ဒိုင်ဘားလားကို မန်စီးတီး၊ မန်ယူနိုက်တက်၊ ရီးရဲလ်တို့ အပြိုင် စိတ်ဝင်စားနေပေမယ့် ပေါင် ၈၅ သန်းတန် တိုက်စစ်သမားဟာ ဂျူဗင်တပ် ကနေ ဘယ်မှ သွားမှာ မဟုတ်ကြောင်း ဂျူဗင်တပ်ဘက်က ပြောဆိုထားပါတယ်။

မန်ချက်စတာယူနိုက်တက်ဟာ စာချုပ်သက်တမ်း တစ်နှစ်သာ ကျန်တဲ့ အသက် ၂၂ နှစ်အရွယ် လူငယ် ဂိုးသမား ဒင်းဟန်ဒါဆန်ကို သက်တမ်းတိုး စာချုပ် ကမ်းလှမ်းမှာ ဖြစ်ပြီး သက်တမ်းတိုးပြီးမှ ရှက်ဖီးယူနိုက်တက်ထံ အငှားဆက်ကစားဖို့ ပြန်လည် စေလွှတ်မယ်လို့ သိရပါတယ်။

ယူနိုက်တက်မှာ ရုန်းကန်နေရတဲ့ တိုက်စစ်သမား ဆန်းချက်ကို အာဆင်နယ်က ပြန်ခေါ်ဖို့ အာဆင်နယ်ခံစစ်မှူးဟောင်း လော်ရန်က တိုက်တွန်းလိုက်ပြီး အမ်မရီ အနေနဲ့ ဆန်းချက်ကို ခြေစွမ်းကောင်းများ ပြန်ရလာအောင် လမ်းညွှန်နိုင်မယ်လို့ ၄င်းက ယုံကြည်နေပါတယ်။

ယူနိုက်တက်ဟာ ကူလီဘိုင်လေကို လက်လျှော့လိုက်ပြီးနောက် ဘင်ဖီကာ ခံစစ်မှူး ရူဘန်ဒိုင်ယာ့ဇ်ကို ဦးစားပေး ဗဟိုခံစစ်မှူးအဖြစ် ခေါ်ယူဖို့ ပစ်မှတ်ထ်ားလာပါတယ်။ ဒါပေမယ့် ၄င်းကို ခေါ်ဖို့ စီးရီးအေ ချန်ပီယံ ဂျူဗင်တပ်နဲ့ အပြိုင် ကြိုးစားရမှာပါ။

ဘိုင်ယန်မြူးနစ် ဥက္ကဌ ဟိုးနက်စ်က ခံစစ်မှူး ဘိုတန်ကို ဒီနွေမှာ အသင်းကနေ ထွက်ခွာနိုင်ကြောင်း ပြောကြားထားပြီး ဖြစ်ပါတယ်။ ဘိုတန်ကို ပရီးမီးယားလိဂ်မှာ အာဆင်နယ်နဲ့ ယူနိုက်တက်တို့ စောင့်ကြည့် စိတ်ဝင်စားမှု ရှိနေပါတယ်။

ယူနိုက်တက်ဟာ ရီးရဲလ်ဘက်တစ်မှ ကွင်းလယ်ကစားသမား လိုဆယ်ဆိုကို ခေါ်ယူဖို့ စိတ်ဝင်စားတဲ့ ကလပ်အသင်းတွေ ထဲ ပါဝင်လာပါတယ်။ ၄င်းကို စပါးနဲ့ ရီးရဲလ်တို့က ခေါ်ယူလိုနေပြီး ရီးရဲလ်ဘက်တစ် အနေနဲ့ လိုဆယ်လို ကို ရောင်းချရင် ပြောင်းရွှေ့ကြေးရဲ့ ၂၀%ကို ၄င်း အသင်းဟောင်း ပီအက်စ်ဂျီကို ပေးရမှာ ဖြစ်လို့ ယူရို သန်း ၁၀၀ လောက် ရမှသာ ရောင်းထုတ်ဖွယ် ရှိပါတယ်။

မန်ချက်စတာယူနိုက်တက် နည်းပြ အိုလီဆိုးလ်ရှားသည် ဒီလက်ခ်ျကို ခေါ်ယူခွင့်ဆုံးရှုံးခဲ့ရသည့်အတွက် လက်စတာစီးတီးနောက်ခံလူ ဟယ်ရီမက်ဂွဲယားကို တဖန်စိတ်ဝင်စားမှုများပြန်လည်မြင့်တက်လာပြီဖြစ်ကြောင်း သတင်းများကဖော်ပြထားသည်။

ယူနိုက်တက်ဟာ စပါးအသင်းနဲ့ အပြိုင် လက်စတာမှာ အငှားလာကစားနေတဲ့ ကွင်းလယ်ကစားသမား တိုင်လီမန်းကို ခေါ်ယူဖို့ ပြောဆို ဆွေးနွေးမှုများ စတင် ထားပါတယ်။