လီဗာပူးဂန္တဝင်ကြီး ကာရေဂါက အသင်းပရိသတ်တွေကို နှစ်တွေအကြာကြီးမှ မြင်ရခဲတဲ့ ဖြစ်ရပ်ကို ကြည့်နေခဲ့ရတာကို သတိပြုမိကြပါလို့ တိုက်တွန်းလိုက်ပါတယ်။

လီဗာပူးလို အသင်းက ယူနိုက်တက်လို အသင်းကို သူတို့ အိမ်ကွင်းမှာ အနိုင်ရဖို့ဆိုတာက အရမ်းကြီး ခဲယဉ်းနေတဲ့ ကိစ္စတော့ မဟုတ်ပါဘူး။ ဒါပေမယ့်လို့ အခုလို ဂိုးပြတ်၊ စိတ်ဓါတ်အပြတ်ဖြင့် ပြတ်ပြတ်သားသား အနိုင်ယူမှုမျိုးကို မြင်ရဖို့ဆိုတာကတော့ ဆယ်စုနှစ်မှာ တစ်ကြိမ်တောင် ဖြစ်ဖို့ မလွယ်တဲ့ ကိစ္စပဲ ဖြစ်ပါတယ်။

ကာရေဂါက ” ကမ္ဘာကြီးတစ်ခုလုံးက အသင်းလိုက်ကစားမှုနဲ့ တစ်ဦးချင်း ကစားမှုမှာ ဘာတွေကွာခြားပါသလဲ ဆိုတာကို ကြည့်နေ မြင်နေရတာပဲ ဖြစ်ပါတယ်။

လီဗာပူးက အသင်းတစ်သင်းပါ။ ယူနိုက်တက်ကို ရင်ဆိုင်ကစားမယ့် ပွဲနေ့လူစာရင်းကို မြင်တော့ လူအတော်များများက တွေးမိကြတာ ရှိပါတယ်။ လေ့ကျင့်ရေးကွင်းမှာ ဘာတွေများ ဖြစ်ကုန်သလဲ? စုဖွဲ့မှုကောင်းကောင်းနဲ့ ပွဲထွက်လာတာမျိုး မဟုတ်ပါလားပေါ့။

လီဗာပူးပရိသတ်တို့။ မင်တို့တွေ အကောင်းဆုံး အချိန်ကို ကြည့်နေရတာဖြစ်ပါတယ်။ ကမ္ဘာအဆင့် ကစားသမားတွေ၊ ကြယ်ပွင့်တွေ၊ ထူးရှယ် မန်နေဂျာတစ်ယောက်ရယ်ပေါ့။ ဒါပေမယ့် ယူနိုက်တက်ကလည်း တော်တော်လေး စုတ်ပြတ်သတ်နေတာပါ ” လို့ မှတ်ချက်ပေးခဲ့တာ ဖြစ်ပါတယ်။

လီဗာပူးဟာ အဝေးကွင်းမှာ ယူနိုက်တက်ကို ၅-၀ ဖြင့် အနိုင်ယူခဲ့တဲ့ နောက်ဆုံး အကြိမ်ဟာ ၁၉၂၅ ခုနှစ်ကဖြစ်ပြီး ရာစုနှစ် တစ်ခုလောက်ကို ရှိနေခဲ့ပြီပဲ ဖြစ်ပါတယ်။ ဒါကြောင့်ပဲ တစ်သက်မှာ တစ်ကြိမ်လောက် မြင်ရနိုင်တဲ့ မဟာအခွင့်အရေးလို ကာရေဂါက မြင်ပါတယ်။

သူကပဲ ဆက်ပြီး ” ကျနော် ကိုယ်မြင်နေရတာကိုတောင် မယုံနိုင်ပါဘူး။ ကျနော် လူတတ်ကြီး တစ်ယောက် လုပ်ဖို့ ကြိုးစားနေတာ မဟုတ်ဘူး ဒါပေမယ့်လို့ လီဗာပူးက ပိုင်ဆိုင်မှုမှာ သိပ်ကို ကောင်းပါတယ်။ ယူနိုက်တက်ရဲ့ ခံစစ်လေးယောက်ကို ပျော်သလို ကစားသွားခဲ့တာ ဖြစ်ပါတယ်။

ယူနိုက်တက်က စုတ်ပြတ်နေတာပါ။ ဒါကြောင့်ပဲ လီဗာပူးပရိသတ်တွေကို ဒီအခိုက်အတန့်အတွက် ပျော်ရွှင်ဖို့ ပြောနေရတာပါ။ ဒီထက် ပိုမကောင်းနိုင်တော့ပါဘူး။ ဒီလို အခွင့်အရေးကလည်း ထပ်မရနိုင်ပါဘူး ” လို့ ပြောပြသွားခဲ့ပါတယ်။

