ဒီအပတ် ချန်ပီယံလိဂ်ပြိုင်ပွဲအဖြစ် အက်သလက်တီကိုနဲ့ ယှဉ်ပြိုင်ရမယ့်ပွဲ အပါအဝင် စပိန်ကလပ်နဲ့ ကစားရမယ့် အုပ်စုတွင်း နှစ်ကျော့လုံးကို အနိုင်ရလိုပါတယ်လို့ မန်နေဂျာကလော့ပ်က ထုတ်ပြောခဲ့ပါတယ်။

အုပ်စုတွင်း အဖွင့်ပွဲ ၂ ပွဲကို အနိုင်ရထားတဲ့ လီဗာပူးအသင်းဟာ တီကို ကို နှစ်ကျော့လုံး အနိုင်ရမယ်ဆိုရင် ရှုံးထွက်အဆင့်ကို တက်ရောက်နိုင်ဖို့ သေချာသွားမှာဖြစ်ပါတယ်။ အဲ့သည် အကြောင်းပြချက်ကြောင့်ပဲ လာလီဂါ ချန်ပီယံကို နှစ်ကျော့လုံး အနိုင်ရလိုတာပါလို့ ကလော့ပ်က ထုတ်ပြောခဲ့တယ်။

ကလော့ပ်က ” တီကိုနဲ့ ရင်ဆိုင်ကစားရမယ့် နှစ်ပွဲလုံးကို အနိုင်ရမယ်ဆိုရင် ရှုံးထွက်ကို တက်ရောက်နိုင်ပြီ ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ နောက်ဆုံးအကြိမ် သူတို့နဲ့ တွေ့ဆုံစဉ်တုန်းကတော့ နှစ်ကျော့လုံးကို အရေးနိမ့်ခဲ့တာပါ။ ကျနော်က အကောင်းမြင်သူဆိုပေမယ့်လို့ ဒီပွဲတွေကို အေးဆေးလေး နိုင်မှာပါလို့တော့ မထင်ပါဘူး။

နောက်ဆုံးအကြိမ် ကျနေ်ာတို့ ကစားခဲ့တုန်းက သိပ်ကို ကောင်းပေမယ့်လို့ ကစားဖူးသမျှထဲ အထူးဆန်းဆုံး ပွဲတွေထဲက တစ်ပွဲအဖြစ် ယှဉ်ပြိုင်ခဲ့ရကာ အရေးနိမ့်ခဲ့ရပါတယ်။ အဲ့ပွဲနောက်ပိုင်းမှာ သူတို့ အသင်းက အများကြီး ပြောင်းလဲသွားတယ်ဆိုတာကို ကျနေ်ာတို့ သင်ယူနိုင်ခဲ့တယ်။

ကစားသမားတွေကော ကစားဟန်တွေပါ ပြောင်းလဲသွားတဲ့ အသင်းကို ကျနေ်ာတို့ ရင်ဆိုင်ရမှာဖြစ်ပါတယ်။ ဒါပေမယ့်လို့ သူတို့က အားနည်းသွားတာ မဟုတ်ပါဘူး။ သူတို့ရဲ့ အမာခံ ကစားသမားတွေက အတူတကွ ဆက်ရှိနေပြီး ပွဲတွေကို ဘယ်လို အနိုင်ရအောင် ကစားရမယ်ဆိုတာကို သူတို့ သိပါတယ် ” လို့ ပြောဆိုခဲ့တာ ဖြစ်ပါတယ်။

ZAWGYI

ဒီအပတ္ ခ်န္ပီယံလိဂ္ျပိဳင္ပြဲအျဖစ္ အက္သလက္တီကိုနဲ႔ ယွဥ္ျပိဳင္ရမယ့္ပြဲ အပါအဝင္ စပိန္ကလပ္နဲ႔ ကစားရမယ့္ အုပ္စုတြင္း ႏွစ္ေက်ာ့လံုးကို အႏုိင္ရလိုပါတယ္လို႔ မန္ေနဂ်ာကေလာ့ပ္က ထုတ္ေျပာခဲ့ပါတယ္။

အုပ္စုတြင္း အဖြင့္ပြဲ ၂ ပြဲကို အႏုိင္ရထားတဲ့ လီဗာပူးအသင္းဟာ တီကို ကို ႏွစ္ေက်ာ့လံုး အႏုိင္ရမယ္ဆိုရင္ ရွံဳးထြက္အဆင့္ကို တက္ေရာက္ႏုိင္ဖုိ႔ ေသခ်ာသြားမွာျဖစ္ပါတယ္။ အဲ့သည္ အေၾကာင္းျပခ်က္ေၾကာင့္ပဲ လာလီဂါ ခ်န္ပီယံကို ႏွစ္ေက်ာ့လံုး အႏုိင္ရလိုတာပါလို႔ ကေလာ့ပ္က ထုတ္ေျပာခဲ့တယ္။

ကေလာ့ပ္က ” တီကိုနဲ႔ ရင္ဆိုင္ကစားရမယ့္ ႏွစ္ပြဲလံုးကို အႏုိင္ရမယ္ဆိုရင္ ရွံဳးထြက္ကို တက္ေရာက္ႏုိင္ျပီ ျဖစ္ေကာင္းျဖစ္ႏုိင္ပါတယ္။ ေနာက္ဆံုးအၾကိမ္ သူတို႔နဲ႔ ေတြ႔ဆံုစဥ္တုန္းကေတာ့ ႏွစ္ေက်ာ့လံုးကို အေရးနိမ့္ခဲ့တာပါ။ က်ေနာ္က အေကာင္းျမင္သူဆိုေပမယ့္လို႔ ဒီပြဲေတြကို ေအးေဆးေလး ႏုိင္မွာပါလို႔ေတာ့ မထင္ပါဘူး။

ေနာက္ဆံုးအၾကိမ္ က်ေန္ာတို႔ ကစားခဲ့တုန္းက သိပ္ကို ေကာင္းေပမယ့္လို႔ ကစားဖူးသမွ်ထဲ အထူးဆန္းဆံုး ပြဲေတြထဲက တစ္ပြဲအျဖစ္ ယွဥ္ျပိဳင္ခဲ့ရကာ အေရးနိမ့္ခဲ့ရပါတယ္။ အဲ့ပြဲေနာက္ပိုင္းမွာ သူတို႔ အသင္းက အမ်ားၾကီး ေျပာင္းလဲသြားတယ္ဆိုတာကို က်ေန္ာတို႔ သင္ယူႏုိင္ခဲ့တယ္။

ကစားသမားေတြေကာ ကစားဟန္ေတြပါ ေျပာင္းလဲသြားတဲ့ အသင္းကို က်ေန္ာတို႔ ရင္ဆိုင္ရမွာျဖစ္ပါတယ္။ ဒါေပမယ့္လို႔ သူတို႔က အားနည္းသြားတာ မဟုတ္ပါဘူး။ သူတို႔ရဲ႕ အမာခံ ကစားသမားေတြက အတူတကြ ဆက္ရွိေနျပီး ပြဲေတြကို ဘယ္လို အႏုိင္ရေအာင္ ကစားရမယ္ဆိုတာကို သူတို႔ သိပါတယ္ ” လို႔ ေျပာဆိုခဲ့တာ ျဖစ္ပါတယ္။