လီဗာပူးအသင်းဟာ ကာရာဘောင်းပြိုင်ပွဲမှာ ကွာတားဖိုင်နယ်အဆင့်ကို တက်ရောက်ခဲ့ပေမယ့် လာမယ့် ပြိုင်ပွဲအဆင့်တွေမှာလည်း လိဂ်ဖလားကို ဦးစားပေးသွားမှာ မဟုတ်ဘူးလို့ သိရပါတယ်။

ကွာတားဖိုင်နယ် အဆင့် ပွဲစဉ်များအတွက် မဲခွဲမှုကို လာမယ့် စနေနေ့အဖြစ် အောက်တိုဘာလ ၃၀ ရက်နေ့မှာ မဲခွဲကြမှာဖြစ်တယ်။ အဆိုပါ ပြိုင်ပွဲမှာတော့ ပရီးမီးယားလိဂ်ကလပ်တွေအဖြစ် လီဗာပူး၊ ချယ်ဆီး၊ အာဆင်နယ်၊ စပါး၊ ဘရန့်ဖိုဒ့်၊ ဝက်ဟမ်း၊ လက်စတာ၊ ဆန်းဒါးလန်းတို့ပဲ ကျန်ရှိတော့တာဖြစ်ပါတယ်။

ကာရာဘောင်းဖလားဟာ အင်္ဂလန်ရဲ့ ဖလားပြိုင်ပွဲတွေထဲမှာ ဒုတိယမြောက် ရေပန်းစား ဖလားတစ်လုံးဖြစ်ပြီး EFL ကလပ်တွေအတွက် မျှော်လင့်ချက်လည်း ဖြစ်ခဲ့ပါတယ်။ ဒါပေမယ့်လို့ အောက်တန်းလိဂ်တွေထဲမှာ ဆန်းဒါးလန်း တစ်သင်းပဲ အသင်းငယ် ပါဝင်ပြီး ကျန်အသင်းအားလုံးက ပရီးမီးယားလိဂ် ကလပ်တွေဖြစ်ပါတယ်။

The Athletic မှ လီဗာပူးသတင်းထောက် Simon Hughes ကတော့ ကလော့ပ်ဟာ ပရီးမီးယားလိဂ်နဲ့ ချန်ပီယံလိဂ်ကိုပဲ ဦးစားပေးအဖြစ် ရွေးချယ်ထားတယ်လို့ ဆိုပါတယ်။ အထူးသဖြင့် ကလပ်ကို ဘဏ္ဍာရေးအရ ထောက်ပံ့မှုတွေ ပေးနိုင်မယ့် အဆိုပါ ပြိုင်ပွဲကြီး နှစ်ရပ်ကိုပဲ စီနီယာလူစာရင်းကို အသုံးချမှု ပြုလုပ်ဖို့ အားသန်ပါတယ်။

ဒီရာသီမှာ ကာရာဘောင်းအဆင့် ပြိုင်ပွဲတွေကို အနိုင်ရတဲ့ အသင်းတွေက ပေါင် ၁ သိန်း ဆုကြေးရနေပေမယ့်လို့ ချန်ပီယံလိဂ်မှာ အုပ်စုအဆင့် ပွဲစဉ်တွေကို အောင်မြင်ခဲ့မယ်ဆိုရင် ပေါင် ၂.၅ သန်း ရမှာဖြစ်ပါတယ်။ ဒါကြောင့် လီဗာပူးက ကာရာဘောင်းကို ဗိုလ်လုပွဲမှာ အောင်မြင်ခဲ့မယ်ဆိုရင်တောင် ချန်ပီယံလိဂ် အုပ်စုအဆင့် နိုင်ပွဲတစ်ပွဲလောက်ပဲ ဆုကြေးရဖို့ ရှိနေတာပါ။

ပရက်စတန်ကို နိုင်ခဲ့တာကြောင့် လီဗာပူးက ခရစ္စမတ်ကာလမှာ ကာရာဘောင်း ကွာတားအဆင့်ပွဲ တစ်ပွဲကို ကစားရဖွယ် ရှိနေခဲ့တယ်။ ဒီဇင်ဘာမှာ လီဗာပူးက ပွဲစဉ် ၉ ပွဲ ကစားရဖို့ ရှိနေပြီး ကာရာဘောင်းပွဲကတော့ စပါး၊ လိဒ်နဲ့ လက်စတာ ပွဲစဉ်တွေကြားထဲမှာ ပါဝင်လာမှာ ဖြစ်ပါတယ်။

ကွာတားဖိုင်နယ်အဆင့်မှာ ထိပ်သီးအသင်းတွေချင်း ယှဉ်ပြိုင်ရဖို့ ဖြစ်လာခဲ့ရင်တောင်မှ ကလော့ပ်ကတော့ ကစားသမားတွေရဲ့ ကြံ့ခိုင်မှုအရ အရန်ကစားသမားတွေနဲ့ လူငယ်တွေကို ခြေသွေးဖို့ပဲ အသုံးပြုမှာဖြစ်ပြီး အဓိက လူစာရင်းကိုတော့ ထည့်သွင်းဖို့ စဉ်းစားလာဦးမှာ မဟုတ်ဘူးလို့ ယုံကြည်ရတာ ဖြစ်ပါတယ်။

