချက်ပေးလာတာပါ။

စပါးအသင်း မန်နေဂျာ ပိုချက်တီနိုက အသင်းရဲ့ စတားပလေယာ ကစားသမားတွေက အသင်းနဲ့ စာချုပ်သစ်တွေ ထပ်မံချုပ်ဆိုဖြစ်ရတဲ့ အကြောင်းပြချက်က အဆိုပါကစားသမားတွေဟာ သူ့အပေါ် ယုံကြည်မှုအပြည့်ရှိကြလို့ ဖြစ်ကြောင်း ထုတ်ဖော် ပြောဆိုလိုက်ပါတယ်။ ဒါပေမယ့် သူ့တစ်ယောက်တည်းအပေါ် သံယောဇဉ်ရှိလို့တော့ မဟုတ်ဘူးပေါ့လို့ ကလပ်အသင်းနဲ့ ကစားသမားကြား ဆက်နွယ်မှုကိုလည်း ထည့်သွင်းပြောခဲ့ပါတယ်။

တော်တင်ဟမ်အသင်းဟာ အဝေးကွင်းမှာ သွားရောက်ယှဉ်ပြိုင်တဲ့ ဝုဗ်နဲ့ပွဲမှာ ဦးဆောင်ဂိုး သုံးကြိမ် ရခဲ့ပြီးမှ ပြိုင်ဘက်အသင်းရဲ့ နှစ်ကြိမ်တိုင် နောက်က လိုက်လံချေပခြင်းကို ရင်ဆိုင်ခဲ့ရတယ်။ ဒါပေမယ့်လို့ လာမယ်လာ၊ မော်ရာ၊ ကိန်းတို့ရဲ့ သွင်းဂိုးတွေကြောင့် အနိုင်ရပြီး အမှတ်ပေးဇယားရဲ့ အဆင့် ၄ နေရာကို တက်လှမ်းလာခဲ့ပါတယ်။

ပိုချက်တီနိုက ၄င်းကို ရီးရဲလ်မက်ဒရစ်က ခေါ်ယူလိုနေခြင်းဟာ အသင်းကို ပိုမိုစည်းလုံးပြီး တောင့်တင်းစေကြောင်း ပြောကြားလိုက်ပါတယ်။ ဒါပေမယ့် အခြားအသင်းတွေရဲ့ ကမ်းလှမ်းမှုတွေကို နားမထောင်ဖြစ်ခြင်းက စပါးအသင်းအတွက်သာ ရှိပေးလိုပြီး ဒီကလပ်အသင်းနဲ့သာ အောင်မြင်မှုသစ် မှတ်တမ်းသစ်တွေ ရယူသွားလိုတယ်လို့ ပိုချက်တီက ပြောကြားထားပါတယ်။

လီဗာပူးကွင်းလယ်လူ ဖာဘင်ညိုဟာ အာဆင်နယ်နဲ့ပွဲမှာ ဘောလုံးလက်ခံယူပုံ နှေးကွေးသလို ပေးမှုပိုင်းမှာ လေးလံတဲ့အတွက် ဝေဖန်ခံနေရပါတယ်။ ပြင်သစ်လိဂ် ကစားသမားဟောင်းဟာ နောက်ပိုင်းပွဲတွေမှာ ပွဲထွက်ခွင့်တွေ ပိုရလာပေမယ့် လျှင်မြန်တဲ့ ဖိအားပေး ကစားဟန်အောက်မှာ အသားကျဖို့တော့ ရုန်ကန်ရဦးမယ့် အနေအထားဖြစ်ပါတယ်။

