ချယ်ဆီးမန်နေဂျာ သောမက်စ် တူချယ်က သူတို့အသင်းဟာ မန်စီးတီးနဲ့ လီဗာပူးလို အဆင့်တွေထံ တိုးတက်လာဖို့ လိုအပ်ပါတယ်လို့ ပြောဆိုလာခဲ့ပါတယ်။

လန်ဒန်ကလပ်ဟာ ဘရန့်ဖိုဒ့်ကို ၁-၀ ဖြင့် အနိုင်ရတဲ့နောက် အမှတ်ပေးဇယား ထိပ်ပိုင်းကို ဦးဆောင်နေခဲ့ပြီဖြစ်ပါတယ်။ လီဗာပူးက တစ်မှတ်လျော့ ဒုတိယနေရာ၊ မန်စီးတီးက နှစ်မှတ်လျော့ တတိယနေရာမှာ ရှိနေပြီး ဒီရာသီ အမှတ်ပေးဖလား ပြိုင်ဆိုင်မှုဟာ သုံးသင်းအပြိုင် ဖြစ်လာလိမ့်မယ်လို့ ယုံကြည်ထားကြတယ်။

ဒီနွေမှာ လူကာကူကို ခေါ်ယူထားတဲ့ ချယ်ဆီးအသင်းဟာ လီဗာပူးနဲ့ မန်စီးတီးတို့ကို ရမှတ်ပိုင်း တည်ငြိမ်စွာ ရယူနိုင်မှုကို အဓိက ဦးတည်သွားမယ့် သဘောမျိုးကို လန်ဒန်ကလပ်ရဲ့ မန်နေဂျာက ပြောလာပါတယ်။

တူချယ်က “ ယေဘုယျအားဖြင့် လီဗာပူးနဲ့ မန်စီးတီးတို့က ကုန်ခဲ့တဲ့ နှစ်တွေမှာ တောက်လျှောက် သက်သေပြခဲ့ပါပြီ။ သူတို့ဟာ ခြေစွမ်းပိုင်း တည်ငြိမ်မှုနဲ့ အရည်အချင်းပိုင်း ဆိုင်ရာတွေအတွက် အမှတ်လက္ခဏာကောင်းတွေ ရှိနေတဲ့ အသင်းတွေဖြစ်ပါတယ်။

ကုန်ခဲ့တဲ့ နှစ်တွေမှာ ဒီအသင်းတွေကပဲ ချန်ပီယံဖြစ်လာဖို့ ဘာတွေ ပိုင်ဆိုင်ရမယ်ဆိုတာကို ပြသခဲ့တယ်။ ချန်ပီယံဖြစ်ရေးဆိုတာ သူတို့နှစ်သင်းကြား ပြိုင်ဆိုင်မှုပဲ ဖြစ်နေခဲ့ပြီး ကျနေ်ာတို့ကတော့ တိုက်စစ်၊ ခံစစ် အပါအဝင် နေရာတိုင်းမှာ တိုးတက်လာဖို့ လိုနေခဲ့တာပေါ့။

ဘာလို့လည်းဆိုတော့ ဘောလုံးပွဲဆိုတာ အဲ့လို တိုက်စစ်၊ ခံစစ် ကစားတာတွေကို ပေါင်းစပ်ထားတာ ဖြစ်ပါတယ်။ ကျနေ်ာတို့ရဲ့ ထိုးနှက်နေပိုင်းအတွက် ပိုမို ဖန်တီးနိုင်ရေးကိုတော့ ရပ်တန့်သွားမှာ မဟုတ်ပါဘူး။ ” လို့ ဆိုသွားခဲ့တာ ဖြစ်ပါတယ်။

လီဗာပူးဟာ ကြားရက်မှာ အက်သလက်တီကိုနဲ့ ချန်ပီယံလိဂ် အဝေးကွင်းပွဲ ကစားရမှာဖြစ်ပြီး အဆိုပါပွဲအပြီးမှာ မဟာပြိုင်ဘက် ယူနိုက်တက်ကိုလည်း အဝေးကွင်းမှာ သွားရောက် ယှဉ်ပြိုင်ရဦးမှာပါ။

နိုင်ငံတကာသီတင်းပတ်အပြီး ပွဲကြပ်ကာလကို ဖြတ်သန်းရမယ့်အပေါ် ကလော့ပ်ကတော့ “ ထူးထူးခြားခြား ပြောစရာမရှိပါဘူး။ နိုင်ငံတကာ သီတင်းပတ်အပြီး မတူညီတဲ့ နည်းစနစ်တွေနဲ့ ကစားအပြီးမှာ ပုံမှန်စည်းချက်ကို ရှာတွေ့ဖို့ ခက်ခဲပါတယ်။ ဒါပေမယ့် ကျနော်တို့မှာ တကယ်ကို ကောင်းမွန်ပြီး ကြီးကျယ်တဲ့ စိတ်ဓာတ်၊ အင်အားနဲ့ စရိုက်တွေ ရှိနေပါတယ်” လို့ ပြောဆိုထားတာ ဖြစ်ပါတယ်။

