ဟိုတယ်သို့သွား၍ ညွှန်ကြားရေးမှူးချုပ်ကို ဆေးကုသပေးရန် ငြင်းဆန်သည့် ငပလီတိုက်နယ် ဆေးရုံဆရာဝန်ကို စစ်ဆေးမှုမပြုလုပ်တော့ကြောင်း သံတွဲဆေးရုံအုပ် ဒေါက်တာကျော်နိုင်ဝင်းက ပြောကြားသည်။

‘‘မစစ်ဖြစ်ဘူးဆိုတဲ့ အ ကြောင်းကြားတာတော့ကြားပါ တယ်။ ဘယ်သူကနေညွှန်ကြား တယ်ဆိုတာတော့ ကျွန်တော် လည်း သေချာမသိပါဘူး။ မစစ် ဖြစ်တဲ့အကြောင်းကိုတော့ ကျွန် တော့်ဆီကို အကြောင်းကြားပေး ပါတယ်’’ ဟု ၎င်းကပြောသည်။

အထက်ပါကိစ္စနှင့် ပတ် သက်၍ ရခိုင်ပြည်နယ်ကုသရေး ဦးစီးဌာနကငပလီတိုက်နယ်ဆေး ရုံဆရာဝန်ကို စစ်ဆေးမေးမြန်း ရန် ညွှန်ကြားထားသည့် စာတစ် စောင် နိုဝင်ဘာ ၄ ရက်က လူမှု ကွန်ရက်စာမျက်နှာတွင် ပျံ့နှံ့ခဲ့ ပြီး ဆေးပညာ အသိုင်းအ၀ိုင်းမှ ဝေဖန်မှုများမြင့်တက်ခဲ့သည်။

‘‘ပထမက မနက်ဖြန် (နိုဝင် ဘာ ၅ ရက်) ကို စစ်ဖို့ခေါ်ထား တာ။ ဒါပေမဲ့မနက်တုန်းကတော့ အမြဲတမ်းအတွင်းဝန်ကဖုန်းဆက် တယ်။ မနက်ဖြန်ကို မစစ်တော့ ဘူးပြောတယ်’’ ဟု ငပလီတိုက် နယ်ဆရာဝန်ဒေါက်တာ စုနန္ဒာ ကျော်က 7 Day Daily သတင်းစာ အားပြောသည်။

ဖြစ်စဉ်မှာ အောက်တိုဘာ ၂၈ ရက်ညတွင် ငပလီရှိဟိုတယ် တစ်ခု၌ ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန ညွှန်ကြား ရေးမှူးချုပ်ချော်လဲ၍ ဦးခေါင်း ဒဏ်ရာရရှိကာ လူမှုရေးဝန် ကြီးက ၎င်းထံဖုန်းဆက်အကူအ ညီတောင်းသောကြောင့် အနီးဆုံး ဆေးရုံဖြစ်သည့် ငပလီတိုက်နယ် ဆေးရုံဆရာဝန်ကို သွားရောက် ကုသပေးရန် ညွှန်ကြားခဲ့ ကြောင်းဒေါက်တာကျော်နိုင်ဝင်း ကပြောသည်။

‘‘တိုက်တိုက်ဆိုင်ဆိုင်အဲဒီ အချိန်မှာပဲ ကျွန်တော်တို့ဆေးရုံ က ကားကလည်း ငပလီမှာ ရောက်နေပါတယ်။ ငပလီမှာ ရောက်နေတဲ့ကားနဲ့သွားပြီးတော့ ကြည့်ရှုပေးဖို့ကျွန်တော်တို့က ညွှန်ကြားတယ်။ အဲဒီမှာ သူက မသွားနိုင်ပါဘူးလို့ ငြင်းတာရှိ တယ်’’ ဟု ၎င်းကပြောသည်။

ဆက်လက်၍ ‘‘အရေးပေါ် ကိစ္စက ဘာမှန်းမသိတဲ့အတွက် ပြည်ထောင်စုအဆင့်ပွဲတစ်ခုမှာ ဖြစ်သွားတဲ့ဟာဆိုတော့ လူမှုရေး ၀န်ကြီးရယ်၊ကျွန်တော်ပါတယ်။ သမားတော်နဲ့ခွဲစိတ်ဆရာဝန်ရယ် ဟိုတယ်ကိုသွားပြီးကြည့်ပေးပါ တယ်။ ခေါင်းထိထားတာဖြစ်တဲ့ အတွက် လိုအပ်တဲ့ကုသမှုတွေ ပေးတယ်။ သိပ်ပြီးကြီးကြီးမားမား ထိခိုက်တဲ့ပုံစံတော့မရှိဘူး။ နှလုံး ခုန်တာ မမှန်ဘူးဆိုတာလည်း တွေ့ရတယ်။ နှလုံးအထူးကုနဲ့ပြ နိုင်ဖို့။နောက်ပြီးတော့ဦးခေါင်း ထိ ခိုက်တာဖြစ်တဲ့အတွက် ဦးခေါင်း စီတီပေါ့ ကွန်ပျူတာဓာတ်မှန်ရိုက် ဖို့အတွက် လူမှုရေးဝန်ကြီးအစီအ စဉ်နဲ့ စီစဉ်ထားတာတွေရှိပါ တယ်။ ဖြစ်စဉ်ကတော့ အဲဒီ လောက်ပါပဲ’’ ဟု ၎င်းကပြော သည်။

ထို့ကြောင့် ရခိုင်ပြည်နယ် ကျန်းမာရေးဦးစီးဌာနက ငပလီ တိုက်နယ်ဆေးရုံမှ လက်ထောက် ဆရာဝန် (တာဝန်ခံ) ဒေါက်တာ စုနန္ဒာကျော် (ဆမ – ၂၉,၈၂၈) အားညွှန်ကြားချက်ကို သွား ရောက်ဆောင်ရွက်ခြင်းမရှိသည့် အပေါ်နိုင်ငံ့ဝန်ထမ်း ဥပဒေနှင့် အညီစစ်ဆေးရန် နိုဝင်ဘာ ၁ ရက်စွဲဖြင့် စာထုတ်ပြန်ခဲ့သည်။

‘‘ပုံမှန်မဟုတ်ဘဲနဲ့အရေး ကြီးပုဂ္ဂိုလ်အနေနဲ့တောင်းဆိုလာ တာမျိုးဆိုရင်တော့လည်း မပြော တတ်ဘူးပေါ့လေ။ အဲဒါမျိုးလည်း အခုခေတ်မှာတော့ မရှိသင့်တော့ ဘူးလို့ထင်တာပဲ။ သာမန်ပြည် သူလူထုရသင့်တဲ့ဝန်ဆောင်မှုမျိုး ကိုပဲ ၀န်ထမ်းတစ်ယောက်က ရ သင့်တယ်လို့ထင်တာပေါ့နော်။ သာမန်ပြည်သူလူထုတွေကိုမပေး နိုင်တဲ့ဝန်ဆောင်မှုကို လူ့အခွင့် အရေးအနေနဲ့တောင်းရင်တော့ ဆရာတို့က မကြိုက်ဘူး’’ ဟု အ စိုးရဆေးရုံတစ်ခုတွင် လက်ရှိတာ ၀န်ထမ်းဆောင်နေသောပါမောက္ခ ဆရာဝန်ကြီးတစ်ဦးက ယင်းဖြစ် စဉ်အပေါ်မှတ်ချက်ပြုသည်။

7 Day