ပွဲတိုင်းကျော်တဲ့ မတ်မတ် ဆိုပြီး လူပြောများနေတဲ့ ဒေါက်တာမမြဝတ်ရည် က မနေ့က Live Video တစ်ခုထပ်တင်ခဲ့တယ်။ အဲ့ဒါကတော့ ရွှေပြည်သာမီးသတ်ရှေ့မှာ ဖြစ်တဲ့ကိစ္စနဲ့ပတ်သက်ပြီး မီးသတ်ဦးစီး နဲ့ သူမတို့က တရားရုံးမှာ အပြန်အလှန်တရားစွဲထားကြပါတယ်။

အဲ့ဒီကိစ္စနဲ့ပတ်သက်လို့ တရားစွဲထားတဲ့အမှုမှာ သူမရှုံးနိမ့်ခဲ့ရင် Live လွှင့်ပြီး ကိုယ့်ကိုယ်ကို သတ်သေပြမယ်လို့ ကြိမ်းဝါးလိုက်တာပါ။ အဲ့ဒီလိုသတ်သေတဲ့အခါကျရင်လည်း သမ္မတဆီကို လိပ်မူပြီးမှ Live လွှင့်ပြီးသတ်သေပြမယ်လို့ပြောခဲ့တာပါ။ ဒီနိုင်ငံမှာနေရတာရှက်လို့၊ ကိုယ့်ရဲ့နစ်နာမှုကိုတောင် ကာကွယ်မှုမပေးနိုင်တာမို့လို့ သမ္မတကြီးဆီကို လိပ်မူပြီး သတ်သေပြမယ် လို့ Live Video ထဲမှာ အတိအလင်းပြောကြားခဲ့တာပါ။

အခုဆိုရင် အဖြေက ပေါ်ဖို့သိပ်မကြာတော့ပါဘူး။ မီးသတ်ဦးစီးကရော၊ သူမဘက်ကပါ နှစ်ဖက်စလုံးဦးတိုက်ပြီး တရားစွဲထားကြတာဖြစ်ပြီး တရားရေးရာဘက်က မှန်ကန်တဲ့ဖြေရှင်းချက်ကို ပြည်သူတွေစောင့်မျှော်နေကြပါတယ်။

သူမပြောခဲ့တဲ့ FB တရားခွင် ဆိုတာက အနိုင်ရမလား .. အပြင်က တရားရုံးကပဲ အဆုံးအဖြတ်ပေးမလားဆိုတာ တွေ့ရမှာပေါ့။