ZAWGYI

ခ်ယ္ဆီးမန္ေနဂ်ာ ေသာမက္စ္ တူခ်ယ္က သူတို႔အသင္းဟာ မန္စီးတီးနဲ႔ လီဗာပူးလို အဆင့္ေတြထံ တိုးတက္လာဖို႔ လိုအပ္ပါတယ္လို႔ ေျပာဆိုလာခဲ့ပါတယ္။

လန္ဒန္ကလပ္ဟာ ဘရန္႔ဖိုဒ့္ကို ၁-၀ ျဖင့္ အႏုိင္ရတဲ့ေနာက္ အမွတ္ေပးဇယား ထိပ္ပိုင္းကို ဦးေဆာင္ေနခဲ့ျပီျဖစ္ပါတယ္။ လီဗာပူးက တစ္မွတ္ေလ်ာ့ ဒုတိယေနရာ၊ မန္စီးတီးက ႏွစ္မွတ္ေလ်ာ့ တတိယေနရာမွာ ရွိေနျပီး ဒီရာသီ အမွတ္ေပးဖလား ျပိဳင္ဆိုင္မႈဟာ သံုးသင္းအျပိဳင္ ျဖစ္လာလိမ့္မယ္လို႔ ယံုၾကည္ထားၾကတယ္။

ဒီေႏြမွာ လူကာကူကို ေခၚယူထားတဲ့ ခ်ယ္ဆီးအသင္းဟာ လီဗာပူးနဲ႔ မန္စီးတီးတို႔ကို ရမွတ္ပိုင္း တည္ျငိမ္စြာ ရယူႏုိင္မႈကို အဓိက ဦးတည္သြားမယ့္ သေဘာမ်ိဳးကို လန္ဒန္ကလပ္ရဲ႕ မန္ေနဂ်ာက ေျပာလာပါတယ္။

တူခ်ယ္က “ ေယဘုယ်အားျဖင့္ လီဗာပူးနဲ႔ မန္စီးတီးတို႔က ကုန္ခဲ့တဲ့ ႏွစ္ေတြမွာ ေတာက္ေလွ်ာက္ သက္ေသျပခဲ့ပါျပီ။ သူတို႔ဟာ ေျခစြမ္းပိုင္း တည္ျငိမ္မႈနဲ႔ အရည္အခ်င္းပိုင္း ဆိုင္ရာေတြအတြက္ အမွတ္လကၡဏာေကာင္းေတြ ရွိေနတဲ့ အသင္းေတြျဖစ္ပါတယ္။

ကုန္ခဲ့တဲ့ ႏွစ္ေတြမွာ ဒီအသင္းေတြကပဲ ခ်န္ပီယံျဖစ္လာဖို႔ ဘာေတြ ပိုင္ဆိုင္ရမယ္ဆိုတာကို ျပသခဲ့တယ္။ ခ်န္ပီယံျဖစ္ေရးဆိုတာ သူတို႔ႏွစ္သင္းၾကား ျပိဳင္ဆိုင္မႈပဲ ျဖစ္ေနခဲ့ျပီး က်ေန္ာတို႔ကေတာ့ တိုက္စစ္၊ ခံစစ္ အပါအဝင္ ေနရာတိုင္းမွာ တိုးတက္လာဖို႔ လိုေနခဲ့တာေပါ့။

ဘာလို႔လည္းဆိုေတာ့ ေဘာလံုးပြဲဆိုတာ အဲ့လို တိုက္စစ္၊ ခံစစ္ ကစားတာေတြကို ေပါင္းစပ္ထားတာ ျဖစ္ပါတယ္။ က်ေန္ာတို႔ရဲ႕ ထိုးႏွက္ေနပိုင္းအတြက္ ပိုမို ဖန္တီးႏုိင္ေရးကိုေတာ့ ရပ္တန္႔သြားမွာ မဟုတ္ပါဘူး။ ” လို႔ ဆိုသြားခဲ့တာ ျဖစ္ပါတယ္။

လီဗာပူးဟာ ၾကားရက္မွာ အက္သလက္တီကိုနဲ႔ ခ်န္ပီယံလိဂ္ အေဝးကြင္းပြဲ ကစားရမွာျဖစ္ျပီး အဆိုပါပြဲအျပီးမွာ မဟာျပိဳင္ဘက္ ယူႏုိက္တက္ကိုလည္း အေဝးကြင္းမွာ သြားေရာက္ ယွဥ္ျပိဳင္ရဦးမွာပါ။

ႏုိင္ငံတကာသီတင္းပတ္အျပီး ပြဲၾကပ္ကာလကို ျဖတ္သန္းရမယ့္အေပၚ ကေလာ့ပ္ကေတာ့ “ ထူးထူးျခားျခား ေျပာစရာမရွိပါဘူး။ ႏိုင္ငံတကာ သီတင္းပတ္အၿပီး မတူညီတဲ့ နည္းစနစ္ေတြနဲ႔ ကစားအၿပီးမွာ ပုံမွန္စည္းခ်က္ကို ရွာေတြ႕ဖို႔ ခက္ခဲပါတယ္။ ဒါေပမယ့္ က်ေနာ္တို႔မွာ တကယ္ကို ေကာင္းမြန္ျပီး ႀကီးက်ယ္တဲ့ စိတ္ဓာတ္၊ အင္အားနဲ႔ စ႐ိုက္ေတြ ရွိေနပါတယ္” လို႔ ေျပာဆိုထားတာ ျဖစ္ပါတယ္။