လီဗာပူးအသင်းရဲ့ တနင်္လာနေ့ လေ့ကျင့်ရေးမှာတော့ ကာတစ်ဂျုံး ပြန်လည် ပါဝင်လာခဲ့ပြီး အသင်းသား ၂၃ ဦး လေ့ကျင့်ရေး ဝင်ခဲ့ပါတယ်။

ဒီကနေ့ ညပိုင်းမှာ လီဗာပူးအသင်းဟာ ချန်ပီယံလိဂ်ပြိုင်ပွဲအဖြစ် အက်သလက်တီကိုနဲ့ ယှဉ်ပြိုင်ကစားဖို့ စပိန်ကို ထွက်ခွာမှာဖြစ်ပါတယ်။ အဲ့အတွက် အတည်ပြု လူစာရင်း ၂၃ ဦးဖြစ်ပြီး စပိန်မှာတော့ ကွာရန်တင်း ရှောင်ဖို့အတွက် ဖာဘင်ညိုနဲ့ အယ်လီဆန်တို့ ကြိုတင် ရောက်ရှိနေပြီဖြစ်ပါတယ်။

လီဗာပူးအသင်းဟာ ချန်ပီယံလိဂ် အုပ်စု B မှာ ဇယားထိပ်က ဦးဆောင်နေတဲ့ အသင်းဖြစ်ပါတယ်။ ဒီအပတ် တီကိုပွဲမှာ ရလဒ်တစ်ခု ယူနိုင်ရင် ရှုံးထွက်အဆင့်ကို တက်ရောက်ဖို့ အခြေအနေကောင်းမှာ ဖြစ်ပါတယ်။

နိုင်ငံတကာ သီတင်းပတ်မှာ ဒဏ်ရာရထားတဲ့ ကွင်းလယ်လူ ကာတစ်ဂျုံးက စီနီယာ ၂၂ ဦးစာရင်းမှာ ပြန်ပါလာခဲ့ပေမယ့် သီယာဂိုကို မတွေ့ရသေးပါဘူး။ ဂျုံးနဲ့အတူ ပါဝင်လာတဲ့ လူငယ်လေး Dixon-Bonner ဟာ ဂန်းနား အကယ်ဒမီထွက် တစ်ဦးဖြစ်ပါတယ်။ အသက် ၂၀ အရွယ် ကစားသမားဟာ ချန်ပီယံလိဂ် လူစာရင်းမှာ မပါခြင်းကြောင့် စပိန်ထံ လိုက်ပါဖွယ် မရှိပါဘူး။ သို့ပေမယ့် B အသင်းနဲ့ လိုက်ပါခွင့်တော့ ရှိမှာဖြစ်တယ်။

သီယာဂို မပါပေမယ့်လို့ ကွင်းလယ်မှာ ကိတ်တာ၊ မီလ်နာ၊ ဟန်ဒါဆန်၊ ချိန်ဘာလိန်တို့ ရှိနေပြီး ဂျုံးကလည်း ပွဲကစားခွင့် တစ်နေရာအတွက် ကြိုးစားရမှာဖြစ်ပါတယ်။ လီဗာပူးရဲ့ တိုက်စစ်နဲ့ ခံစစ်မှာတော့ လူအင်အား တောင့်တင်းနေဆဲဖြစ်ပြီး ဂျိုတာလည်း လေ့ကျင့်ရေး ဆင်းခဲ့တာဖြစ်ပါတယ်။

Liverpool squad in training

Goalkeepers: Kelleher, Adrian

Defenders: Van Dijk, Matip, Gomez, Konate, Phillips, Alexander-Arnold, Robertson, Tsimikas, Williams

Midfielders: Henderson, Milner, Keita, Jones, Oxlade-Chamberlain, Dixon-Bonner

Forwards: Salah, Mane, Firmino, Jota, Origi, Minamino

ZAWGYI

လီဗာပူးအသင္းရဲ႕ တနလၤာေန႔ ေလ့က်င့္ေရးမွာေတာ့ ကာတစ္ဂ်ံဳး ျပန္လည္ ပါဝင္လာခဲ့ျပီး အသင္းသား ၂၃ ဦး ေလ့က်င့္ေရး ဝင္ခဲ့ပါတယ္။

ဒီကေန႔ ညပိုင္းမွာ လီဗာပူးအသင္းဟာ ခ်န္ပီယံလိဂ္ျပိဳင္ပြဲအျဖစ္ အက္သလက္တီကိုနဲ႔ ယွဥ္ျပိဳင္ကစားဖို႔ စပိန္ကို ထြက္ခြာမွာျဖစ္ပါတယ္။ အဲ့အတြက္ အတည္ျပဳ လူစာရင္း ၂၃ ဦးျဖစ္ျပီး စပိန္မွာေတာ့ ကြာရန္တင္း ေရွာင္ဖို႔အတြက္ ဖာဘင္ညိဳနဲ႔ အယ္လီဆန္တို႔ ၾကိဳတင္ ေရာက္ရွိေနျပီျဖစ္ပါတယ္။

လီဗာပူးအသင္းဟာ ခ်န္ပီယံလိဂ္ အုပ္စု B မွာ ဇယားထိပ္က ဦးေဆာင္ေနတဲ့ အသင္းျဖစ္ပါတယ္။ ဒီအပတ္ တီကိုပြဲမွာ ရလဒ္တစ္ခု ယူႏုိင္ရင္ ရွံဳးထြက္အဆင့္ကို တက္ေရာက္ဖို႔ အေျခအေနေကာင္းမွာ ျဖစ္ပါတယ္။

ႏုိင္ငံတကာ သီတင္းပတ္မွာ ဒဏ္ရာရထားတဲ့ ကြင္းလယ္လူ ကာတစ္ဂ်ံဳးက စီနီယာ ၂၂ ဦးစာရင္းမွာ ျပန္ပါလာခဲ့ေပမယ့္ သီယာဂိုကို မေတြ႔ရေသးပါဘူး။ ဂ်ံဳးနဲ႔အတူ ပါဝင္လာတဲ့ လူငယ္ေလး Dixon-Bonner ဟာ ဂန္းနား အကယ္ဒမီထြက္ တစ္ဦးျဖစ္ပါတယ္။ အသက္ ၂၀ အရြယ္ ကစားသမားဟာ ခ်န္ပီယံလိဂ္ လူစာရင္းမွာ မပါျခင္းေၾကာင့္ စပိန္ထံ လုိက္ပါဖြယ္ မရွိပါဘူး။ သို႔ေပမယ့္ B အသင္းနဲ႔ လိုက္ပါခြင့္ေတာ့ ရွိမွာျဖစ္တယ္။

သီယာဂို မပါေပမယ့္လို႔ ကြင္းလယ္မွာ ကိတ္တာ၊ မီလ္နာ၊ ဟန္ဒါဆန္၊ ခ်ိန္ဘာလိန္တို႔ ရွိေနျပီး ဂ်ံဳးကလည္း ပြဲကစားခြင့္ တစ္ေနရာအတြက္ ၾကိဳးစားရမွာျဖစ္ပါတယ္။ လီဗာပူးရဲ႕ တိုက္စစ္နဲ႔ ခံစစ္မွာေတာ့ လူအင္အား ေတာင့္တင္းေနဆဲျဖစ္ျပီး ဂ်ိဳတာလည္း ေလ့က်င့္ေရး ဆင္းခဲ့တာျဖစ္ပါတယ္။