ဒီရာသီ ပရီးမီးယားလိဂ်ပွဲစဉ် ၈ ပွဲမှာ ကိုယ်တိုင် ၇ ဂိုးသွင်းပြီး ဂိုးထောက်ပံ့မှု ၄ ကြိမ် လုပ်နိုင်တဲ့ ဆာလာဟာ လီဗာပူးသမိုင်းမှာ အကောင်းဆုံး ကစားသမားတွေကို တန်းတူ ယှဉ်ပြိုင်နိုင်စွမ်း ရှိပါတယ်လို့ ပရိသတ်တွေဘက်က ထောက်ခံပေးလာပါတယ်။

Reddit မှာတော့ လီဗာပူးဖိုရမ်အတွင်း ကမ္ဘာတစ်လွှားမှ လီဗာပူးပရိသတ်တွေဟာ ဆာလာ အကြောင်း အကောင်းမြင်တဲ့ ချီးကျူးစကားတွေ ပြောဆိုခဲ့ကြတာပါ။ သူတို့ ပြောဆိုမှုတွေထဲမှာ အားလုံး စိတ်ဝင်စားစွာ ပါဝင် ဆွေးနွေးကြတာက ဆာလာဟာ ၂၀၁၃-၂၀၁၄ တုန်းက ဆွာရက်ဇ်ရဲ့ တောက်ပမှုကို အမှီလိုက်နေပါတယ်လို့ ဖြစ်ပါတယ်။

ဒီဆွေးနွေးမှုကို နိုင်ငံတကာ သီတင်းပတ်တုန်းက ကာရေဂါက စတင် ဆွေးနွေးခဲ့တာဖြစ်ပြီး သူကတော့ ဆွာရက်ဇ်ရဲ့ တစ်ဦးတည်းနဲ့ လီဗာပူးကို ထမ်းတင်ပေးခဲ့မှုအပေါ် အသားပေးပြီး တောရက်စ်နဲ့ နှိုင်းယှဉ်ခဲ့တာဖြစ်တယ်။

ဒီရာသီ ဆာလာဟာလည်း လီဗာပူးအတွက် ဆွာရက်ဇ် တောက်ပသလိုကို တောက်ပနေပါပြီဆိုတာကို လီဗာပူးပရိသတ် အများအပြားက သဘောတူခဲ့ကြတယ်။

ပရိသတ်တစ်ဦးက ” ဆာလာဟာ လီဗာပူးဂျာစီ ဝတ်ဆင်ခဲ့သူတွေထဲ ကျနော် မြင်ဖူးတဲ့ အကောင်းဆုံး ကစားသမားပါ။ ကျနော်ဟာ ဂျရတ်ရဲ့ အကောင်းဆုံးအချိန်၊ ငယ်ရွယ်တဲ့ အိုဝင်နဲ့ ဆွာရက်ဇ် သိပ်ကို တောက်ပခဲ့တဲ့ ဘောလုံးရာသီတွေကို အားပေးခွင့်ရခဲ့ပါတယ်။ ဒါပေမယ့်လို့ မိုက အားလုံးရဲ့ အထက်မှာ ရှိနေတယ်လို့ မြင်ပါတယ်။

သူ့ရဲ့ ခြေစွမ်းပိုင်း တသမတ်တည်း တည်ငြိမ်မှု၊ ဖန်တီးနိုင်စွမ်းနဲ့ အသင်းအပေါ် သက်ရောက်မှု ရှိတာတွေက အခြားသော ကမ္ဘာကလာတဲ့ ကစားသမားအဆင့်မျိုးမှာ ရှိပါတယ် ” လို့ ချီးကျူးခဲ့တယ်။

ဆက်ပြီး ဆွေးနွေးခဲ့တဲ့ ပရိသတ်ကလည်း ” ဒီကာလတွေမှာ မြင်နေရမှုနဲ့ ဝက်ဖိုဒ့်နဲ့ပွဲမှာ မြင်ရတဲ့ ပုံစံတွေအရ ဆာလာဟာ ဆွာရက်ဇ်ထက် အရည်အချင်းပိုင်းမှာ ပိုမို ထူးချွန်းတဲ့ ကစားသမားဆိုတာကို သဘောတူပါတယ်။

အခုဆိုရင် ဒီလိုပြောဖို့ စဉ်းစားစရာတောင် မလိုတော့ပါဘူး။ မိုက လုံးဝကို ဆန်းကျယ်တဲ့ ကစားသမားဖြစ်ပါတယ်။ ၂၀၁၃-၂၀၁၄ တုန်းက ဆွာရက်ဇ်လို ကစားသမားမျိုး ထပ်မြင်ရမယ် မထင်ခဲ့ပေမယ့် ဆာလာနဲ့အတူ မြင်တွေ့လာရပါတယ် ” လို့ မှတ်ချက်ပေးခဲ့ပါတယ်။

ဆာလာဟာ အတိတ်က ဆွာရက်ဇ် တောက်ပခဲ့မှုနဲ့ တန်းညီတဲ့ ထူးချွန်မှုကို လုပ်ပြနိုင်မယ်လို့ ထင်မိကြရဲ့လား? အမြင်လေးတွေကို ပြောခဲ့ကြပါဦး?