အာဆင်နယ်ကို ၁-၁ သရေကျအပြီး ဝေဖန်ခံလာရတဲ့ ကစားသမားတွေကတော့ ကွင်းလယ်သုံးယောက်တွဲနဲ့ တိုက်စစ်မှူးဆာလက်တို့ဖြစ်ပါတယ်။ ကွင်းလယ်ပိုင်းက အခွင့်အရေးတွေ ဖန်တီးနိုင်စွမ်း အားနည်းခဲ့ချိန်မှာ တိုက်စစ်သမား ဆာလက်ကလည်း အခွင့်အရေးတွေကို တိကျစွာ ဖန်တီးနိုင်ခြင်းမရှိပဲ အားပျော့နေခဲ့တယ်လို့ ဝေဖန်ခံနေရတာပါ။

ပေါလ်မာဆန်က အာဆင်နယ်ကနေ ထွက်ခွာမယ့် ရမ်ဆေးကို ခေါ်ယူဖို့ လီဗာပူးကို တိုက်တွန်းလိုက်ပါတယ်။ လီဗာပူးအသင်းဟာ မန်စီးတီးကို ယှဉ်ပြိုင်ဖို့ရာ လူစာရင်း ပိုတောင့်တင်းဖို့နဲ့ ကွင်းလယ်ပိုင်း ပိုအားဖြည့်ဖို့ လိုအပ်နေပြီး လန်ဒန်ကလပ်က ထွက်ခွာမယ့် ရမ်ဆေးဟာ လီဗာပူးရဲ့ လိုအပ်ချက်ကို တိုက်ရိုက် ဖြည့်စည်းနိုင်မယ့် ကစားသမားပါလို့ အကြံပေးလာခဲ့တာပါ။

ချယ်ဆီးမန်နေဂျာ ဆာရီက ပရီးမီးယားလိဂ်ပွဲ ၁၁ ပွဲဆက် အရှူံးမရှိဆိုတဲ့ စံချိန်ကောင်းကို စိုက်ထူဖို့ထက် ပဲလေ့စ်ကို အနိုင်ယူဖို့ပဲ စဉ်းစားပါတယ်လို့ ပြောဆိုလာပါတယ်။ ဒီရာသီမှ ပရီးမီးယားလိဂ်ကို ရောက်လာခဲ့တဲ့ ဆာရီဟာ အမှတ်ပေးပွဲမှာ ရှူံးပွဲမရှိတာကြောင့် 1994 ခုနှစ်နောက်ပိုင်း ပထမဆုံးအကြိမ် စံချိန်ကောင်းတခုကို ပိုင်ဆိုင်ဖို့ နီးကပ်လာနေတာပါ။

ချယ်ဆီးကွင်းလယ်လူ လော့တပ်ချိစ်က ဒီကာလတွေအတွင်း သူ့အပေါ်ပေးတဲ့ မှတ်ချက်တွေကို မြင်နေရပေမယ့် လန်ဒန်ကလပ်အတွက်ပဲ ပွဲထွက်ကစားပေးနိုင်ဖို့ စိတ်ပိုင်းဖြတ်ထားကြောင်း ပြောဆိုလာပါတယ်။ အသက် ၂၂ နှစ်ဆိုတဲ့ အရွယ်မှာ လိဂ်ပွဲ ကစားခွင့်တွေ အကန့်အသတ် ရှိနေခြင်းက သူ့ရဲ့ကစားသမားဘဝကို ဝေဖန်ပိုင်းဖြတ်ဖို့ရာ အားနည်းချက်ဖြစ်စေတယ်လို့တော့ ကစားသမားက ဝန်ခံပါတယ်။

ချယ်ဆီးလူငယ်အသင်းက အာဆင်နယ်လူငယ်အသင်းကို ၅-၄ နဲ့ အနိုင်ရတဲ့ ပရီးမီးယားလိဂ်-၂ ပွဲမှာ ဒဏ်ရာကနေ ပြန်သက်သာလာတဲ့ ချယ်ဆီးလူငယ်လေး အမ်ပါဒူး ပါဝင်ကစားနိုင်ခဲ့ပါတယ်။ သူနဲ့အတူ လူငယ်သွေးသစ်လေး အိုဒွိုင်းလည်း ပါဝင်ကစားခဲ့တယ်လို့ သိရပါတယ်။

Sports Home Time