လီဗာပူးခံစစ်မှူးဟောင်း စတီဖန် ၀ါးနော့ခ်က ၄င်းကလပ်အသင်းဟောင်းရဲ့ ဥရောပ ချန်ပီယံလိဂ် အတွေ့အကြုံတွေက စပါးနဲ့ပွဲမှာ အကျိုးရှိစေ လိမ့်မယ်လို့ ယုံကြည်နေပါတယ်။

လီဗာပူးအသင်းဟာ ချန်ပီယံလိဂ် ပွဲ ရှိတာကြောင့် ဒီနှစ် ကစားသမားဆုပေးပွဲကို မကျင်းပဖြစ်တော့ဘဲ ပယ်ဖျက်ထားပါတယ်။ ဒါပေမယ့် ပရိသတ်တွေ မဲပေးမှုများကိုတော့ လက်ခံထားပြီး တစ်နှစ်တာ အကောင်းဆုံး ဆုရရှိသူများကို ကြေငြာလိုက်ရာ ပထမအသင်းကြီး အကောင်းဆုံး ကစားသမား ဆုနဲ့ ကစားသမားတွေက ပေးအပ်တဲ့ ကစားသမားဆု နှစ်ခုလုံးကို ဗန်ဒိုက်ကပဲ ရရှိသွားပါတယ်။

ဒီနွေမှာ မင်ညိုလတ် ထွက်ခွာ ဖြစ်ရင် လီဗာပူးအသင်းဟာ ဟားလ်စီးတီးအသင်းမှ ဂိုးသမား ဒေးဗစ် မာရှယ်ကို အယ်လစ်ဆန်ရဲ့ အရန် အဖြစ် ခေါ်ယူရန် ကြံရွယ်နေပါတယ်။

စပါးအသင်းမှ ပြင်သစ်သား မိုဆာ ဆစ်ဆိုကိုက ကလပ်အသင်းထံ စရောက်တည်းက စလို့ လီဗာပူးနဲ့ ဆုံနေတဲ့ ချန်ပီယံလိဂ် ဖိုင်နယ်ထိ ခရီးရှည်ကြီး ကို လာခဲ့ရပြီး ဒီအချိန်မှာ အလွန်ပျော်ရွှင်နေကြောင်း ထုတ်ဖော် ပြောကြားလိုက်ပါတယ်။

ရီးရဲလ်မက်ဒရစ် နည်းပြ ဇီဒန်းက အသင်းက ထွက်ခွာလိုနေတဲ့ ခံစစ်မှူး ရာမို့စ်ကို ရီးရဲလ်မှာ ဆက်နေစေလိုကြောင်း ပြောဆိုထားပါတယ်။ တကယ်လို့ ရာမို့စ်သာ ထွက်ခွာဖြစ်ရင် ၄င်းနေရာ အစားထိုးဖို့ လီဗာပူး ခံစစ်မှူး ဗန်ဒိုက်ကို ခေါ်ယူဖွယ် ရှိကြောင်း စပိန်သတင်းများမှာ ဖော်ပြထားပါတယ်။

လီဗာပူးကွင်းလယ်ကစားသမားကြီး ဂျိမ်းစ် မေနာကို ပီအက်စ်ဂျီအသင်းက ဒီနွေမှာ ခေါ်ဖို့ အံ့အားသင့်ဖွယ် ပစ်မှတ်ထားလာပါတယ်။ အသက် ၃၃ နှစ်အရွယ် အင်္ဂလန်လက်ရွေးစင်ဟောင်းရဲ့ စာချုပ်က ကုန်ဆုံးတော့မှာ ဖြစ်ပြီး လီဗာပူးအသင်းနဲ့ သက်တမ်းတိုးမှု မပြုလုပ်ရသေးပါဘူး။

စပါးတိုက်စစ်မှူး ကိန်းက ချန်ပီယံလိဂ် ဗိုလ်လုပွဲမှ သူ ပါဝင် ကစားဖို့ အသင့်ရှိနေပြီ ဖြစ်ကြောင်း စိတ်အားထက်သန်စွာ ပြောဆိုလိုက်ပါတယ်။ ဗိုလ်လုပွဲက တကယ်လို့ ဒီနေ့ ကစားရမယ်ဆိုရင်တောင် သူ့အနေနဲ့ ကြံ့ခိုင်မှု အပြည့် ပါဝင်မယ်လို့ ကိန်းက ဆိုပါတယ်။

ချန်ပီယံလိဂ်ထက် ပရီးမီးယားလိဂ်က ပိုအရေးကြီးတယ်လို့ ဂွာဒီယိုလာ ဖြေခဲ့တာနဲ့ ပက်သက်ပြီး ဘယ်လိုမြင်သလဲလို့ သတင်းသမားတွေက ကလော့ပ်ကို တိုက်ရိုက်မေးခွန်းထုတ်ရာမှာ ကလော့ပ်က ” ပပ်က ချန်ပီယံလိဂ်ထက် ပရီးမီးယားလိဂ်က ပိုအရေးပါတယ်လို့ ပြောကောင်းပြောမှာပါ ဘာလို့လည်းဆိုတော့ သူက ချန်ပီယံလိဂ် ဗိုလ်လုပွဲကို မရောက်တာ အတော်ကြာနေပါပြီ ” လို့ တုန့်ပြန်ခဲ့ပါတယ်။