ZAWGYI

ဒီရာသီ ပရီးမီးယားလိဂ္ပြဲစဥ္ ၈ ပြဲမွာ ကိုယ္တိုင္ ၇ ဂိုးသြင္းျပီး ဂိုးေထာက္ပံ့မႈ ၄ ၾကိမ္ လုပ္ႏုိင္တဲ့ ဆာလာဟာ လီဗာပူးသမိုင္းမွာ အေကာင္းဆံုး ကစားသမားေတြကို တန္းတူ ယွဥ္ျပိဳင္ႏုိင္စြမ္း ရွိပါတယ္လို႔ ပရိသတ္ေတြဘက္က ေထာက္ခံေပးလာပါတယ္။

Reddit မွာေတာ့ လီဗာပူးဖိုရမ္အတြင္း ကမၻာတစ္လႊားမွ လီဗာပူးပရိသတ္ေတြဟာ ဆာလာ အေၾကာင္း အေကာင္းျမင္တဲ့ ခ်ီးက်ဴးစကားေတြ ေျပာဆိုခဲ့ၾကတာပါ။ သူတို႔ ေျပာဆိုမႈေတြထဲမွာ အားလံုး စိတ္ဝင္စားစြာ ပါဝင္ ေဆြးေႏြးၾကတာက ဆာလာဟာ ၂၀၁၃-၂၀၁၄ တုန္းက ဆြာရက္ဇ္ရဲ႕ ေတာက္ပမႈကို အမွီလိုက္ေနပါတယ္လို႔ ျဖစ္ပါတယ္။

ဒီေဆြးေႏြးမႈကို ႏုိင္ငံတကာ သီတင္းပတ္တုန္းက ကာေရဂါက စတင္ ေဆြးေႏြးခဲ့တာျဖစ္ျပီး သူကေတာ့ ဆြာရက္ဇ္ရဲ႕ တစ္ဦးတည္းနဲ႔ လီဗာပူးကို ထမ္းတင္ေပးခဲ့မႈအေပၚ အသားေပးျပီး ေတာရက္စ္နဲ႔ ႏိႈင္းယွဥ္ခဲ့တာျဖစ္တယ္။

ဒီရာသီ ဆာလာဟာလည္း လီဗာပူးအတြက္ ဆြာရက္ဇ္ ေတာက္ပသလိုကို ေတာက္ပေနပါျပီဆိုတာကို လီဗာပူးပရိသတ္ အမ်ားအျပားက သေဘာတူခဲ့ၾကတယ္။

ပရိသတ္တစ္ဦးက ” ဆာလာဟာ လီဗာပူးဂ်ာစီ ဝတ္ဆင္ခဲ့သူေတြထဲ က်ေနာ္ ျမင္ဖူးတဲ့ အေကာင္းဆံုး ကစားသမားပါ။ က်ေနာ္ဟာ ဂ်ရတ္ရဲ႕ အေကာင္းဆံုးအခ်ိန္၊ ငယ္ရြယ္တဲ့ အိုဝင္နဲ႔ ဆြာရက္ဇ္ သိပ္ကို ေတာက္ပခဲ့တဲ့ ေဘာလံုးရာသီေတြကို အားေပးခြင့္ရခဲ့ပါတယ္။ ဒါေပမယ့္လို႔ မိုက အားလံုးရဲ႕ အထက္မွာ ရွိေနတယ္လို႔ ျမင္ပါတယ္။

သူ႔ရဲ႕ ေျခစြမ္းပိုင္း တသမတ္တည္း တည္ျငိမ္မႈ၊ ဖန္တီးႏုိင္စြမ္းနဲ႔ အသင္းအေပၚ သက္ေရာက္မႈ ရွိတာေတြက အျခားေသာ ကမၻာကလာတဲ့ ကစားသမားအဆင့္မ်ိဳးမွာ ရွိပါတယ္ ” လို႔ ခ်ီးက်ဴးခဲ့တယ္။

ဆက္ျပီး ေဆြးေႏြးခဲ့တဲ့ ပရိသတ္ကလည္း ” ဒီကာလေတြမွာ ျမင္ေနရမႈနဲ႔ ဝက္ဖိုဒ့္နဲ႔ပြဲမွာ ျမင္ရတဲ့ ပံုစံေတြအရ ဆာလာဟာ ဆြာရက္ဇ္ထက္ အရည္အခ်င္းပိုင္းမွာ ပိုမို ထူးခၽြန္းတဲ့ ကစားသမားဆိုတာကို သေဘာတူပါတယ္။

အခုဆိုရင္ ဒီလိုေျပာဖို႔ စဥ္းစားစရာေတာင္ မလိုေတာ့ပါဘူး။ မိုက လံုးဝကို ဆန္းက်ယ္တဲ့ ကစားသမားျဖစ္ပါတယ္။ ၂၀၁၃-၂၀၁၄ တုန္းက ဆြာရက္ဇ္လို ကစားသမားမ်ိဳး ထပ္ျမင္ရမယ္ မထင္ခဲ့ေပမယ့္ ဆာလာနဲ႔အတူ ျမင္ေတြ႔လာရပါတယ္ ” လို႔ မွတ္ခ်က္ေပးခဲ့ပါတယ္။

ဆာလာဟာ အတိတ္က ဆြာရက္ဇ္ ေတာက္ပခဲ့မႈနဲ႔ တန္းညီတဲ့ ထူးခၽြန္မႈကို လုပ္ျပႏုိင္မယ္လို႔ ထင္မိၾကရဲ႕လား? အျမင္ေလးေတြကို ေျပာခဲ့ၾကပါဦး?