ZAWGYI

လီဗာပူးအသင္းဟာ ကာရာေဘာင္းျပိဳင္ပြဲမွာ ကြာတားဖိုင္နယ္အဆင့္ကို တက္ေရာက္ခ့ဲေပမယ့္ လာမယ့္ ျပိဳင္ပြဲအဆင့္ေတြမွာလည္း လိဂ္ဖလားကို ဦးစားေပးသြားမွာ မဟုတ္ဘူးလို႔ သိရပါတယ္။

ကြာတားဖိုင္နယ္ အဆင့္ ပြဲစဥ္မ်ားအတြက္ မဲခြဲမႈကို လာမယ့္ စေနေန႔အျဖစ္ ေအာက္တိုဘာလ ၃၀ ရက္ေန႔မွာ မဲခြဲၾကမွာျဖစ္တယ္။ အဆိုပါ ျပိဳင္ပြဲမွာေတာ့ ပရီးမီးယားလိဂ္ကလပ္ေတြအျဖစ္ လီဗာပူး၊ ခ်ယ္ဆီး၊ အာဆင္နယ္၊ စပါး၊ ဘရန္႔ဖိုဒ့္၊ ဝက္ဟမ္း၊ လက္စတာ၊ ဆန္းဒါးလန္းတို႔ပဲ က်န္ရွိေတာ့တာျဖစ္ပါတယ္။

ကာရာေဘာင္းဖလားဟာ အဂၤလန္ရဲ႕ ဖလားျပိဳင္ပြဲေတြထဲမွာ ဒုတိယေျမာက္ ေရပန္းစား ဖလားတစ္လံုးျဖစ္ျပီး EFL ကလပ္ေတြအတြက္ ေမွ်ာ္လင့္ခ်က္လည္း ျဖစ္ခဲ့ပါတယ္။ ဒါေပမယ့္လို႔ ေအာက္တန္းလိဂ္ေတြထဲမွာ ဆန္းဒါးလန္း တစ္သင္းပဲ အသင္းငယ္ ပါဝင္ျပီး က်န္အသင္းအားလံုးက ပရီးမီးယားလိဂ္ ကလပ္ေတြျဖစ္ပါတယ္။

The Athletic မွ လီဗာပူးသတင္းေထာက္ Simon Hughes ကေတာ့ ကေလာ့ပ္ဟာ ပရီးမီးယားလိဂ္နဲ႔ ခ်န္ပီယံလိဂ္ကိုပဲ ဦးစားေပးအျဖစ္ ေရြးခ်ယ္ထားတယ္လို႔ ဆိုပါတယ္။ အထူးသျဖင့္ ကလပ္ကို ဘ႑ာေရးအရ ေထာက္ပံ့မႈေတြ ေပးႏုိင္မယ့္ အဆိုပါ ျပိဳင္ပြဲၾကီး ႏွစ္ရပ္ကိုပဲ စီနီယာလူစာရင္းကို အသံုးခ်မႈ ျပဳလုပ္ဖို႔ အားသန္ပါတယ္။

ဒီရာသီမွာ ကာရာေဘာင္းအဆင့္ ျပိဳင္ပြဲေတြကို အႏုိင္ရတဲ့ အသင္းေတြက ေပါင္ ၁ သိန္း ဆုေၾကးရေနေပမယ့္လို႔ ခ်န္ပီယံလိဂ္မွာ အုပ္စုအဆင့္ ပြဲစဥ္ေတြကို ေအာင္ျမင္ခဲ့မယ္ဆိုရင္ ေပါင္ ၂.၅ သန္း ရမွာျဖစ္ပါတယ္။ ဒါေၾကာင့္ လီဗာပူးက ကာရာေဘာင္းကို ဗိုလ္လုပြဲမွာ ေအာင္ျမင္ခဲ့မယ္ဆိုရင္ေတာင္ ခ်န္ပီယံလိဂ္ အုပ္စုအဆင့္ ႏုိင္ပြဲတစ္ပြဲေလာက္ပဲ ဆုေၾကးရဖို႔ ရွိေနတာပါ။

ပရက္စတန္ကို ႏုိင္ခဲ့တာေၾကာင့္ လီဗာပူးက ခရစၥမတ္ကာလမွာ ကာရာေဘာင္း ကြာတားအဆင့္ပြဲ တစ္ပြဲကို ကစားရဖြယ္ ရွိေနခဲ့တယ္။ ဒီဇင္ဘာမွာ လီဗာပူးက ပြဲစဥ္ ၉ ပြဲ ကစားရဖို႔ ရွိေနျပီး ကာရာေဘာင္းပြဲကေတာ့ စပါး၊ လိဒ္နဲ႔ လက္စတာ ပြဲစဥ္ေတြၾကားထဲမွာ ပါဝင္လာမွာ ျဖစ္ပါတယ္။

ကြာတားဖိုင္နယ္အဆင့္မွာ ထိပ္သီးအသင္းေတြခ်င္း ယွဥ္ျပိဳင္ရဖို႔ ျဖစ္လာခဲ့ရင္ေတာင္မွ ကေလာ့ပ္ကေတာ့ ကစားသမားေတြရဲ႕ ၾကံ႕ခိုင္မႈအရ အရန္ကစားသမားေတြနဲ႔ လူငယ္ေတြကို ေျခေသြးဖို႔ပဲ အသံုးျပဳမွာျဖစ္ျပီး အဓိက လူစာရင္းကိုေတာ့ ထည့္သြင္းဖို႔ စဥ္းစားလာဦးမွာ မဟုတ္ဘူးလို႔ ယံုၾကည္ရတာ ျဖစ္ပါတယ္။