လီဗာပူး နည်းပြ ယာဂင်ကလော့ပ်ကတော့ ရလဒ်ကောင်းတွေ ထုတ်ပေးတဲ့ စက်တစ်လုံး လို ဖြစ်နေတဲ့ ဆီမြွန်နီ ကို လေးစားပေမယ့် အက်သလက်တီကို မက်ဒရစ်ရဲ့ ကစားပုံကိုတော့ မကြိုက်ကြောင်း ပွဲကြိုမှာ ထုတ်ပြောလိုက်ပါတယ်။

လာလီဂါ လက်ရှိ ချန်ပီယံ အက်သလက်တီကို မက်ဒရစ်ကို လီဗာပူးက ဒီညမှာ ချန်ပီယံလိဂ် အဝေးကွင်း သွားရောက် ရင်ဆိုင်ရမှာ ဖြစ်ပါတယ်။ ဒီနှစ်သင်း နောက်ဆုံး တွေ့ထားတာကတော့ ၂၀၂၀ ချန်ပီယံလိဂ် ၁၆ သင်း အဆင့်မှာ တုန်းက ဖြစ်ပါတယ်။

ကလော့ပ် က – ” ဒီယေဂို ဆီမြွန်နီက အရာအားလုံး ကို မှန်အောင် လုပ်နေပါတယ်။ သူက လက်ရှိ စပိန် ချန်ပီယံပါ။ အက်သလက်တီကိုမှာ သိပ် အောင်မြင်နေတယ်။ သူ့ဆီမှာ ကမ္ဘာ့အဆင့် ကစားသမားတွေလည်း ရှိတယ်။ ဒီကစားသမားတွေကို ထိန်းထားပြီး ယှဉ်ပြိုင်စေပါတယ်။

ဒါက ဒီယေဂိုရဲ့ အရည်အသွေး ဘယ်လောက် ရှိတယ် ဆိုတာ ပြနေတာပါ။ သူတို့ လုပ်ပြနေတာတွေကို ကျနော် တော်တော်ကြီး လေးစားမိပါတယ်။ ဒါပေမယ့် ကြိုက်လား ဆိုရင်တော့ သိပ် သဘောမကျလှဘူး။ ဒါကလည်း ပုံမှန်ပါပဲ။

ကျနော် သဘောကျတဲ့ ဘောလုံး ကစားပုံက သူတို့ ကစားနေတာနဲ့တခြားစီကိုး။ တခြား ဘောလုံးနည်းပြတွေလည်း သူတို့ စတိုင်နဲ့ သူတို့ အကြိုက်နဲ့ ရှိကြမှာပါ။ ဘယ်သူမှ သဘောကျနေဖို့လည်း မလိုပါဘူး။ အောင်မြင်ဖို့သာ လိုတာ။ ဒါကို အက်သလက်တီကိုက လုပ်ပြနေတာ။ ” လို့ တနင်္လာနေ့ ပွဲကြို ရှင်းလင်းပွဲမှာ ထည့် ပြောဆိုခဲ့ပါတယ်။

အက်သလက်တီကိုနဲ့ လီဗာပူးအသင်းတို့ဟာ ဒီနေ့ည မြန်မာစံတော်ချိန် ၁း၃၀ နာရီမှာ ယှဉ်ပြိုင် ကစားကြမှာ ဖြစ်ပါတယ်။

Zawgyi

လီဗာပူး နည္းျပ ယာဂင္ကေလာ့ပ္ကေတာ့ ရလဒ္ေကာင္းေတြ ထုတ္ေပးတဲ့ စက္တစ္လံုး လို ျဖစ္ေနတဲ့ ဆီျမြန္နီ ကို ေလးစားေပမယ့္ အက္သလက္တီကို မက္ဒရစ္ရဲ႕ ကစားပံုကိုေတာ့ မၾကိဳက္ေၾကာင္း ပြဲၾကိဳမွာ ထုတ္ေျပာလိုက္ပါတယ္။

လာလီဂါ လက္ရွိ ခ်န္ပီယံ အက္သလက္တီကို မက္ဒရစ္ကို လီဗာပူးက ဒီညမွာ ခ်န္ပီယံလိဂ္ အေ၀းကြင္း သြားေရာက္ ရင္ဆိုင္ရမွာ ျဖစ္ပါတယ္။ ဒီနွစ္သင္း ေနာက္ဆံုး ေတြ႔ထားတာကေတာ့ ၂၀၂၀ ခ်န္ပီယံလိဂ္ ၁၆ သင္း အဆင့္မွာ တုန္းက ျဖစ္ပါတယ္။

ကေလာ့ပ္ က – ” ဒီေယဂို ဆီျမြန္နီက အရာအားလံုး ကို မွန္ေအာင္ လုပ္ေနပါတယ္။ သူက လက္ရွိ စပိန္ ခ်န္ပီယံပါ။ အက္သလက္တီကိုမွာ သိပ္ ေအာင္ျမင္ေနတယ္။ သူ႔ဆီမွာ ကမၻာ့အဆင့္ ကစားသမားေတြလည္း ရွိတယ္။ ဒီကစားသမားေတြကို ထိန္းထားျပီး ယွဥ္ျပိဳင္ေစပါတယ္။

ဒါက ဒီေယဂိုရဲ႕ အရည္အေသြး ဘယ္ေလာက္ ရွိတယ္ ဆိုတာ ျပေနတာပါ။ သူတို႔ လုပ္ျပေနတာေတြကို က်ေနာ္ ေတာ္ေတာ္ၾကီး ေလးစားမိပါတယ္။ ဒါေပမယ့္ ၾကိဳက္လား ဆိုရင္ေတာ့ သိပ္ သေဘာမက်လွဘူး။ ဒါကလည္း ပံုမွန္ပါပဲ။

က်ေနာ္ သေဘာက်တဲ့ ေဘာလံုး ကစားပံုက သူတို႔ ကစားေနတာနဲ႕တျခားစီကိုး။ တျခား ေဘာလံုးနည္းျပေတြလည္း သူတို႔ စတိုင္နဲ႕ သူတို႔ အၾကိဳက္နဲ႕ ရွိၾကမွာပါ။ ဘယ္သူမွ သေဘာက်ေနဖို႔လည္း မလိုပါဘူး။ ေအာင္ျမင္ဖို႔သာ လိုတာ။ ဒါကို အက္သလက္တီကိုက လုပ္ျပေနတာ။ ” လို႔ တနလၤာေန႔ ပြဲၾကိဳ ရွင္းလင္းပြဲမွာ ထည့္ ေျပာဆိုခဲ့ပါတယ္။

အက္သလက္တီကိုနဲ႕ လီဗာပူးအသင္းတို႔ဟာ ဒီေန႔ည ျမန္မာစံေတာ္ခ်ိန္ ၁း၃၀ နာရီမွာ ယွဥ္ျပိဳင္ ကစားၾကမွာ ျဖစ္ပါတယ္။