ZAWGYI

လီဗာပူးဂႏၱဝင္ၾကီး ကာေရဂါက အသင္းပရိသတ္ေတြကို ႏွစ္ေတြအၾကာၾကီးမွ ျမင္ရခဲတဲ့ ျဖစ္ရပ္ကို ၾကည့္ေနခဲ့ရတာကို သတိျပဳမိၾကပါလို႔ တိုက္တြန္းလိုက္ပါတယ္။

လီဗာပူးလို အသင္းက ယူႏုိက္တက္လို အသင္းကို သူတို႔ အိမ္ကြင္းမွာ အႏုိင္ရဖို႔ဆိုတာက အရမ္းၾကီး ခဲယဥ္းေနတဲ့ ကိစၥေတာ့ မဟုတ္ပါဘူး။ ဒါေပမယ့္လို႔ အခုလို ဂိုးျပတ္၊ စိတ္ဓါတ္အျပတ္ျဖင့္ ျပတ္ျပတ္သားသား အႏုိင္ယူမႈမ်ိဳးကို ျမင္ရဖို႔ဆိုတာကေတာ့ ဆယ္စုႏွစ္မွာ တစ္ၾကိမ္ေတာင္ ျဖစ္ဖို႔ မလြယ္တဲ့ ကိစၥပဲ ျဖစ္ပါတယ္။

ကာေရဂါက ” ကမၻာၾကီးတစ္ခုလံုးက အသင္းလိုက္ကစားမႈနဲ႔ တစ္ဦးခ်င္း ကစားမႈမွာ ဘာေတြကြာျခားပါသလဲ ဆိုတာကို ၾကည့္ေန ျမင္ေနရတာပဲ ျဖစ္ပါတယ္။

လီဗာပူးက အသင္းတစ္သင္းပါ။ ယူႏုိက္တက္ကို ရင္ဆိုင္ကစားမယ့္ ပြဲေန႔လူစာရင္းကို ျမင္ေတာ့ လူအေတာ္မ်ားမ်ားက ေတြးမိၾကတာ ရွိပါတယ္။ ေလ့က်င့္ေရးကြင္းမွာ ဘာေတြမ်ား ျဖစ္ကုန္သလဲ? စုဖြဲ႔မႈေကာင္းေကာင္းနဲ႔ ပြဲထြက္လာတာမ်ိဳး မဟုတ္ပါလားေပါ့။

လီဗာပူးပရိသတ္တို႔။ မင္တို႔ေတြ အေကာင္းဆံုး အခ်ိန္ကို ၾကည့္ေနရတာျဖစ္ပါတယ္။ ကမၻာအဆင့္ ကစားသမားေတြ၊ ၾကယ္ပြင့္ေတြ၊ ထူးရွယ္ မန္ေနဂ်ာတစ္ေယာက္ရယ္ေပါ့။ ဒါေပမယ့္ ယူႏုိက္တက္ကလည္း ေတာ္ေတာ္ေလး စုတ္ျပတ္သတ္ေနတာပါ ” လို႔ မွတ္ခ်က္ေပးခဲ့တာ ျဖစ္ပါတယ္။

လီဗာပူးဟာ အေဝးကြင္းမွာ ယူႏုိက္တက္ကို ၅-၀ ျဖင့္ အႏုိင္ယူခဲ့တဲ့ ေနာက္ဆံုး အၾကိမ္ဟာ ၁၉၂၅ ခုႏွစ္ကျဖစ္ျပီး ရာစုႏွစ္ တစ္ခုေလာက္ကို ရွိေနခဲ့ျပီပဲ ျဖစ္ပါတယ္။ ဒါေၾကာင့္ပဲ တစ္သက္မွာ တစ္ၾကိမ္ေလာက္ ျမင္ရႏုိင္တ့ဲ မဟာအခြင့္အေရးလို ကာေရဂါက ျမင္ပါတယ္။

သူကပဲ ဆက္ျပီး ” က်ေနာ္ ကိုယ္ျမင္ေနရတာကိုေတာင္ မယံုႏုိင္ပါဘူး။ က်ေနာ္ လူတတ္ၾကီး တစ္ေယာက္ လုပ္ဖို႔ ၾကိဳးစားေနတာ မဟုတ္ဘူး ဒါေပမယ့္လို႔ လီဗာပူးက ပိုင္ဆိုင္မႈမွာ သိပ္ကို ေကာင္းပါတယ္။ ယူႏုိက္တက္ရဲ႕ ခံစစ္ေလးေယာက္ကို ေပ်ာ္သလို ကစားသြားခဲ့တာ ျဖစ္ပါတယ္။

ယူႏုိက္တက္က စုတ္ျပတ္ေနတာပါ။ ဒါေၾကာင့္ပဲ လီဗာပူးပရိသတ္ေတြကို ဒီအခိုက္အတန္႔အတြက္ ေပ်ာ္ရႊင္ဖို႔ ေျပာေနရတာပါ။ ဒီထက္ ပိုမေကာင္းႏုိင္ေတာ့ပါဘူး။ ဒီလို အခြင့္အေရးကလည္း ထပ္မရႏုိင္ပါဘူး ” လို႔ ေျပာျပသြားခဲ့ပါတယ္။