ဒီနှစ် ချန်ပီယံလိဂ်မှာ ကျရှုံးမှုနဲ့ ကိုပါဒယ်ရေးဖိုင်နယ်မှာ ရှုံးနိမ့်မှုတွေကြောင့် ဘာစီလိုနာက ဗယ်ဗာဒီကို ထုတ်ပယ်တော့မှာ ဖြစ်ပါတယ်။ ဗယ်ဗာဒီဟာ ဘာစီလိုနာအသင်းကို ၂၀၁၇ က ရောက်ရှိခဲ့တာဖြစ်ပြီး လာလီဂါဖလား ၂ လုံး ကိုပါဒယ်ရေးဖလားတစ်လုံးနဲ့ စူပါဖလားတစ်လုံး ရရှိခဲ့ပါတယ်။

ဒါပေမဲ့ သူ့လက်ထက်မှာ ဘာကာအသင်းရဲ့ကစားပုံက စိတ်ပျက်စရာ ဖြစ်လာခဲ့တာပါ။ ဒါကြောင့်မို့ အသင်းပရိသတ်တွေကလည်း သူ့ကို ကြိုက်နှစ်သက်ခြင်းမရှိဘဲ ဝေဖန်နေခဲ့တာပါ။

ဒါ့အပြင် ချန်ပီယံလိဂ်မှာ ၂ နှစ်ဆက် အဝေးကွင်း ဂိုးပြတ်ရှုံးပွဲတွေကလည်း သူ့အနာဂတ်ကို ဆုံးဖြတ်ပေးသွားခဲ့တာပါ။ ဒီနှစ်မှာ လီဗာပူးကို ပထမအကျော့ ဂိုးပြတ်အနိုင်ရပြီး အဝေးကွင်းမှာ ၄ ဂိုးပြတ်နဲ့ ရှုံးပြီး ပြိုင်ပွဲကနေ ထွက်ခွါခဲ့ရမှုက သူ့အပေါ် အဆုံးအဖြတ်တစ်ခု ဖြစ်စေခဲ့ပါတယ်။

တကယ်တော့ သူ့အပေါ်မှာ စီနီယာကစားသမားတွေဖြစ်တဲ့ မက်ဆီအပါအဝင် အခြားကစားသမားတွေကတောင် ထောက်ခံမှုရှိနေဆဲပါ။ ဒါပေမဲ့ ပရိသတ်တွေရဲ့ဖိအားတွေနဲ့ နောက်ဆုံး ရလဒ်ဆိုးရွားမှုတွေကြောင့် အသင်းကလည်း သူ့ကို ထုတ်ပယ်ဖို့ ဆုံးဖြတ်လိုက်တာပဲ ဖြစ်ပါတယ်။

ဗယ်ဗာဒီထွက်ခွာရင် ဘာစီလိုနာ နည်းပြနေရာအတွက်တော့ အာဆင်နယ်နည်းပြဟောင်း အာဆင်ဝင်းဂါး နဲ့ မာတီနက်စ်တို့က ရေပန်းစား နေပါတယ်။ ဒါပေမဲ့ ပရိသတ်တွေကတော့ အာဆင်နယ်မှာ ကိုယ်ပိုင်ကစားဟန် တည်ဆောက်နိုင်ခဲ့တဲ့ အာဆင်ဝင်းဂါးကိုပဲ ခန့်အပ်ဖို့ အလိုရှိနေတယ်လို့ သိရပါတယ်။